၂၀၁၉ ခုနှစ် ဈေးကွက်ထဲမှာ အနာဂတ်အတွက် နည်းပညာတွေ အများကြီးထွက်လာပြီဆိုတော့ ဒီ blog ထဲမှာ ထိပ်တန်းနည်းပညာ အကြောင်းတွေ ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်..အားလုံး သိတဲ့အတိုင်း နည်းပညာက မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲနေပါတယ်.

နည်းပညာ အသစ်တွေရဲ့ အားသာချက်ကတော့ ထပ်ပေါင်းထည့်လိုက်တဲ့ features တွေကြောင့် ဘဝတွေကို ပိုပြီး လွယ်ကူလာစေပါတယ်…

ဘာလို့ နည်းပညာက အရမ်းအရေးကြီးတာလဲ…

နည်းပညာကတော့ အနာဂတ်ရဲ့ အသက်ဆိုရင်လည်း မမှားပါဖူး .. ဘဝရဲ့ ဘက်ပေါင်းစုံ ကိစ္စရပ်တွေမှာ နည်းပညာဟာ ပိုပြီး အရေးပါလာပြီး အထူးသဖြင့် စီးပွားရေးမှာ အရေးပါလာတာကို တွေ့ရပါတယ်… နည်းပညာ အသစ်မှာ စိန်ခေါ်မှုအသစ်တွေလဲ ပါလာပါတယ်.. အဲ့ဒီ စိန်ခေါ်မှုတွေက အဖွဲ့အစည်းတစ်ခုရဲ့ အတွေ့အကြုံကို တိုးမြင့်စေပြီး ရေရှည် တည်မြဲစေပါတယ်..

အနာဂတ်မှာ သုံးလာမဲ့ နည်းပညာတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ပိုမို တိုးမြင့်စေပါလိမ့်မယ်.. ဆိုတော့ စီးပွားရေးမှာ အရေးကြီးတဲ့ နည်းပညာအကြောင်းတွေကို သိဖို့ တာဝန်ရှိလာပါတယ်… ၂၀၁၉ မှာ နောက်ဆုံးပေါ်နဲ့ စိတ်ဝင်စားမှု အကောင်းဆုံးဖြစ်တဲ့ နည်းပညာတွေကို စုစည်းပေးလိုက်ပါတယ်နော်..

AI (Artificial Intelligence)

AI ဆိုတာကတော့ စက်တွေကနေတဆင့် experience လေ့လာစေပြီး လူတွေလုပ်ဆောင်နိုင်သလိုမျိုး လုပ်ဆောင်တာမျိုးကို ဆိုလိုပါတယ်.. ကျွန်တော်တို့ ယနေ့ခေတ်မှာ အသုံးပြုနေတဲ့ Facebook, google maps, PayPal, chess-playing computers, self -driving cars တွေဟာဆိုရင်လည်း AI ကို အများကြီး အားကိုးပြီး လည်ပတ်နေတာကို တွေ့ရပါတယ်…. System ထဲမှာ data တွေ ဖြည့်ခြင်းအားဖြင့် တိကျတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့အတွက် AI ကို အသုံးပြုပြီး computer ကို train လို့ရပါတယ် AI ဆိုတာ လူတွေလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတာဝန်အားလုံးကို လူကဲ့သို့ လုပ်ဆောင်နိုင်ရန် ကွန်ပျူတာသိပ္ပံ နဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်..

AI ရဲ့ research အတွက် အဓိက ခက်ခဲတဲ့ ပြသနာကတော့ common sense , ပြသနာ ဖြေရှင်းတဲ့ ကျွမ်းကျင်မှု နဲ့ သင့်လျော်တဲ့ အခွင့်အာဏာ တွေပဲ ဖြစ်ပါတယ်..

