ကျနော်တို့ Post တစ်ခုကို Boost လုပ်ပြီဆိုရင် ကိုယ့် Post ကို လိုချင်တဲ့ Audience တွေဆီရောက်အောင် အသက်၊ နေရပ် ရွေးချယ်ရပါတယ်။ နောက်ပြီး စိတ်ဝင်စားမှု၊ အမူအကျင့် စတာတွေပါဝင်တဲ့ Detailed Targeting  ကိုလည်းရွေးရပါတယ်။ လာမယ့် ၂၀၂၂၊ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေစပြီး Facebook က အချို့သော Detailed Targeting Options တွေကို ဖယ်ရှားသွားတော့မှာ ဖြစ်ပါတယ်။ 

“၂၀၂၂၊ ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီး အသုံးပြုသူတွေအတွက် sensitive ဖြစ်စေမယ့် ကျန်းမာရေး၊ လူမျိုးနဲ့ မျိုးနွယ်စု၊ နိုင်ငံရေး၊ ကိုးကွယ်မှု ဘာသာတရား၊ လိင်ပိုင်းဆိုင်ရာ စတဲ့ခေါင်းစဉ်တွေနဲ့ သက်ဆိုင်တဲ့  Detailed Targeting Options တွေကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ “ လို့ Facebook Website မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်သွားခဲ့ပါတယ်။

  • ဥပမာ ကျနော်တို့အခု Boost လုပ်တဲ့အခါ Interest မှာ Health causes (e.g., “Lung cancer awareness”, “World Diabetes Day”, “Chemotherapy”)
  • Sexual orientation (e.g., “same-sex marriage” and “LGBT culture”)
  • Religious practices and groups (e.g., “Catholic Church” and “Jewish holidays”)
  • Political beliefs, social issues, causes, organizations, and figures

ဒီလို Options တွေအများကြီး ကျလာပေမယ့် နောက်နှစ်ဇန်နဝါရီကစလို့ ဒီလို Interest တွေကို အသုံးပြုလို့ရမှာ မဟုတ်တော့ပါဘူး။ ( ဒီလို Options တွေမရှိတော့တာက နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ Brand တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းအချို့ကိုတော့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။)

Facebook Ads Manager : Campaign > Ads set မှ Detailed Targeting

“ခုလို options တွေကို ဖယ်ရှားလိုက်တာဟာ လူတွေရဲ့ စိတ်နေစိတ်ထားနဲ့ပင်ကိုယ်လက္ခဏာတွေကြောင့်မဟုတ်ဘဲ Facebook Platform ပေါ်မှာရှိတဲ့ Content တွေအပေါ် အသုံးပြုတွေရဲ့ တုံ့ပြန်မှုကြောင့်ပဲဖြစ်ပါတယ်။ နောက်ပြီး ကျွမ်းကျင်သူတွေကတော့ အပေါ်ကလို Options တွေဟာ လူတွေအပေါ် ဆိုးဝါးတဲ့ အတွေ့အကြုံတွေကို ရစေနိုင်လို့လည်း ပြောကြပါတယ်။ “ ဆိုပြီး ဖော်ပြထားပါတယ်။

ဘာလို့ဒီလိုအပြောင်းအလဲတွေ လုပ်တာလဲ?

European Union ရဲ့ သုံးစွဲသူအချက်အလက်ကာကွယ်ရေးအတွက် တင်းတင်းကြပ်ကြပ် ထုတ်ပြန်ထားတဲ့ The General Data Protection Regulation (GDPR) အရ Facebook ဟာ နည်းပညာပိုင်းမှာ သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒမပါဘဲနဲ့ အပေါ်မှာပြောထားခဲ့တဲ့ အကြောင်းအရာတွေကို တရားဝင် Target ထားလို့မရပါဘူး။ ဒီထုတ်ပြန်ချက်က 2018 မှာ အသက်ဝင်ခဲ့ပြီး Facebook ကတော့ အဲ့ထုတ်ပြန်ချက်ကို ရင်ဆိုင်တွေ့ကြုံနေရတာပါ။ နောက်ပိုင်းမှာတော့ ပိုကျယ်ပြန့်လာပြီး နိုင်ငံတကာက သုံးစွဲသူတွေရဲ့ လုံခြုံရေးတွေ၊ သတင်းအချက်အလက် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ ပိုအရေးပေးလာတာကြောင့် Facebook ကလည်း အဲ့အချက်ကိုလိုက်နာပြီး ပိုတိကျတဲ့ စည်းမျည်းတွေချမှတ်လိုက်ပုံပါပဲ။ 😃

ဖယ်ရှားလိုက်တဲ့ Options တွေကို အသုံးပြုပြီး Target audience ရွေးလို့မရတော့ပေမယ့် ကျနော်တို့ Page ကို like and follow လုပ်ထားတဲ့ audience တို့၊ ကျနော်တို့ Video တွေကို ကြည့်ဖူးတဲ့ audience တို့ကို target ထားနိုင်တဲ့ Engagement Custom Audience တို့၊ ကျနော်တို့ audience နဲ့ ဆင်မယ့် Lookalike Audience တွေဖန်တီးပြီး Target ထားတာတွေကိုတော့ ဆက်ပြီး ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ 

Facebook ရဲ့ပြောကြားချက်အရတော့ ဖယ်ရှားလိုက်မယ့် Options တွေကို အသုံးပြုပြီး Run ထားတဲ့ Ad set တွေကို ၂၀၂၂၊ မတ်လ ၁၇ ရက်နေ့မတိုင်ခင်ထိ ဆက် run လို့ရဦးမှာဖြစ်ပါတယ်။ တချို့ အဆင့်တွေမှာတော့ Targeting ပြန်ရွေးဖို့ လိုကောင်းလိုပါလိမ့်မယ်။

Facebook Ads တွေနဲ့ပတ်သက်လို့

Targeting Options တွေကို Update လုပ်လိုက်ပေမယ့်လည်း ကျနော်တို့ စိတ်မဝင်စားတဲ့ Ad တွေကို ဆက်ပြီးတွေ့နေရဦးမှာပါပဲ။ ဘာလို့လဲဆိုရင် Facebook က ကျနော်တို့ကို ဘယ်လို Ad တွေ၊ Content တွေ မြင်ချင်လဲ၊ ဘယ်အရာတွေကိုတော့ လျှော့ပြီးမြင်ချင်လဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရွေးချယ်စေချင်လို့ပါပဲ။ 

ခုကာလမှာ နိုင်ငံရေး၊ အရက်သေစာစတဲ့ Content တွေကို အတွေ့နည်းသလို နောက်နှစ်အစောပိုင်းမှာလည်း လူတွေကို လောင်းကစားတွေနဲ့ Weight Loss content ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးသွားဖို့လဲ ရှိတယ်လို့ ဆိုပါတယ်။

Facebook ကတော့ သူတို့ရဲ့ Ad system နဲ့ပတ်သက်လို့ တိုးတက်အောင် အဆက်မပြတ်လုပ်ဆောင်နေဦးမှာပါပဲ။ ဒါတင်မက သူတို့ရဲ့ စီးပွားရေး Partner ဖြစ်တဲ့ ကြေငြာရှင် တွေကိုလည်း လိုချင်တဲ့ customer ဆီရောက်အောင် tools တွေဆက်ထောက်ပံ့နေမှာဖြစ်ပြီး Performance တွေကောင်းလာအောင်လည်း ကူညီပေးနေဦးမှာပဲ ဖြစ်ပါတယ်။

Ref: Facebook Business News, Social Media Today

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles