ယနေ့ခေတ် ကလေးတွေဟာ နည်းပညာ နဲ့ အတူ မွေးဖွားလာတဲ့အတွက် Digital Native လို့တောင် ခေါ်ကြပါတယ်။ ဒါကြောင့် များသောအားဖြင့် လူကြီးတွေထက် နည်းပညာ Device တွေနဲ့ လျှင်မြန်စွာ ရင်းနှီးလွယ်တယ်။ လူကြီးတွေ ဖုန်းတစ်လုံးကို တစ်ဆင့်ခြင်းလေ့လာနေချိန်မှာ သူတို့က Youtube ပေါ်မှာတောင် ရှာဖွေလေ့လာတက်နေပါပြီ။
ဒါကြောင့် ကလေးတွေ ကို အိမ်မှာနေရင်း မိဘတွေနဲ့ အတူတူ စာလုပ်နိုင်မယ့် (သူတို့ကိုယ်တိုင်လည်း) သဘောကျမယ့် ကျနော်တွေ့ထားတဲ့ နည်းလမ်းလေး ကို မျှဝေပေးချင်ပါတယ်။
ပထမ အဆင့်အနေနဲ့ Application ကို Download ဆွဲထားရမှာပါ။
Play Store link >>>> http://bit.ly/360edUni
HUAWEI AppGallery > http://bit.ly/360edHuawei
ဒုတိယ အနေနဲ့ Register လုပ်ပြီး Content တွေ Download ဆွဲရမှာပါ။ ဒါကြောင့် ဒီ application ဟာ တစ်ကြိမ်တော့ အင်တာနက်ရှိဖို့ လိုအပ်မှာပါ။ နောက်ပိုင်း Offline သွားလို့ရပါပြီ။
လက်ရှိမှာတော့
- Grade 1 English
- Grade 2 English
- Grade 3 English
- Grade 6 English
- Grade 1 Science
တွေကိုသာ ရရှိအုံးမှာ ဖြစ်ပြီး update တွေ ထပ်ရခဲ့ရင်လဲ ဒီ Post မှာပဲ ကျနော် update လုပ်ပေးသွားမှာပါ။ အားသာချက်တွေကတော့ အခမဲ့ဖြစ်တာရယ် သင်ရိုးစာအုပ်တွေပေါ် အခြေခံဖန်တီးထားတာဖြစ်လို့ ကလေးတွေလွယ်လွယ်ကူကူနဲ့ အဆင်ပြေပြေလေ့လာနိုင်တာပါပဲ။
ကလေးတွေကို သင်ကြားပေးမယ့် မိဘ တွေအတွက်လဲ သင်ကြားနည်းတွေကို အလွယ်တကူနှိပ်ကြည့်ပြီး တိုက်ရိုက်သွားနိုင်အောင် ကျနော်ပြုလုပ်ပေးထားပါတယ်။ မိမိသွားချင်တဲ့ Grade နဲ့ Unit ကို နှိပ်လိုက်ရုံပါပဲ။ အားလုံးအဆင်ပြေကြပါစေ အခြား ဒီလိုမျိုး အသုံးဝင်တဲ့ app တွေရှိရင်လဲ စုစည်းပေးသွားအုံးမှာ ဖြစ်လို့ အဆင်ပြေတယ်ဆိုရင် ကျနော့်အတွက် ခွန်အားရှိစေမယ့် comment လေးပေးခဲ့ကြဖို့လည်း တိုက်တွန်းပါရစေ။
Comments