ဒီ Tutorial က အသက်သာဆုံးနည်းလမ်းနဲ့ Website တစ်ခုလိုချင်တဲ့သူတိုင်း အတွက် အကောင်းဆုံး စဉ်းစားပြီး ပြုလုပ်ထားတာပါ။ အဲတော့ပထမဆုံး လိုအပ်ချက်တွေ ပြောပါမယ်။

(၁) Visa/Master Card

(၂) ဒီ Tutorial ကို သေချာ ဖတ်ဖို့လိုပါတယ်

ကဲ အဲတော့ စပြီနော်… ဘာလို့ Visa/Master လိုတာလဲဆိုတော့ website တစ်ခုထားဖို့ Hosting ဆိုတာလိုပါတယ် အဲဒါဝယ်ဖို့ပါ။ Hosting ဆိုတာ အရှင်းဆုံးပြောရင် ကျနော်တို့ website တစ်ခုပေါ်မှာ တင်မယ့် ပုံတွေ စာသားတွေ ဟာ အဲပေါ်မှာ တင်ရတာပါ။ လွယ်လွယ်ပြောရရင် ကွန်ပျူတာတစ်လုံးမှာ ရှိတဲ့ သိုလှောင်နိုင်တဲ့ Hard Disk တစ်ခုလိုပေါ့။

ခု Visa/Master Card ကတော့ လက်ရှိ ဘယ်ဘဏ်မှာမဆိုရနေပါတယ်။ Visa ပဲယူယူ Master ပဲ ယူယူ ကဒ်မှာ နာမည်မထိုးဖူးဆိုရင် နာရီဝက်လောက်အတွင်း ရတာတောင်ရှိပါတယ်။ ဘာတွေလိုအပ်လဲ ဆိုတာတော့ ဒီနေရာတွေ မှာ ဖတ်နိုင်ပါတယ်။

ခု လက်ထဲမှာ Visa Card ရလာပြီ ဆိုပါစို့။ ဘာလုပ်ရမလဲဆိုတော့ Domain တစ်ခု အရင်ဝယ်ရပါမယ်။ Domain ဆိုတာ လိုတိုရှင်းပြောရရင် techviewforyou.com ဒါ domain ပါ။ ကျနော်က waiyanthwin.com လိုချင်တယ် ဒါ domain တစ်ခုပါ တစ်ချို့ကတော့ website လိပ်စာ လို့လဲ ခေါ်တယ်။ Domain နဲ့ Hosting ဘာလို့လိုလဲ ဆိုတာတော့ အောက်ကပုံကိုကြည့်လိုက်ရင်နားလည်မယ်ထင်ပါတယ်။

အဲတော့ Domain Name တစ်ခု စဝယ်မယ် ဆိုရင် ဝယ်လို့ရတဲ့ နေရာတွေ က ဒီနေရာတွေမှာပါ ဘယ်နေရာကောင်းလဲထက်ကျနော်ကတော့ ဈေးသက်သာတာ ယှဉ်ဝယ်ပါတယ် လေယာဉ်လက်မှတ်တွေလိုပေါ့။

www.godaddy.com

www.namecheap.com

www.name.com

ဒီတစ်ခါမှတော့ ကျနော်က NameCheap နဲ့ နမူနာပြပါမယ်။ ထုံးစံအတိုင်း www.namecheap.com ကိုခေါ်မယ် ပြီးတာနဲ့ ပထမဆုံး User ဆိုတော့ Sign Up ကိုလိုက်ရှာမယ်ပေါ့။

Name Cheap
ဘယ်ဘက်ဒေါင့် အပေါ်မှာတွေ့မှာပေါ့။

အဲမှာ Username, Email, Password စသဖြင့် တောင်းသမျှ ဖြည့်ပြီးတာနဲ့ Create Account ဆိုပြီး အကောင့်တစ်ခုရပြီပေါ့။ Login ဝင်ပြီး Domain Name Search ကိုသွားပါ။

ပုံမှာ ပြတဲ့အတိုင်း Domain Name Search ကိုသွားပြီး ကိုယ်လိုချင်တာ Domain ရိုက်ရှာရုံပါပဲ။

အရမ်း hot ဖြစ်တဲ့ Domain တွေက ဈေးကြီးတက်ပါတယ်။ ဥပမာ လူတိုင်းသုံးနိုင်တဲ့ myanmar.com လိုပေါ့။ ကျနော်ကတော့ နာမည်လေးတစ်ခုပဲ ရှာပြမှာပါ ဝယ်တော့ မပြေတော့ပါဘူး။

$8.88 ပဲဆိုတော့ တစ်နှစ်မှ ၁ သောင်းကျော်ပဲ ကျမှာပါ။ တခြား အပေါ်က ဖော်ပြထားတဲ့ website တွေမှာလဲ စုံစမ်းလို့ရတယ်နော်။ ကဲ ကိုယ်ကြိုက်တဲ့ နာမည်တွေ့ပြီဆိုရင် add to cart နှိပ် အချက်အလက်တွေဖြည့် ခုနလုပ်ခဲ့တဲ့ visa card information တွေ ဖြည့်ပြီး ဝယ်လိုက်တာနဲ့ အဲဒီ domain ကို ကိုယ်ပိုင်ဆိုင်သွားပါပြီ။

