Thai မှာ e-commerce platform တွေကို အသုံးပြုနေတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ထိုင်းလုပ်ငန်းတွေ အွန်လိုင်း Digital စီးပွားရေးမှာ တရားမျှ တတဲ့ ယှဉ်ပြိုင်မှု ဖြစ်ဖို့အတွက် TISI Watch ဆိုတဲ့ AI စနစ်သုံး System တစ်ခုရှိတယ်။

သိသလောက် Beta Run နေတာ (၅) လလောက်တော့ရှိပြီ။ အခု ပထမဆုံးအကြိမ် report ထွက်လာတယ်ပေါ့။

ဒီစနစ်က online platforms တွေမှာ ရောင်းနေတဲ့ စံသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ထုတ်ကုန်တွေကို AI နည်းပညာသုံးပြီး စောင့်ကြည့်ရှာဖွေပေးတယ် လို့ပြောတယ်။

အခု စမ်းသပ်ကာလ Data Report အရ
  • သံသယဖြစ်ဖွယ် ပစ္စည်းများရဲ့ link ၁၂၅,၀၀၀ ကျော် ဖမ်းမိ
  • ၂,၈၀၀ ကျော် listings တွေကို ပယ်ဖျက်ခဲ့ပြီး
  • ၇၇၇ ခု တရားရေးကိစ္စတွေ စတင်ခဲ့ (အဓိကအားဖြင့် e-commerce platform ကြီး တော်တော်များများပါတယ် လက်ရှိ အဲ platform တွေကလဲ စည်းကမ်းတွေ တင်းကျပ်လာနိုင်တယ်)
TISI Watch (AI) က ဘယ်လိုအလုပ်လုပ်လဲ ဆိုရင်
  • ၂၄ နာရီ ဆက်တိုက် လုပ်ဆောင်ပေးတဲ့ System တစ်ခုပေါ့
  • Thailand Industrial Standards Institute (TISI) စည်းမျဉ်းတွေကို ချိုးဖောက်မည့် ပစ္စည်းများကို scan လုပ်ပြီး သုံးသပ်ပေးတယ်
  • E-commerce လုပ်ငန်းတွေအတွက် တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို သေချာစေရန် ရည်ရွယ်ပါတယ်
အဓိက ဖမ်းမိတဲ့ ထုတ်ကုန်အမျိုးအစားများ:
  • အစားအစာအတွက် ပလပ်စတစ်ပစ္စည်းများ
  • ကလေးအရုပ်များ
  • မော်တော်ဆိုင်ကယ် အိတ်ဇော Pipe များ
  • လျှပ်စစ် strips
  • Power bank များ
  • Certifcate မရှိတဲ့ မော်တော်ဆိုင်ကယ်ဦးထုပ်များ
ဒီစနစ်က စိတ်ဝင်စားဖို့ကောင်းတာ သူက အနာဂတ်မှာ
  • ပစ္စည်းအတုတွေ များများ ရှာဖွေတွေ့ရှိနိုင်အောင် စွမ်းရည်ချဲ့ထွင်ဖို့
  • လိုင်စင်အတုတွေ စစ်ဆေးနိုင်ဖို့
  • ဥပဒေကနေ လွတ်နေတဲ့ တရားမဝင် ပစ္စည်းများကို ထိန်းချုပ်ဖို့

အဲလို နေရာတွေအတွက် သေချာ လုပ်နေတယ်လို့ကြေညာထားတယ်။