ဝန်ထမ်းရွေးချယ်ခန့်ထားသူများ၏ ကျဆုံးခန်း

ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း လုပ်ငန်းစဉ်၏ နည်းပညာပိုင်းဆိုင်ရာ ဈေးကွက် ဇာတ်ကြောင်း

ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းက ဘယ်လိုစခဲ့သလဲ????

ဘီစီခေတ် ဥရောပအင်ပါယာ လက်ထက်မှာ စစ်သားတွေဟာ ကိုယ့်ရဲ့ သူငယ်ချင်းကို ခေါ်လာနိုင်ရင် ဘောနပ် အပိုကြေး ရကြတယ်.. အခုခေတ်မှာတော့ referral လို့ခေါ်တဲ့ ပြန်ညွှန်းတဲ့စနစ်ကို ဆိုလိုတာပေါ့.. နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ဝန်ထမ်းရွေးချယ်ခန့်ထားမှု ကြော်ငြာခြင်းဟာ ဒေသဆိုင်ရာ ကွန်ယက်ချိတ်ဆက်ခြင်း အဖြစ် ပြောင်းလဲလာပါတယ်…. ဝန်ထမ်းရွေးချယ်ခန့်ထားမှု ကြော်ငြာခြင်းဟာ စစ်ပွဲသို့ ပို့ခံရတဲ့ နေရာလွတ်တွေအတွက် ဖြည့်စည်းပေးပါတယ်.. ဒါကတော့ အရင်ခေတ်က ကွန်ယက်ချိတ်ဆက်ခြင်း နဲ့ ကြော်ငြာ ဘယ်လိုသွားတယ်ဆိုတာပါ…

ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းဆိုတာ ရှေးခေတ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်…

အခြား အရင်ခေတ်လုပ်ငန်းတွေလိုပဲ ယခင်က သွားလေ့ရှိတဲ့ ရိုးရာအတိုင်း လုပ်ငန်းအများစုကို လည်ပတ်ကြပါတယ်..ကျွန်တော် လူတွေကို ငှားရမ်းခန့်ထားတာက အရင် အခြားလူတွေ နည်းလမ်းအတိုင်းပဲ ခန့်ထားတာပါ.. အဲ့လူတွေကလဲ သူတို့အရင်လူတွေရဲ့ သုံးတဲ့နည်းနဲ့ပဲ ငှားရမ်းခန့်ထားတာ ဖြစ်ပါတယ်.. အလုပ်အများစု သတင်းစာ ကြော်ငြာတွေနဲ့ ဆင်တူပါတယ်.. သို့သော်လည်း ကမ္ဘာကြီး ပြောင်းလဲသွားတာနဲ့အမျှ အရင်စိတ်ကူး အကြံဌာဏ်တွေဟာလဲ အသုံးမဝင်တော့ပါဖူး…. နေ့စဉ်နေ့အမျှ ပြောင်းလဲနေပါတယ်…

ကုမ္ပဏီလိုအပ်ချက်တွေ ရဲ့ အပေါ်မူတည်ပြီး ပြန်လည်ညွှန်းဆိုသည့် စနစ်ကို အသုံးပြုရန် မတူကွဲပြားသော ကွန်ယက် လိုအပ်ပါတယ်.. ကြော်ငြာရဲ့ အခြားတစ်ဖက်မှာ လူတွေ ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ကုမ္ပဏီ ပေါ်မှာလဲ မူတည်ပါတယ်… အလုပ်အကိုင် မရှိတဲ့ လူဦးရေနှုန်းဟာ လူတွေကို အလုပ်လျှောက်စေမှာတော့ မလွှဲမတွေပါပဲ… ယခင်နည်းအတိုင်း ငှားရမ်းနေတဲ့ ပုံစံနဲ့ တကယ်လက်တွေ့မှာ ချိတ်ဆက်မှု မရှိတာကြောင့် လုပ်ငန်း (၅၀%) လောက်ရဲ့ လူခန့်ထားခြင်း လုပ်ငန်းစဉ်တွေမှာ အမှားတွေနဲ့ ကြုံတွေ့နေရပါတယ်


တိုင်ပင်ဆွေးနွေး ဝန်ဆောင်မှုပေးတဲ့ အကြီး အသေး လုပ်ငန်းနှစ်ခုလုံးက ဝန်ထမ်းခန့်ထားခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပြင်ပအရင်းအမြစ်ကို ညွှန်းဆိုလေ့ရှိပါတယ်…. သို့သော်လည်း ၎င်းတို့ လုပ်နိုင်စွမ်းက ၎င်းတို့ နေထိုင်ရာ မြို့အနေအထားက ချည်နှောင်ထားလေ့ရှိပါတယ်… ဝန်ထမ်းငှားရမ်းသူ အများစုက အချို့မြို့တွေကို အထူးပြုထားပါတယ်.. လုပ်ငန်းကြီးလာဖို့ ဆိုရင်တော့ သူတို့တွေဟာ မတူညီတဲ့ မြို့တွေမှာ အခြားဝန်ထမ်းငှားရမ်းသူများကို ငှားရမ်းရန် လိုအပ်ပါတယ်…

အင်တာနက် ပေါ်ထွန်းလာမှု နှင့် အတူ နည်းပညာ ကုမ္ပဏီတွေဟာ ဝန်ထမ်း ငှားရမ်းသူများနှင့် ပတ်သက်၍ စတင် ပြောင်းလဲခဲ့ပါတယ်… ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်..

၁။ အရင်းအမြစ် – ငှားရမ်းခန့်ထားရန် လူရှာဖွေခြင်း

၂။ လျှောက်ထားသူများကို စစ်ဆေးခြင်း – ငှားရမ်းခန့်ထားခြင်း လုပ်ငန်းစဉ်ကို စီမံခန့်ခွဲခြင်း

၃။ အကြံပြုချက် – ဘယ်သူ့ကို ငှားရမ်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း

လူရှာဖွေခြင်း

နည်းပညာနဲ့ လူတွေကို စတင်ရှာဖွေလာပါတယ်.. ၁၉၉၀ အစောပိုင်းလောက်မှာတော့ အလုပ်ကြော်ငြာစာတွေဟာ သတင်းစာရဲ့ အပိုင်းတစ်ခုနှင့် ဝန်ထမ်းငှားရမ်းသူတွေမှာ အစားထိုးပါဝင်လာခဲ့ပါတယ်… ၂၀၀၀ခုနှစ် အစောပိုင်းတွေမှာတော့ လူမှုကွန်ယက် (ဆိုရှယ်မီဒီယာ) တွေရာ ယှဉ်ပြိုင်နိုင်တဲ့ အခြားနည်း တစ်ခု ဖြစ်လာခဲ့ပါတယ်…အဲ့အချိန်က စတင်ပြီး အနည်းငယ်သာလျှင် ပြောင်းလဲခဲ့ပါတယ်….

Domain ပြိုင်ဆိုင်ခြင်းတွေမှာ သင့်လျှော်တဲ့ အခြေအနေ၊ brand တည်ဆောက်ခြင်း နှင့် ကွန်ယက်ဖန်တီး အကျိုးသက်ရောက်ခြင်းတွေဟာ အရေးပါလှပါတယ်… မကြာခဏ ဈေးကွက် အနိုင်ရရှိသူတွေဟာ အထက်က ဖော်ပြထားတဲ့ အရာတွေ အားလုံးကို အနိုင်ရရှိထားပါတယ်…. သို့ပေမဲ့လည်း ထိုကဲ့သို့ အနိုင်ရရှိရန် အင်မတန် ဈေးကြီးလှပါတယ်

လုပ်ငန်းစဉ်ကို စီမံခန့်ခွဲခြင်း

မကြာသေးခင်က Online အလုပ်ကြေငြာခြင်း တော်လှန်မှု ဖြစ်ပွားပြီးနောက်မှာ Customer Relationship Management မှာ ဝန်ထမ်းငှားရမ်းတဲ့ စနစ်တွေကို စတင်ပြီး မြင့်တင်ခဲ့ပါတယ် … ဥပမာ – ဆက်သွယ်မှုတွေကို သိမ်းဆည်းခြင်း၊ ကိုယ်ရေးရာဇဝင်များကို ထိန်းသိမ်းခြင်း နှင့် တွေ့ဆုံမေးမြန်းရန် အချိန် စီစဉ်ခြင်း – အလုပ်လျှောက်ထားသူများကို စစ်ဆေးခြင်းလို့ လုပ်ငန်းကို စတင်ခြင်း ဖြစ်ပါတယ်..

နောက်ပိုင်းတွေမှာတော့ Software တည်ဆောက်ပုံ တိုးတက်လာမှုအရ တော်တော်များများဟာ user-experience နဲ့ စွမ်းဆောင်ရည် စစ်ဆေးမှုတွေကို ပိုမို ဦးတည်လာကြပါတယ်…. ဒီနယ်ပယ်မှာ ယှဉ်ပြိုင်နိုင်တဲ့ ကုမ္ပဏီ တစ်ခုကို တည်ထောင်ချင်တယ် ဆိုရင်တော့ သိပ္ပံပညာရှင်တွေ မဟုတ်ပဲ ဒီဇိုင်နာ နဲ့ software အင်ဂျင်နီယာ တွေ ဟာအရေးပါလာပါတယ်… အဓိက အကြောင်းပြချက်ကတော့ သူတို့တွေဟာ လုပ်ငန်းစဉ်နှင့် အချက်အလက် အကြောင်းအရာကို ကောင်းကောင်းနားလည် သဘောပေါက်လို့ ပဲ ဖြစ်ပါတယ်… ဥပမာ_Applicaton Tracking System ပလက်ဖောင်းတွေမှာ နာမည် အကြီးဆုံး ဖြစ်တဲ့ Lever နှင့် Greenhouse တွေဟာ Data visualization Designer တွေနဲ့ software ဒီဇိုင်း အတိုင်ပင်ခံ တွေကို ရရှိခဲ့လို့ပဲ ဖြစ်ပါတယ်….ပြောကြားချက်များအရ အဲ့ဒီ SAP, IBM, နဲ့ Salesforce တွေမှာ ကုမ္ပဏီ လည်ပတ်မှုထက် ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းကို ပိုမို ဦးတည်တယ်လို့ သိရပါတယ်..

ဝန်ထမ်းငှားရမ်း ခန့်ထားမည့်သူကို ဆုံးဖြတ်ခြင်း

သို့သော်လည်း ရွေးချယ်ခန့်ထားဖို့ ဆုံးဖြတ်ရတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ လူတွေ့မေးမြန်းခြင်း ပဲ ဖြစ်ပါတယ်..ငြင်းခုံမှုများနဲ့ အရှေ့မှာ ပြောခဲ့တဲ့ $60 ဘီလီယံ၊ မည်သူ့ကို ငှားရမ်းမည်ကို ဆုံးဖြတ်တဲ့ ငှားရမ်း ခြင်း နေရာမှာ အသုံးပြုတဲ့ ဈေးကွက်ရဲ့ သုံးပုံ နှစ်ပုံ လောက် ဖြစ်ပါတယ်..

နည်းပညာကလဲ ထိုကဲ့သို့ ရွေးချယ်ခန့်ထားတဲ့ နေရာမှာ ပါဝင်ချင်ပါတယ်…သို့သော်လည်း လူတွေက ထောက်ခံချက်ရရှိထားတဲ့ သူတွေကိုသာ လျှင် ဦးတည်ကာ လုပ်ဆောင်နေသည်ကို တွေ့ရပါတယ်… အကယ်၍ အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေတယ်ဆိုရင်တော့ Google မှာ အခုချိန်ထိတော့ ရှာလို့မရသေးပါဖူး …

လူတွေကို မရေမတွက်နိုင်အောင် များပြီး အလုပ်ကလဲ မတူညီအောင် များပြားတဲ့အချိန်မှာ Keyword recommendation တွေ အပိုင်းမှာလဲ အားနည်းပါတယ်..

မကြာသေးချိန်ကပဲ Psychologists နဲ့ AI experts တွေဟာ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းမှာ ကူညီဖို့ filtering လုပ်နေပါတယ်… ဥပမာ – machine learnin algorithm ဟာဆိုရင် လူတစ်ယောက်ရှိနိုင်တဲ့ ကျွမ်းကျင်မှုတွေ၊ ပင်ကိုယ်စွမ်းရည် တွေဟာ CV မှာ အတိအလင်း မပါနိုင်တဲ့အရာတွေကို ဖော်ထုတ်ပေးနိုင်ပါတယ်… Google မှာတော့ သိပ္ပံပညာရှင်တွေဟာ ရွေးချယ်ခြင်း အပိုင်း(၃) မှာ ပါဝင်တဲ့ ၎င်းတို့ရဲ့ ဘက်လိုက်မှု အကြောင်းကို နားလည်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်..

ထိုကဲ့သို့ တိုးတက်မှုရှိအောင် တီထွင်သော်လည်း ရွေးချယ်မှု အပိုင်းမှာ တိကျတဲ့ ငှားရမ်းမှု ထောက်ခံမှု စနစ်တစ်ခုကို မလုပ်ဆောင်နိုင်သေးပါဖူး.. လူတွေဟာ ကုမ္ပဏီတွေနဲ့ နည်းတူ ရှုပ်ထွေးပါတယ်… သိမ့်မွေ့နက်နဲမှု ကြောင့်မဟုတ်ပဲ အချိန်နဲ့ အမျှ ပြောင်းခဲနေမှု ကြောင့်လဲ ဖြစ်ပါတယ်.. ဒါကြောင့် သင့်အနေနဲ့ ဘယ်model နဲ့ပဲ စတင်စတင် ပြောင်းလဲဖို့ လိုအပ်လာမှာ ပါပဲ…

လောလောဆယ်မှာတော့ ဝန်ထမ်းရွေးချယ်ခန့်သူတွေဟာ အလုပ်ရှိနေသေးပါတယ်..

ကျွန်တော်တို့ဟာ နည်းပညာ နဲ့ အိပ်မက်မက် နေသူတွေ မဟုတ်ပေမဲ့ AI ကတော့ အားလုံးကို သိမ်းပိုက်သွားပီပဲ ဖြစ်ပါတယ်… ရှင်းရှင်းပြောရရင် ဝန်ထမ်းရွေးချယ်ခန့်ထားသူတွေရဲ့ အလုပ်ဟာ ဘက်လိုက်မှု နည်းပါးလာရင်တောင်မှ သည်ပြသနာကို ရင်ဆိုင်နေရဦးမှာပဲ ဖြစ်ပါတယ်.. စိတ်ပညာရှင် Kahneman နဲ့ Tveershy ပြခဲ့သလို လူတွေရဲ့ ခန့်မှန်းမှုတွေဟာ မမှန်ကန်ပါဖူး..

ခန့်မှန်းမှု ကောင်းကောင်းမရှိပဲနဲ့ ကုမ္ပဏီနဲ့ လူတော်တွေဟာ အခြားသူတွေ လုပ်နိုင်သကဲ့သို့ အကျိးသက်ရောက်မှု နည်းအောင် လုပ်နိုင်မှာ မဟုတ်ပါဖူး.. ဒါတွေကို ပြောင်းလဲဖို့ သင့်အကူအညီ လိုအပ်ပါတယ်