AI က robotics နဲ့ ဆက်စပ် ပါတယ်..robot တွေက မောင်းနှင်သွားလာခြင်း၊ ဒေသတွင်း သွားလာခြင်း၊ မြေပုံပြုလုပ်ခြင်း၊ ဈေးကွက်ကစားခြင်း၊ ရွေ့လျားသွားလာရန် ပြင်ဆင်ခြင်း စသည်ဖြင့်… လုပ်ငန်းတာဝန်ကို စီမံခန့်ခွဲရန် အကောင်းဆုံး ဉာဏ်ရည်သွေး လိုအပ်ပါတယ်.. AI စနစ်က algorithms အသေးစိတ် လေ့လာခြင်းပြုနိုင်ရန် ပိုကောင်းတဲ့စနစ်ကို ကြိုးစားပြီး ပြုလုပ်နေတယ်..

စက်ရုံတွေမှာ ကျွမ်းကျင်အလုပ်သမား မလုံလောက်တဲ့အကြောင်းကို ကျွန်တော်တို့ သိပြီး ဖြစ်ပါတယ်.. အကောင်းဆုံးကတော့ AI စနစ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်.. AI စနစ်ကို အသုံးပြုခြင်းအားဖြင့် အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်လုပ်အားကို တိုးတက်စေနိုင်ပါတယ်..

စီးပွားရေးမှာ IT ကို သင့်တင့်စွာ အသုံးပြုထားမယ်ဆိုရင်တော့ သင့်စီးပွားရေးကို တိုးတက်စေမှာ မလွဲဏဧကန် ပါပဲ နော်..

Internet of Things (IoT)

IoT ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ ဝတ္ထု တစ်ခုနှင့် စက်ပစ္စည်းတစ်ခု သို့မဟုတ် အခြားအမျိုးအမည် တစ်ခုကြားကို software, sensors, electronics တွေနဲ့ data တွေ လဲလှယ်နိုင်အောင် ချိတ်ဆက်ထားတဲ့ Network တစ်ခု ဖြစ်သည်။ IoT ကတော့ ၂၀၁၉ ခုနှစ်ရဲ့ အံ့ဖွယ်ကောင်းတဲ့ နည်းပညာ တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ.. ကျွန်တော်တို့က data တွေကို စုစည်းပြီး လဲလှယ်နေတဲ့အတွက် လေ့လာစောင့်ကြည့်ရမှာလဲ လွယ်ကူစေပါတယ်..စီးပွားရေးလုပ်ငန်းအတွက် ထိရောက်ပြီး ထုတ်ကုန်စွမ်းအားမြင့်ဖို့ အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်..

IoT က ဘဝကို ဘယ်လို အကျိုးသက်ရောက်ဆိုလဲ တွေးနေတယ်ဆိုရင်တော့ IoT က ကျွန်တော့်တို့ ဘဝကို ပြောင်းလဲစေနိုင်ပါတယ်.. ဒီနေရာမှာ ဥပမာ အနည်းငယ်ပေးချင်ပါတယ်.. နာမည်ကြီး ကုန်ပစ္စည်းတွေဖြစ်တဲ့ BMW, Apple, Tesla, Google တို့ဟာ သင့်ကို အံ့သြသင့်စေနိုင်မဲ့ automobile industry နောက်ထပ် ပြောင်းလဲမှုအတွက် လုပ်ဆောင်နေကြတာပါ..

IoT ကို အနာဂတ်မှာ အသုံးပြုနိုင်တဲ့ နယ်ပယ်တွေကတော့ ကျန်းမာရေး စောင့်ရှောက်မှု၊ လက်လီ ရောင်းဝယ်ခြင်း နှင့် စိုက်ပျိုးရေးနှင့် smart homes တွေပဲ ဖြစ်ပါတယ်. Cisco ရဲ့ အစီရင်ခံစာမှာတော့ IoT နဲ့ ပါတ်သက်ပြီး နောက်ရာစုတစ်ခုမှာ လုပ်ငန်းတွေအားလုံးက $14.4 trillion တန်ဖိုး ရင်းနှီးမြုပ်နှံဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်..