Domain ရပြီဆိုတော့ Hosting ကိုသွားရအောင်

Hosting site တွေလဲ အများကြီးရှိပေမယ့် ခုတစ်ခေါက်က Digital Ocean နဲ့ပဲ လုပ်ပြသွားပါမယ်။ ဘာလို့လဲဆိုတော့ သူက တစ်လမှ $5 ပဲရှိတာရယ်။ ကျနော် ရဲ့ ဒီ Link ကနေ သွား Register လုပ်ရင် $100 Gift ရနိုင်တာမို့ အလကားဖူလုံသွားမှာပါ။ ဒါပေမဲ့ အဲ ၁၀၀ က ရက် ၆၀ အတွင်းအကုန်သုံးရမှာနော်။

ခုန link ထဲရောက်သွားပြီဆိုရင် Email နဲ့ Password ရိုက်ပြီး Sign Up လုပ်လိုက်ပါ

Sign Up လုပ်ရန်

Create your account လုပ်ပြီးသွားတာနဲ့ Email Confirm လုပ်ရပါလိမ့်မယ်။

Confirm လုပ်ရန်လို

ကိုယ် Register လုပ်ခဲ့တဲ့ Email မှာ ဒီလိုလေးရောက်နေပါလိမ့်မယ် အဲဒီထဲက Link ကို နှိပ်လိုက်တာနဲ့ Confirm ဖြစ်သွားပါမယ်။

အပြာ Link ကို နှိပ်ရန်

Email Confirm လုပ်ပြီးတာနဲ့ Card ထည့်ရပါတော့မယ်။ ကဒ်ထည့်နည်းကိုတော့ မပြောပြတော့ဘူးနော်။ မထည့်တက်ဖူးဆိုရင် ဒီမှာ ရေးထားပါတယ်။

Card Information တွေ ဖြည့်ရန်

ဒီအချက်အလက်တွေ ဖြည့်ပြီးတာနဲ့ ကဒ်ကို $1 လောက်စမ်းဖြတ်တက်ပါတယ်။ပြီးတာနဲ့ အဆင်ပြေသွားသလို ကိုယ့် အကောင့်ထဲ $100 ရသွားပါပြီ။ (ခုန ကျနော်ပြောတဲ့ Link က register လုပ်ရင်ပေါ့)

ပြီးတာနဲ့ Create ထဲက Droplets ကိုသွားပါ အောက်ကပုံအတိုင်းကြလာပါလိမ့်မယ်။

အဲမှာ Distributions တို့ Container distributions တို့ ထဲမှာမှ Marketplace ကို ရွေးပါ။ Marketplace ထဲမှာပဲ WordPress on 18.04 or update version ကိုရွေး .. နောက်ပြီး Plan မှာလဲ $5 တန်ကိုပဲ ရွေးပါ

ပြီးတာနဲ့ အောက်မှာ backup လုပ်ချင် backup ကိုရွေး လုပ်ရင်တော့ $1 ပိုပေးရမယ်။ ပြီးရင် Data Center ကိုရွေးပါ တစ်ချို့က Singapore တို့ဘာတို့ ရွေးတက်ပေးမယ် ကျနော်ကတော့ အဆင်ပြေတာထားပါတယ်။

အောက်ဆုံးမှာ ကိုယ့် droplets ကို နာမည်တစ်ခုပေးပါ ပြီးတာနဲ့ Create နှိပ်လိုက်ပြီး ခဏစောင့်ပါ။

create လုပ်နေတာပြီးတာရင် ကိုယ့် server IP တွေ မြင်ရပြီဆို ရပါပြီ။

Email မှာလဲ information တွေ ပို့ပေးတာကြည့်လို့ရပါမယ်။ အဲမှာ password လဲပါပါတယ်။

Domain နဲ့ Hosting ချိတ်မယ်

နောက်တစ်ဆင့်က Domain ချိတ်တာပါ ကိုယ်ဝယ်ထားတဲ့ Domain ကို ဒီ droplets မှာ လာချိတ်တာပါ။ ဒါမှ website ကိုခေါ်လိုက်ရင် ဒီထဲက data တွေ ကြလာမယ့် သဘောပေါ့။

အဲတော့ ကိုယ်ဝယ်ထားတဲ့ Domain ကို အဲဘေးမှာ နှိပ်လိုက်ရင် Add a domain ဆိုတာတွေ့ပါလိမ့်မယ်။ ပြီးရင် အောက်ကပုံလို Enter domain နေရမှာ www မပါပဲ yourdomain.com ဆို ရိုက်ထည့်မယ် ပြီးရင် ဘေးမှာ ကိုယ့် droplets ကိုရွေးပေးရုံပါပဲ။

ဒါပြီးတာနဲ့ ကိုယ့် ဝယ်ခဲ့တဲ့ Domain website က Domain Settings မှာ ဒီအောက်က ဟာလေးတွေ ထည့်ရပါမယ်။ ဒါတွေ ထည့်ပြီးတာနဲ့ ၂၄ နာရီ ဒါမှမဟုတ် ၄၈ နာရီလောက်စောင့်လိုက်ရင် update ဖြစ်ကြောင်း email ရပါလိမ့်မယ်။

နောက်တစ်ချက်စစ်ရမှာက www ပါ။ Host Name မှာ www ထည့်ပြီး ကိုယ့် droplets ကိုချိတ်ဖို့လိုအပ်ပါသေးတယ်။ အဲဒါမှ www တပ်ခေါ်လဲ ကိုယ့် website ခေါ်လို့ရမယ် မတပ်ခေါ်လဲ ကိုယ့် website ကျမှာပါ။ အဲဒါတွေ သေချာပြီဆိုရင် နောက်ဆုံး Manage Domain ရဲ့ DNS records မှာ အောက်ကပုံအတိုင်းဖြစ်ရပါမယ်။

ဒီအဆင့်ထိရောက်တာနဲ့ ကိုယ့် domain ကို ခေါ်လိုက်ရင် အောက်ကပုံလို မြင်ရပါလိမ့်မယ်ဒါဆိုရင် နောက်တစ်ဆင့်က ကိုယ့် droplets ကို login ဝင်ဖို့ပဲ ကျန်ပါတော့တယ်။

SSH ဝင်ကြမယ်

SSH ဝင်ဖို့ အောက်ပါအတိုင်းလိုအပ်ပါတယ်။ တစ်ချို့ကတော့ ဒီနေရာမှာ PuTTY လို software တွေနဲ့ အသုံးပြုကြပါတယ်။ ကျနော်ကတော့ Mac မှာ မူရင်းပါတဲ့ Terminal ကိုပဲ အသုံးပြုသွားပြီး ပြသွားပါမယ်။ Terminal ကိုဖွင့်ပါ။

ssh root@use_your_droplet_ip

use_your_droplet_ip မှာ ခုန email ထဲကိုရောက်လာတဲ့ ip ကိုရွေးပြီးတာနဲ့ password တောင်းပါလိမ့်မယ်။ အဲဒါကတော့ email ထဲပါလာတဲ့ password ပါပဲ။ ပထမဆုံးတစ်ခေါက်ဆို password ချိန်းခိုင်းပါလိမ့်မယ် ကိုယ့် မှတ်မိမယ့် secure password ကိုရွေးချယ်ပေးပါ။

အဲမှာ ကိုယ့် domain name ကိုထည့်ရပါမယ်။ ပြီးတာနဲ့ အဆင့်ဆင့် yes > email address ထည့် > Agree လုပ်လိုက်တာနဲ့ SSL အတွက် ready ဖြစ်သွားပါလိမ့်မယ်။ SSL အနှစ်ချုပ်ပြောရရင်တော့ ကိုယ့် domain အတွက် https:// ဆိုတာလေး အတွက်ပေါ့။ ခုနောက်ပိုင်း Chrome browser တွေမှာဆိုရင် http:// ဆိုရင် not secure ဆိုပြီး ပြလေ့ရှိပါတယ်။ ခု ဟာက https:// ပါတော့ secure ဆိုပြီး ပြပါလိမ့်မယ်။

နောက်တစ်ဆင့်မှာတော့ Y ဆိုတာရွေးလဲ ရတယ် email ကို သူတို့ update တွေပို့လို့ရမလားဆိုတဲ့သဘောပေါ့။ ကိုယ်မကြိုက်ရင် N ရွေးပေါ့။ အဲဒါပြီးတာနဲ့ ကိုယ့် domain ကို နှစ်မျိုးပြပါလိမ့်မယ် www ပါတာနဲ့ မပါတာနဲ့ပေါ့ ။ နှစ်ခု စလုံးကို ပါစေချင်ရင် blank ထားပြီး enter ခေါ်လိုက်ရုံပါပဲ။ ဒီအဆင့်တွေ ပြီးသွားရင် ကိုယ့် domain ကို ခေါ်လိုက်တာနဲ့ အောက်က ပုံအတိုင်းတွေ့ရမှာပါ။

English ကိုရွေး > လိုအပ်တဲ့ site name တွေ email တွေ password တွေဖြည့်ပြီးတာနဲ့ WordPress website တစ်ခုရပါပြီ။

ဒါဆို ကိုယ့် Domain ကိုခေါ်ကြည့်လိုက်တာနဲ့ website တစ်ခုမြင်ရမှာပါ။ Admin ဘက် login ဝင်ဖို့ကတော့ www.yourdomain.com/wp-login.php ကနေ register လုပ်ထားတဲ့ username နဲ့ password ဝင်လို့ပြီး post တွေ တင်လို့ရပါပြီ။ နောက် Article တစ်ခုမှာ WordPress website အတွက် Theme တွေ plugin တွေ ရေးပေးသွားပါအုံးမယ်။


Document

Thank you for reading. Buy me a coffee?


Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles