ဒီရက်ပိုင်း လာမေးတာ အများဆုံး မေးခွန်းတစ်ခုကို ဒီမှာပဲ ဖြေပေးလိုက်ပါမယ်။
မေး – လက်ရှိ Local Bank က ကဒ်တွေဖြစ်တဲ့ Visa/Master တွေ Facebook မှာ Boost ဖို့ မရတော့ဘူးဆိုရင် ဘယ်လို Payment နဲ့ ဖြေရှင်းလို့ရမလဲ?
ဖြေ – ကျနော် စဉ်းစားပေးထားတဲ့ နည်းလမ်း (၃) ခု မျှပေးချင်ပါတယ်။ မိမိ အသုံး Budget ပေါ်မူတည်ပြီး ကိုက်ညီတာ သုံးပါ။

နည်းလမ်း(၁)
(၁) Bangkok လောက်ကို Visit နဲ့ လာပြီး Bank Account ဖွင့်တာပါ ဖွင့်လိုက်တာနဲ့ Master Debit Card ရပါတယ်။ ငွေကတော့ အကောင့်ရရင် မြန်မာ ပြည်မှာရော Thai မှာရော Exchange လုပ်ပေးတဲ့သူတွေ ပေါ်ပါတယ်။ (စိတ်ချရတဲ့ Exchange လုပ်နေတဲ့သူတွေလဲ ကျနော် ညွန်ပေးလို့ရပါတယ်)
နည်းလမ်း(၂)
(၂) Paypal Account နဲ့ ချေတာ။ Facebook က paypal နဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ပြသနာတစ်ခုက paypal အသုံးပြုခွင့်က မြန်မာနိင်ငံ မပါသေးတဲ့အတွက် ကျော်ခွ သုံးရတာ ရေရှည် စိတ်မချရပါဘူး။ paypal ထဲ ငွေထည့်ဖို့ကလဲ Agent တွေ ရှိပါတယ်။ ကျနော်တောင် အစပိုင်းအဲလိုသုံးခဲ့တာပါ။
နည်းလမ်း(၃)
(၃) Virtual Card (Master/Visa/Others) ကဒ်တွေသုံးတာပါ ဒါ ကျနော် ဟိုးအရင်က သုံးတဲ့ နည်းလမ်းပါ။ မြန်မာပြည်မှာ စပြီး Boost လုပ်တဲ့ချိန်မှာ ကျနော် နိုင်ငံခြား site တွေကနေ virtual card တွေ သုံးပြီး စမ်းကြည့်ဖူးပါတယ်။ အဲတုန်းကတော့ ငွေဖြည့်တာ WU နဲ့ ဖြည့်တာပါ။ ခုခေတ်တာတော့ ငွေဖြည့်ဖို့က Crytocurrency လို ဟာမျိုးတွေနဲ့လဲ လွယ်လွယ်ကူကူလွှဲလို့ရနေပါပြီ။
နည်းလမ်း(၃) ခုထဲမှာမှ မိမိ Budget အနေအထားပေါ် မူတည်ပြီး အသုံးပြုလို့ရပါတယ်။ အဆင်ပြေကြပါစေ မေးချင်တာရှိလဲ comment မှာ မေးခဲ့ပေးပါနော်။
Comments