Blockchain

Blockchain ဆိုတာကတော့ cryptography လို့ခေါ်တဲ့ စာရေးနည်းကို အသုံးပြုပြီး မှတ်တမ်းစာရင်းတွေနဲ့ ချိတ်ဆက်ကာ ထိုမှတ်တမ်းစာရင်းတွေကို တိုးမြင့်စေတာပဲ ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ Blockchain ကို အများက တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်.. သာမန်အားဖြင့် Blockchain နှစ်မျိုးရှိပါတယ်.. ပထမ တစ်ခုကတော့ စီးပွားရေး ရည်ရွယ်ချက်အတွက် ပုဂ္ဂလိက အသုံးပြုတဲ့ blockchain ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ဈေးကွက် ရရန် ရည်ရွယ်ချက်ဖြင့် snake oil blockchain ပဲ ဖြစ်ပါတယ်..

Blockchain က bitcoin သို့မဟုတ် အမျိုးမျိုးသော cryptocurrencies အမျိုးအစား အားလုံးအတွက် အသုံးပြုတဲ့ နည်းပညာ ဖြစ်ပါတယ်.. ဒီနည်းပညာက တကယ်ဘဝမှာလည်း လူသုံးများလာမယ် လို့ ထင်ပါတယ်..

Autonomous Driving

Autonomous Driving (Robot Car)

စာဖတ်သူရဲ့ စိတ်ထဲမှာ အော်တိုနောမတ် ကားလို့ ကြားလိုက်တာနဲ့ Tesla က စိတ်ထဲရောက်လာမယ်ဆိုတာ သိပါတယ်. ဆိုရရင် အခုထိ Tesla က အော်တိုနောမတ် ကား တွေကို ထုတ်လုပ်နေတဲ့ နေရာမှာ ဦးဆောင်နေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်.

ကျွန်တော်တို့ သိတဲ့အတိုင်း အော်တိုမိုဘိုင်း နယ်ပယ်မှာ လောင်စာဆီကို အသုံးပြု တဲ့ ဝါရင့်အမျိုးအစားကားကို တော့ ကျွန်တော်တို့ သိပြီး ဖြစ်မှာပါ.. ဒီနေ့ခေတ်မှာတော့ အော်တိုမိုဘိုင်းနယ်ပယ်မှာ သဘောယူဆချက် အသစ်နဲ့ လျှစ်စစ်ကားတွေ ထွက်လာပါတယ်.. Telsa ကတော့ ကမ္ဘာ့ကားဈေးကွက်ထဲမှာ အကောင်းဆုံးနဲ့ စတိုင်အကျဆုံး တစ်ခု ဖြစ်ပါတယ်..

အော်တိုမိုဘိုင်း မောင်းတဲ့ ကားတွေက machine language, AI, sensors နဲ့ processing power စနစ်တွေကို အဆင့်မြင့်ထားတဲ့ ပုံစံ ဖြစ်ပါတယ်..

Tesla မော်တာရဲ့ အကောင်းဆုံး feature ကတော့ အဆင့်မြင့် နည်းပညာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်.. သူ့မှာ အော်တို ကားမောင်းတဲ့ စနစ်မှာ ပါသလို ကားကို သင့်ကိုယ်တိုင်လဲ မောင်းနှင် အသုံးပြုနိုင်တဲ့ စနစ် ပါပါတယ်.. အဲ့ဒီကားအမျိုးအစားကို autopilot mode နဲ့ ယာဉ်မောင်းကို ဘာညွှန်ကြားချက်မှ ပေးစရာ မလိုပဲ မောင်းနှ်င်နိုင်ပါတယ်… Tesla မော်တာကတော့ စီးနှင်သူတွေရဲ့ ဘေးအန္တရယ် ကင်းရှင်းမှု နဲ့ ပတ်သက်ပြီးတော့လဲ အထူးဂရုစိုက် ဆောင်ရွက်ပါတယ်..

ဒါတွေကတော့ ၂၀၁၉ ရဲ့ အနာဂတ် နည်းပညာတွေဖြစ်ပြီးတော့ အပိုင်း(၁) အနေနဲ့ပဲ ခွဲခဲ့တာပါ။ အပိုင်း(၂) ကို ဆက်ဖတ်ရန်

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles