Month: August 2018

  • Facebook Ad Break နဲ့ ဝင်ငွေရတော့မှာလား

    Facebook Ad Break နဲ့ ဝင်ငွေရတော့မှာလား

    Facebook က ခုတစ်လော Publisher တွေ နဲ့ Content Creator တွေကို ပိုက်ဆံ ပြန်ပေးဖို့အတွက် Ad Break ကို ကြိုးစားအားစိုက်နေပုံရတယ်။ Content လုပ်နေတဲ့သူတွေကို အားနာသလိုလိုနဲ့ တကယ်တမ်း Content များများထုတ်ချင်တာလဲ ပါမှာပေါ့လေ။ ဘာကြောင့် များများထုတ်ချင်ရတာလဲ ဆိုတာလဲ အောက်ဆုံး ပိုဒ်မှာရေးထားပေးတယ်။ Ad Break Facebook မှာ လက်ရှိ နာမည်အကြီးဆုံး ပိုက်ဆံ ပြန်ပေးတဲ့ Program ကိုပြောပါဆိုရင် Instant Article က ကြော်ငြာတွေပဲ။ ဒါတွေဟာ Publisher တွေ ကို ပိုက်ဆံ ပြန်ပေးတဲ့အထဲမှာ နာမည်ကြီးပဲ။ ဒီအတွက်လဲ Publisher ယောင်ဆောင် Content တွေဖန်တီးပြီး မြန်မာပြည်မှာ ပိုက်ဆံ ရှာနေတာတွေလဲ တစ်ပုံကြီးပါ။ ခု Ad Break ကို မနေ့က နိုင်ငံတော်တော်များများအတွက်ဖွင့်လိုက်ပြီလို့ကြေငြာထားတယ်။ Ad Break ကတော့…

  • Two-Step Verification ဆိုတာ?

    Two-Step Verification ဆိုတာ?

    Two Step Verification  အကြောင်းမပြောခင် စိတ်ကူးယဉ် ကြည့်ရအောင်။ မြန်မာနိုင်ငံကြီး အရမ်းဖွံ့ဖြိုးလာနေပြီ။ Mobile ဖုန်းကနေ ငွေပေးချေစနစ်တွေ၊ Credit Card တွေ၊ ပိုက်ဆံအိတ် သယ်စရာ ကို မလိုပဲ သွားလာနိုင်နေတဲ့ ခေတ်ရောက်နေပြီပေါ့။ အဲမှာ ကိုယ့် ဘဏ်မှာ လျှောက်ထားတဲ့ ကဒ်တွေ ကလဲ ကိုယ့်ရဲ့ အလကားရတဲ့ Gmail နဲ့ ချိတ်ထားတယ်ပေါ့။ လူတစ်ယောက်က မတော်တဆ ဒါမှ မဟုတ် ကိုယ့် Password က မှန်းရလွယ်တဲ့ “ရည်းစားနာမည်” “ကိုယ့်ဖုန်းနံပါတ်” “ကိုယ့်အိမ်နံပါတ်” ပဲ ထားထားတာကို သိပြီး ကိုယ့်အကောင့်ကို တစ်နေရာကနေ လှမ်းယူဖို့ကြိုးစားနေတယ်ပေါ့။ အဲမှာ မှန်းချက်နဲ့ ကွက်တိဖြစ်ပြီး အကောင့် Login ရသွားတယ်။ ဒါက တစ်ပိုင်း။ နောက်တစ်ပိုင်းက အဲလိုပဲ မှန်းချက်နဲ့ ကွက်တိဖြစ်ပြီး…

  • Facebook vs Myanmar : Crazy But We Should

    Facebook vs Myanmar : Crazy But We Should

    Facebook vs Myanmar : Crazy But We should  ဆိုတာကတော့ ရှင်းပါတယ်။ Social Media တစ်မျိုးတည်းသာ အားကိုးတဲ့ အဖွဲ့အစည်းကနေ အင်တာနက်ပေါ်က အရာတွေကို တွင်ကျယ်အောင် အသုံးပြုတက်ဖို့လဲ ပြောင်းလဲပစ်နိုင်တဲ့ အချက်အလက်တွေ စိတ်ထဲရှိတုန်း ချရေးထားတာပါ။ အောက်က အချက်တွေဟာ ကျနော်စဉ်းစားမိသလောက် အတွေးနဲ့ ရေးထားတာဖြစ်လို့ အကြံပြုချက်များလဲ comment မှာကြိုဆိုပါတယ် သတိပေးခြင်း Facebook ဒီနေ့ ထုတ်ပြန်တဲ့ သတင်းဟာ ဝမ်းသာစရာ မဟုတ်သလို၊ ဝမ်းနည်းစရာလည်း မဟုတ်ပါဘူး။ ဒါဟာ သတိပေးခြင်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ Mobile SimCard တွေ ဈေးလျော့ပေးချိန် ခုန်ကျော်လာတဲ့ Internet User တွေ အဖို့ Facebook ဟာ ကမ္ဘာ တစ်ခုဖြစ်နေသလို နေ့စဉ်နဲ့ အမ ျှ တိုးတက်လာတဲ့ Internet User တွေဟာ Facebook…

  • မြန်မာပြည်က Digital Marketing ဆိုတာ

    မြန်မာပြည်က Digital Marketing ဆိုတာ

    ဒီဂျစ်တယ် Marketing လုပ်ငန်းတွေ တွင်ကျယ် လာသလို၊ Digital Marketing သင်တန်းတွေ တောင်လိုပုံတာတွေလဲ ကောင်းတဲ့ လက္ခဏာ တစ်ခုပါ။ ဒါပေမဲ့ သင်ယူလိုသူတွေ အနေနဲ့လဲ ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့ အရေးကြီးသလို ဘာလုပ်ရမလဲ သိဖို့လည်း လိုအပ်ပါတယ်။ အချို့ အရာတွေဟာ သင်တန်းတက်ရုံနဲ့ မပြီးသွားသလို လုံးဝ တက်မြောက်သွားပြီ ဆိုတာ တိုင်းတာဖို့ ခက်ပါတယ်။ အထူးသဖြင့် Digital သင်တန်းတွေ၊ နည်းပညာ နဲ့ ပတ်သတ်တဲ့ သင်တန်းတွေပေါ့။ နိုင်ငံတကာ Certificate တွေတောင် Expired Date ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိသလို မိမိတို့ သင်ကြားထားတာတွေက အဲဒီထက် မြန်နိုင်ပါတယ်။ အဲဒီအတွက် သင်တန်းတက်သူတွေ Digital Marketing နဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေ အတွက် စဉ်းစားနိုင်မည့် အချက်လေးတွေ ရေးပေးလိုက်ပါတယ်။ (မှတ်ချက်။ ။…