burma.social အကြောင်းမသိသေးတဲ့ သူတွေကို နည်းနည်းရှင်းပြချင်ပါတယ်။ သူက community platform တစ်ခု decentralize ဖြစ်တယ်ပေါ့။ Facebook တို့ Twitter တို့ဆိုတာ centralize ဖြစ်တဲ့ platform ပေါ့။ သူတို့ မကြိုက်ရင် မကြိုက်သလို ban လို့ရမယ် ပိတ်လို့ရမယ်။ ဒီမှာက အဲလို မဟုတ်ဘူး Mastodon ဆိုတဲ့ network ထဲမှာ ကိုယ်ကြိုက်သလို ခွဲထွက်ထွက် ထပ်ပီး built လုပ်လဲရတယ်။ ခု burma.social ဆိုတာလဲ နည်းပညာနယ်ပယ်ထဲက သူတွေ စပြီး ထူထောင်ထားတာ အထဲမှာ လွတ်လပ်တယ် အေးဆေးပဲပေါ့။

ခု Facebook ကလဲ Blue Mark ကို စရောင်းပြီ Twitter ကလဲ စရောင်းပြီး သိတဲ့အတိုင်း အင်အားကြီးလေ နှိပ်စက်တာခံရလေပဲ။ ကိုယ်တွေလဲ မဖြစ်သာလို့ သုံးရတာ ကျနော်ဆို Marketing Technology ပိုင်းကဆိုတော့ အကုန်လုံးကို ဆက်စပ် သုံးနေရတာပါ။ အဲတော့ခုလဲ burma.social မှာ verification ရအောင်လုပ်ပြရင်း Post လေးရေးမယ် ဆုံးဖြတ်လိုက်တာပေါ့။

ပထမ နည်းလမ်း (၁)

ပထမ နည်းလမ်းကတော့ ကိုယ်ပိုင် website ရှိသူတွေအတွက် ရည်ရွယ်ပါတယ်။ website ရှိတယ်ဆိုရင် edit profile ထဲက verification ထဲ “a rel=me” နဲ့ စတဲ့ code ကို copy ကူး ပီး ကိုယ့် website ထဲ ထည့်ရုံပါပဲ။ ကျနော်က တော့ ဒီ post မှာပဲ ထည့်မယ်ပေါ့။ ဒီမှာ burma.social မှာ ရှိတဲ့ ကျနော် Profile > Wai Yan Mastodon


ကျနော်ကတော့ အပေါ်က အတိုင်း Edit As HTML နဲ့ထည့်လိုက်တယ်။ ရပီဆိုရင် အောက်က အတိုင်း အစိမ်းလေးနဲ့ ပေါ်နေပါလိမ့်မယ်။

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles