လက်ရှိ ကျင်းပနေတဲ့ 2020 ရွေးကောက်ပွဲ ဆိုင်ရာ ရလဒ်များကို အချိန်နဲ့ တပြေးညီ ကြည့်ရူ့နိုင်တဲ့ Online က လင့်တွေကို စုစည်းချင်တာနဲ့ ဒီ Post လေးရေးလိုက်ပါတယ်။ ကျနော်ကိုယ်တိုင် လက်ရှိ ဟိုကြည့်ဒီကြည့်နေ ဖြစ်နေတာရော တခြားမသိသေးတဲ့သူတွေ သိစေချင်တာရယ် အပြင်မှာ လူစုလူဝေးမဖြစ်စေချင်တာတွေကြောင့် သိသလောက်လေးစုစည်းပေးလိုက်တာပါ။

(၁) UEC

ရွေးကောက်ပွဲ ကော်မရှင်ကတော့ အသေချာဆုံးနေရာပေါ့ ဒီနေရာကပဲ Data Source ကိုယူကြတာများသလို သူတို့ကလဲ အားလုံး confirm ဖြစ်မှ ကြေငြာလောက်မှာဖြစ်တဲ့အတွက် နောက်ကျမှ သိနိုင်ပါတယ်။ ကြည့်ရူ့ရန် > ဒီလင့်ကို နှိပ်ပါ

(၂) Myanmar Now

အားလုံးသိတဲ့ သတင်းဌာနတစ်ခုပါပဲ သူတို့ကလဲ သူတို့ website မှာ သေသပ်တဲ့ Infographic နဲ့ ပြုလုပ်ထားတာပါ။ သူတို့ Data Source ကတော့ Myanmar Now လို့ပဲရေးထားပြီး အငြင်းပွားဖွယ်ဆိုရင် UEC ထုတ်ပြန်ချက်ကိုကြည့်ဖို့တိုက်တွန်းထားပါတယ်။ ကြည့်ရူ့ရန် > ဒီလင့်ကို နှိပ်ပါ

(၃) NLD

ဒီလင့်ကတော့ NLD ရဲ့ Page တွေက ကြေငြာထားတဲ့ မဲစာရင်းရလဒ် ကြည့်ရူ့နိုင်တဲ့ Google Data Studio နဲ့ပြုလုပ်ထားတဲ့ လင့်တစ်ခုပါ။ ကြည့်ရူ့ရန် > ဒီလင့်ကို နှိပ်ပါ

(၄) Mizzma

Mizzma TV ကတော့ Live လွှင့်နေတာဖြစ်ဘူး သူတို့ သတင်းထောက်တွေရဲ့ ပေးပို့ထားတဲ့ ရလဒ်တွေကို ကြေငြာပေးနေတာပါ။ ကြည့်ရူ့ရန် > ဒီလင့်ကိုနှိပ်ပါ

(၅) Election Dashboard

Dr Nyein Chan Ko Ko က အရင်ကတည်းက covid dashboard မှာလဲ community ကို support လုပ်နေသူတစ်ယောက်ပါ အခု election မှာ သူလုပ်ထားတဲ့ Dashboard ကိုတော့ mobile version နဲ့လဲ ကြည့်နိုင်ပါတယ်။ ကြည့်ရူ့ရန် > ဒီလင့်ကို နှိပ်ပါ

(၆) Ko Soe Linn Myat

ကို Soe Linn Myat ကလဲ သူ blog မှာ Dashboard တစ်ခုလုပ်ထားပါသေးတယ် US Election Style လိုလုပ်ထားတဲ့အတွက် ဒါကိုလဲ live ကြည့်လို့ရမှာပါ။ ကြည့်ရူ့ရန် > ဒီလင့်ကို နှိပ်ပါ

Stay Home! Stay Safe!

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles