ဒါ ကျနော့် experience အပြင်.. အခြား Ananda User Group , News Feed ပေါ်တက်လာတဲ့ အရာတွေ ပေါင်းစပ်ပြီး ပြည့်စုံတဲ့ review တစ်ခုရေးပေးလိုက်တာပါ။ ဒီ Review ဖတ်ပြီးဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ချက်ချလို့ရသွားမယ်လို့ယုံကြည်ပါတယ်။

(၁) Coverage ကိုကြည့်ပါ ?

မဝယ်ခင်မှာ စစ်ဆေးသင့်ပါတယ်။ သူ ပုံအကြီးနဲ့ ပြထားသလို ၂၅ မြို့နယ် Coverage ဆိုတာ ကို မယုံသင့်ပါဘူး။ အသေးစိတ် ကိုယ့် အိမ် ကိုယ့်လမ်း ကို အနီးကဒ် ဆွဲကြည့် စစ်ဆေးသင့်ပါတယ်။ ဘယ်လိုစစ်ရမလဲ ဆိုရင် https://www.ananda.com.mm/maps/coverage မှာ ကြည့်နိုင်သလို ၊ သူ့ရဲ့ My Ananda App ကိုဒေါင်းပြီး “အခြား” ထဲက “မြေပုံ” ထဲက “ကွန်ယက်” မှာလဲ ကြည့်လို့ရပါတယ်။ အခု ပုံမှာ ပြထားသလို အစိမ်းတွေ နည်းနေတဲ့ နေရာတွေ လုံးဝ ကွက်ကြား ဖြစ်နေတယ်ဆိုရင် မဝယ်ဖို့ တိုက်တွန်းပါရစေ။ အဲလို မဟုတ်ပဲ ကိုယ်သုံးမဲ့ နေရာက စိမ်းနေတယ် .. အစိမ်းလေးတွေလဲ နည်းနည်း ရှိနေတယ်ဆိုရင် အဆင်ပြေပါတယ်။ ဒါ မဝယ်ခင် စစ်ရမဲ့ အချက်ပါ။

(၂) MiFi Device or Router?

MiFi Device က အရင် ooredoo က ရောင်းခဲ့တာတွေ တစ်ချို့ ဆိုင်တွေမှာ ဆို sim router ဆိုပြီးရောင်းပါတယ်။ သူက battary ပါတယ် (၁၀ နာရီခံတယ်လို့ ရေးထားတယ်) ဒါပေမဲ့ ၁၀ နာရီ ခံချင်မှ ခံမှာပါ 😀 <လိုင်းဆွဲအားဆိုတာ battary နဲ့သွား ချိတ်မိနေတာကို> ပြောချင်တာ Ananda ကတော့ MiFi လို့ ခေါ်ပြီး ၃၅၀၀၀ ကျပ်နဲ့ ရောင်းပါတယ်။ Ananda Sim Card ပဲ ထည့်လို့ရတယ်။ MiFi Device + Sim Card + 30 days free = 35000 ကျပ်နဲ့ ပထမဆုံး ဝယ်လို့ရတယ်။ သူဆိုလိုတာ ပထမ တစ်လ unlimited data သုံးခွင့်ကို ၃၅၀၀၀ ကျပ်နဲ့ရောင်းပေမဲ့ Sim Card နဲ့ MiFi ကို free ပေးလိုက်တဲ့သဘောပေါ့။

နောက်တစ်ခုက Router ဒါလဲ Huawei router တစ်ခုပဲ အခြား SIM card router တွေလဲ အပြင်မှာ ဝယ်လို့ရတယ် သူ့ anada sim ထည့်သုံးလိုက်ရုံပဲ။ Ananda ကတော့ သူ့ router ကို ၆၅၀၀၀ ကျပ်နဲ့ ရောင်းတယ်။ အဲမှာလဲ sim card အပြင် ရက် ၆၀ unlimited data သုံးခွင့်ရှိတယ်။ ဟို MiFi နဲ့ တွက်ကြည့်ရင်တော့ အတူတူပဲပေါ့ ရက် ၃၀ ကို ၃၅၀၀၀ ကျပ်ပဲပေါ့။ ဒါပေမဲ့ router ကတော့ battary မပါဘူး power direct ကြွေးထားရမယ်။ ကောင်းတာက MiFI ထက်တော့ လိုင်းဆွဲအားကောင်းမယ် MiFi လိုတော့ သွားလေရာ လွယ်လွယ် သယ်လို့ မရဘူးပေါ့။ အိမ်တို့ ရုံးတို့ ဆိုရင်တော့ recommend လုပ်ပါတယ်။

(၃) ရက် ၃၀ ကျော်ရင် ဘယ်လောက်လဲ ?

