၂၀၁၉ ရဲ့ အနာဂတ် အတွက် အကောင်းဆုံး နည်းပညာ ၉ မျိုး – အပိုင်း(၂)

Speed of 5G

5G ကတော့ တယ်လီကွန်မြူနီကေးရှင်းနယ်ပယ်မှာ နောက်ဆုံးပေါ် နည်းပညာ တစ်ခုပဲ ဖြစ်ပါတယ်..5G နည်းပညာက ယခု အသုံးပြုနေတဲ့ 4G နဲ့ နှိုင်းယှဉ်ရင် အဆ ၁၀၀ ပိုမြန်ပါတယ်.. Google fibre က နေ Home ကို သွားတဲ့ နှုန်းထက် ၁၀ ဆ ပိုမြန်ပြီး ကျွမ်းကျင်သူတွေ ပြောတာကတော့ 5G နဲ့ VR( Virtual Reality) AR (Augmented Reality) ကို အသုံးပြုနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်…နည်းပညာတွေကို 5G နဲ့တာ အသုံးပြုလိုက်ရင် ဘယ်လို ပိုကောင်းလာမလဲ ဆိုတာ တွေးဖို့တောင် ခက်ခဲပါတယ်..

ဒီနည်းပညာက အင်တာနက် အသုံးပြုသူတွေ၊ developers တွေ ကို နည်းပညာအသစ် apps နဲ့ streaming content တွေကို ဖန်တီးဖို့ မတူညီတဲ့ တွေ့ကြုံမှုကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်… ခေတ်သစ် နည်းပညာ ပလက်ဖောင်းကို ပိုပြီး ကောင်းမွန်လာစေမဲ့ အချက်တစ်ခု ဖြစ်ပါတယ်..

Virtual Reality (VR) and Augmented Reality (AR)

ဒီနည်းပညာဟာ မြင်နိုင်တဲ့ ကမ္ဘာကြီးကို ဖန်တီးတဲ့ နေရာမှာ အကူအညီ ဖြစ်ပါတယ်.. ကြည့်ရှုသူတွေအတွက် ကောင်းမွန်တဲ့ တွေ့ကြုံမှုတွေကို ဖန်တီးနေရာမှာ အကူအညီ ဖြစ်ပါတယ်.. AR နဲ့ VR ဟာ ကွန်ပျူတာ graphics တွေကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်တယ်.. VR နဲ့ AR ဟာ အသုံးပြုသူတွေအတွက် စစ်မှန်တဲ့ တွေ့ကြုံမှုမျိုးရအောင် ဖန်တီးထားခြင်း ဖြစ်တယ်.

AR နဲ့ VR က ကမ္ဘာကြီးနဲ့ တွေးခေါ်မှု ရှုထောင့်တွေ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်.. တူညီတဲ့ AR နဲ့ VR ကြားမှာာ တချို့လူတွေက နားလည်မှု မရှင်းတာကို တွေ့ရပါတယ်..

VR (Virtual Reality) ဆိုတာ ဘာလဲ????

VR ကတော့ ပတ်ဝန်းကျင်နဲ့ လူသားတွေကြား ချိတ်ဆက်နိုင်အောင် ကွန်ပျူတာ က လည်ပတ်ပေးတဲ့ သုံးဖက် မြင်နိုင်တဲ့ အရာတစ်ခု ဖြစ်တယ်.. လူသားတွေကလဲ virtual world ရဲ့ ပတ်ဝန်းကျင်မှာ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်လာပြီး လူတွေဟာ အဲ့ဒီ ဝန်းကျင်မှာ အမျိုးမျိုးသော လုပ်ဆောင်ချက်တွေ သို့မဟုတ် အရာဝတ္ထုတွေကို ရွေ့လျားစေနိုင်တာပဲ ဖြစ်တယ်..

လွယ်လွယ်ပြောရရင် VR က အလားသဏ္ဍန်တူတဲ့ ဝန်းကျင်ကို ဖန်တီးဖို့ ကွန်ပျူတာစနစ်ကို အသုံးပြုထားတဲ့ နည်းပညာ တစ်ခု ဖြစ်တယ်.. သက်ဝင်လှုပ်ရှားတဲ့ မြင်ကွင်းကို VR apps အသုံးပြုပြီး ရှုထောင့်တိုင်းကို မြင်တွေ့နိုင်ပါတယ်.. VR apps ကို အသုံးပြုပြီး တခါမှ မတွေ့ကြုံဖူးသေးတဲ့ ပင်လယ်ကြမ်းပြင်အောက်မှာ ရေကူးတာတို့၊ Mars ဂြိုလ်ပေါ်မှာ လမ်းလျှောက်တာတို့ကို တွေ့ကြုံနိုင်ပါတယ်..

Oculus Rift, Google Cardboard and HTC Vive ကတော့ VR နည်းပညာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်..

AR (Augmented Reality) ဆိုတာဘာလဲ???????

AR ဆိုတာကတော့ စစ်မှန်တဲ့ မြင်ကွင်းကို အဆင့်မြင့်ထားခြင်း ပဲ ဖြစ်ပါတယ်… AR ကို tablets တွေ smartphones တွေမှာ အသုံးပြုထားပါတယ်..

AR က smartphone သို့မဟုတ် camera က အသုံးပြုထားတဲ့ မြင်ကွင်းကို တိုးမြင့်ထားခြင်းပဲ ဖြစ်ပါတယ်.. Snapchat သို့မဟုတ် Pokemon Go game တွေဟာ AR နည်းပညာ အသုံးပြုထားတဲ့ ဥပမာ တစ်ချို့ ဖြစ်ပါတယ်.. 2019 မှာတော့ ပိုအဆင့်မြင့်တဲ့ feature တွေနဲ့ ထပ်လာဖို့ ရှိပါတယ်..

သင့်ရဲ့ smartphone သို့မဟုတ် Tablet Camera မှာ အသုံးပြုတဲ့ AR application ရဲ့ အဓိက ရည်ရွယ်ချက်က စစ်မှန်တဲ့ ကမ္ဘာကြီးကို ပြသဖို့ ဖြစ်တယ်.. အဲ့ဒီ မြင်ကွင်းမှာ ပုံရိပ်တွေ စာသားတွေ အချက်အလက်တွေကို ပေါင်းထည့်လို့ ရပါတယ်..

ဒီနေရာမှာ Mixed Reality (MR) သို့မဟုတ် hybrid reality လို့ သိကြတဲ့ နည်းပညာကိုလဲ ဒီအပိုင်းမှာ ပေါင်းထည့်ထားပါတယ်..AR နဲ့ VR ကို ပေါင်းထည့်ပြီး စစ်မှန်တဲ့ မြင်ကွင်းကို ရှုမြင်နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်. ဒီနည်းပညာကို Microsoft Windows 10 ရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ထို ပလက်ဖောင်းကို မိတ်ဆက်ထားပါတယ်..

၂၀၁၉ မှာ လာမဲ့ နည်းပညာ အသစ် gadgets တွေ မိတ်ဆက်ခြင်းပဲ ဖြစ်ပါတယ်..  အတွေအကြုံအသစ်တွေနဲ့ ပျော်စရာ အများကြီး ရအောင် ပြင်ဆင်ထားသင့်ပါတယ်..

Brian Microchips

သိပ္ပံပညာရှင်တွေဟာ Brain Microchips နဲ့ ပါတ်သက်ပြီး အများကြီး လုပ်ဆောင်ခဲ့ရပါတယ်.. ဒါဟာ microchips ရဲ့ အကူအညီနဲ့ လူသားတွေရဲ့ ဦးနှောက်ကို ချိတ်ဆက်ပေးတဲ့ နည်းပညာ အသစ်ဖြစ်ပါတယ်.. သိတဲ့အတိုင်း နည်းပညာက တဟုန်တိုး ပြောင်းလဲနေတာကြောင့် ကွန်ပျူတာသိပ္ပံနဲ့ လျှပ်စစ်ကို ပေါင်းစပ်ပြီး brain microchips ကို အသုံးပြုနေခြင်းပဲ ဖြစ်ပါတယ်.. ဒီနည်းပညာက သင့်ဦးနှောက်နဲ့ လည်ပတ်နေတဲ့ Programming system တွေကို ချိတ်ဆက်ပေးခြင်းပဲ ဖြစ်ပါတယ်.. သင့်အနေနဲ့ Microchips အကူအညီနဲ့ data တွေကို သိမ်းဆည်းလို့ ရပါတယ်..

Intel က  ဒီစနစ်ကို ၂၀၁၉-၂၀ ထဲမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်.. လောလောဆယ်မှာတော့ ဦးနှောက်ထဲကို microchip ထည့်ဖို့နဲ့ ဒီနည်းပညာအသစ်ကို အသုံးပြုပြီး အာရုံကြောဆိုင်ရာ လှုပ်ရှားမှု  ဆောင်ရွက်မှု နဲ့ data တွေ သိမ်းဆည်းဖို့က ဖြစ်နိုင်ပါတယ်..စစ်တမ်းကောက်ယူမှုများအရ ဒီနည်းပညာကတော့ ကမ္ဘာပေါ်မှာ နောက်ဆုံးပေါ်ပဲ ဖြစ်ပါတယ်

Cyber Security (ဆိုက်ဘာ ဘေးကင်းလုံခြုံမှု)

ဆိုက်ဘာဘေးကင်းလုံခြုံမှု ဆိုတာ လွန်ခဲ့တဲ့ ရာစုကတည်းက စခဲ့တဲ့ ပြသနာရပ်ကြီး တစ်ခု ဖြစ်ပါတယ်.. ဆိုက်ဘာဘေးကင်းလုံခြုံမှု နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူများက hacking ပြသနာရပ်များကို ကာကွယ်ခဲ့ရပါတယ်.. ကမ္ဘာဈေးကွက်ထဲမှာလဲ ဆိုက်ဘာဘေးကင်းလုံခြုံမှု အတတ်ပညာရှင်များရဲ့ ဈေးကွက်ကြီးကို ကြည့်ရုံနဲ့လဲ ဒီပြသနာကို သိနိုင်ပါတယ်..

ကမ္ဘာနည်းပညာအသစ်မှာ ယခင် အသုံးပြုခဲ့တဲ့ IT ဟာ ပျောက်ကွယ်လု နီးပါး ဖြစ်နေပါတယ်.. IT နယ်ပယ်မှာ ပြသနာကြီးမားလာခြင်းက cloud, Mobile wireless technology, the Internet of Things နဲ့ ဒီနယ်ပယ်ထဲမှာ အခြားလာမဲ့ နည်းပညာအသစ်တွေဟာ  ထောင်ခြောက်တစ်ခုလဲ ဖြစ်လာနိုင်ပါတယ်..

ကျွန်တော်တို့ သိတဲ့အတိုင်း AI, machine learning တွေက data အများကြီး အသုံးပြုရန် လိုအပ်ပြီး ဒီ data တွေကို ကာကွယ်ဖို့ဆိုတာကလည်း အင်မတန်မှ အရေးကြီးပါတယ်..တိတိကျကျ ဆိုရရင်တော့ နည်းပညာတွေသာ ပိုမို ဖွံ့ဖြိုးလာပြီး ဆိုက်ဘာဘေးကင်းလုံခြုံမှု နဲ့ ပတ်သက်ပြီးတော့ မဖြေရှင်းရသေးဖူးလို့ ဆိုနိုင်ပါတယ်.. ပြောရမယ်ဆိုရင် ဆိုက်ဘာ ကျွမ်းကျင်သူများအတွက် ဒီကဏ္ဍဟာ အင်မတန်မှ အရေးကြီးကြောင်း မှတ်သားစေလိုပါတယ်..

Cloud Computing

Cloud Computing ဆိုတာကတော့ အဖွဲ့အစည်းရဲ့ အင်တာနက် ဝန်ဆောင်မှုမှတဆင့် မျှဝေထားတဲ့ computing data တွေကို ရယူတဲ့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်.. ကွန်ပျူတာ နယ်ပယ်မှာလဲ နောက်ဆုံးပေါ် နည်းပညာ တစ်ခု ဖြစ်ပါတယ်.

အကယ်၍  သုံးစွဲသူများမှ Cloud computing စနစ်ကို သူ့ရဲ့ အဖွဲ့အစည်းမှာ အသုံးပြုထားမယ်ဆိုရင် သီးသန့် server ထားရှိရန်မလိုအပ်ပဲ IT အထောက်အကူပြု ဆိုင်ရာ ဝန်ဆောင်မှုတွေကို မလိုအပ်တော့ပါဖူး..Cloud computing တွေက IT resources တွေကို ဝေးလံတဲ့ နေရာကနေ ရယူနိုင်ရန်ခွင့်ပြုတဲ့ protocols ကို အသုံးပြုထားခြင်း ဖြစ်တယ်…

၂၀၁၉ မှာ နာမည်ကြီးလာမဲ့ နည်းပညာတွေကို အကောင်းဆုံး စုစည်း တင်ပြထားခြင်းပဲ ဖြစ်ပါတယ်.. သင့်က ဘယ် နည်းပညာတွေကို အသုံးပြုပြီး ဘယ်ဟာတွေ လေ့လာဖို့ လိုအပ်နေသေးတယ်ဆိုတာ ပြောပြသွားဦးနော်