ဒီ ပုံထဲကလို package တွေ ပါပါတယ်။ နောက်ထပ် ဘယ် စက်နဲ့ပဲ ဖြစ်ဖြစ် ၃၅၀၀၀ ကျပ်နဲ့ နောက်ထပ် unlimited ရက် ၃၀ ထပ် တိုးနိုင်သလို အခြား ကိုယ်လိုချင်တဲ့ package တွေရွေးသုံးချင်လဲရတယ်။

(၄) ကျနော့် နေတဲ့ လမ်းကတော့ အစိမ်းတွေနည်းတယ် ဘေးလမ်းမှာတော့ ရှိတယ် ဘယ်လိုလုပ်ရမလဲ?

ဒါဆိုကျနော်နဲ့ တူပါတယ်။ ကျနော်ကတော့ router ကို ဝယ်ဖို့ recommend လုပ်ပါတယ်။ ကျနော့် အတွေ့အကြုံလေး ပြောပြမယ်။ ကျနော် router လေးကို ရုံးမှာ စမ်းတယ် ရုံးနားတစ်ဝက် အစိမ်းတွေ မရှိသလောက်ရှားတယ် ရုံးပြင်ထွက်တာတောင် no service ပဲ ပြတယ်။ ဒါနဲ့ အိမ်ယူစမ်းဖြစ်တယ်။ ပထမဆုံး အိမ်ထဲမှာထားတယ် no service မပြဘူး ။ router က မီးလဲ လင်းတယ် connected ပြတယ်။ ဒါနဲ့ အိမ်တံခါးနား မှာထားတယ် ပုံထဲက အတိုင်း တစ်တုံးတက်လားတယ်။ ဒါပေမဲ့ အလုပ် မဖြစ်ပါဘူး google တောင် မတက်ခဲ့ဘူး။ ဒါနဲ့ ဝါးရံတာ ရဲ့ အလယ်မှာ ထားတယ် ၂ တုန်း တက်လာတယ်။ လိုင်းနည်းနည်းတက်လာပေမဲ့ အလုပ်မဖြစ်သလို speed test မှာလဲ test တောင် နှိပ်မရပါဘူး။ ဒါနဲ့ နံပါတ်(၁) မှာပြောခဲ့တဲ့ မြေပုံကို ပြန်ကြည့်  ” အော်.. ငါ့လမ်းထိပ် မှာ အစိမ်းလေးတွေ ပိုများတယ် အဲဘက် နီးတာထားရမယ်” ဆိုပြီးလမ်းထပ်ဘက်နဲ့နီးတဲ့ဝါးရံတာဘက်ကိုဒေါင့်ကပ်ထားလိုက်တယ်။၄တုန်းလောက်ထိတက်သွားတယ်။

(၅) Unlimited ဆိုပေမဲ့ လိုင်းမြန်နှုန်းကရော ?

ကျနော် တွေ့သမျှ နေရာပေါ်မူတည်ပြီး Speed လဲ ကွာတယ် တစ်ချို့ 20 Mbps ထိ တက်တာရှိသလို 1 Mpbs နီးပါးတက်တာတွေလဲ တွေ့ရတယ်။ ကျနော်အိမ်မှာတော့ ခု 16Mbps ထိတက်တယ် Upload Speed တော့ သိပ်မရှိဘူး နေရာတိုင်း speed test စမ်းသမျှကြည့်ထားတာသမျှပေါ့။

(၆) ကျနော့်အမြင်

လက်ရှိ အိမ်မှာ fiber 6 Mbps တက်ထားတာ တစ်လ ၇၅၀၀၀၀ ကျော်ရှိသလို အခြား အင်တာနက်လိုင်းတွေက Unlimited ယူမယ်ဆိုရင် ၇ သောင်း ၈ သောင်းဝန်းကျင်ရှိပါတယ်။ Ananda ကတော့  Unlimited နဲ့ တစ်လ ၃ သောင်းခွဲပဲကုန်မှာပါ။ နောက်စဉ်းစားရမဲ့ အချက်ကတော့ သုံးစွဲသူများလာတာကို ဘယ်လို cover လုပ်မလဲ ဆိုတာပါပဲ သုံးစွဲသူများတဲ့ နေရာတွေမှာ လိုင်း speed ကျနိုင်ပါတယ်။ အဲတော့ ၂ လ ရတုန်း သုံးပြီး မကောင်းတော့ရင် လွှင့်ပစ်မလား ..ကောင်းတယ်ဆိုရင်ဆက်သုံးမလားကိုယ့်အတွက်တန်လားဆိုတာကတော့ဒီအထိရောက်အောင်ဖတ်တဲ့သူတာဝန်ဖြစ်သွားပါပြီကျနော်ပြောတဲ့မြေပုံကြည့်ပြီးမှဝယ်ဆိုတာတော့မမေ့စေချင်ဘူး။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles