Banner

Press ESC to close

Facebook

0

ဘယ်လို Payment Method သုံးမလဲ

ဒီရက်ပိုင်း လာမေးတာ အများဆုံး မေးခွန်းတစ်ခုကို ဒီမှာပဲ ဖြေပေးလိုက်ပါမယ်။ မေး – လက်ရှိ Local Bank က ကဒ်တွေဖြစ်တဲ့ Visa/Master တွေ Facebook မှာ Boost ဖို့ မရတော့ဘူးဆိုရင် ဘယ်လို Payment နဲ့ ဖြေရှင်းလို့ရမလဲ? ဖြေ – ကျနော် စဉ်းစားပေးထားတဲ့ နည်းလမ်း (၃) ခု မျှပေးချင်ပါတယ်။ မိမိ အသုံး Budget ပေါ်မူတည်ပြီး ကိုက်ညီတာ သုံးပါ။ နည်းလမ်း(၁) (၁) Bangkok လောက်ကို Visit နဲ့ လာပြီး Bank Account ဖွင့်တာပါ ဖွင့်လိုက်တာနဲ့ Master Debit Card ရပါတယ်။ ငွေကတော့ အကောင့်ရရင် မြန်မာ ပြည်မှာရော Thai မှာရော Exchange လုပ်ပေးတဲ့သူတွေ ပေါ်ပါတယ်။ (စိတ်ချရတဲ့ Exchange လုပ်နေတဲ့သူတွေလဲ ကျနော် ညွန်ပေးလို့ရပါတယ်) နည်းလမ်း(၂) (၂) Paypal Account နဲ့ ချေတာ။ Facebook က paypal နဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ပြသနာတစ်ခုက paypal အသုံးပြုခွင့်က မြန်မာနိင်ငံ မပါသေးတဲ့အတွက် ကျော်ခွ သုံးရတာ ရေရှည် စိတ်မချရပါဘူး။ paypal ထဲ ငွေထည့်ဖို့ကလဲ Agent တွေ ရှိပါတယ်။ ကျနော်တောင် အစပိုင်းအဲလိုသုံးခဲ့တာပါ။ နည်းလမ်း(၃) (၃) Virtual Card…

Wai Yan Thwin
Continue Reading
0

Meta က Facebook Live Shopping ကို ဖြုတ်ပစ်တော့မှာပါ

Facebook ပေါ်မှာ Live လုပ်နေတဲ့ သူတွေ အဖို့ ဒါက နည်းနည်းတော့ နမျှောစရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့မှာ ဖြုတ်ပစ်တဲ့ အကြောင်းပြချက်တော့ရှိနေပါတယ်။ သူတို့ အကြောင်းပြချက်ကတော့ လူတွေရဲ့

Wai Yan Thwin
Continue Reading
0

Facebook Page Boost လုပ်နည်း

Facebook Page တစ်ခုဟာ လူတွေကြားထဲ ပိုမိုပြန့်နှံ့အောင် လုပ်တာကို ads (ကြေငြာ) လုပ်တယ်လို့ ခေါ်ကြပါတယ် အရပ်စကား နဲ့ပြောရင် Boost လုပ်တယ်ပေါ့ ။ Marketing သမားတွေ နဲ့ ဝန်ဆောင်မှု့ပေးတဲ့ လုပ်ငန်းတွေကတော့ Media Buying လုပ်တယ်လို့ လည်း ခေါ်ကြပါသေးတယ်။ ဒီ Video လေးကတော့ Boost လုပ်နည်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်း တစ်ခြား နည်းလမ်းနဲ့ boost လို့ရတာတွေကိုလဲ Video လေးနဲ့ လုပ်ပေးသွားအုံးမှာ ဖြစ်လို့ မေးချင်တာရှိရင်လဲ comment မှာ ဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်။ ဟိုးအရင်က ပုံနဲ့စာ နဲ့ပေါင်းပြီး ရေးပေးထားတဲ့ Page Like များအောင် လုပ်နည်း Blog Post လေးကိုလဲ​ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီ Video ထဲမှာ အဓိက Computer နဲ့ Step by Step လိုက်လုပ်လို့ရအောင် သေချာ ရှင်းပြပေးထားပါတယ်။ ကျန်တဲ့ နည်းလမ်း (၂) ခုကိုလဲ ဗဟုသုတ အဖြစ်ရအောင် မကြာခင် Video နဲ့ရော စာနဲ့ ရော လုပ်ပေးသွားဖို့ ရှိပါတယ်။ ဖတ်ပေးလို့ ကျေးဇူးပါဗျ။

Wai Yan Thwin
Continue Reading
0

Readability က ဘာကြောင့် အရေးကြီးတာလဲ?

Content အရမ်းကောင်းနေတယ် ဒါပေမဲ့ စကားလုံးတွေကို ဖြတ်သင့်နေရာ မဖြတ်တာ၊ Space မခြားသင့်တဲ့ နေရာ မခြားတာတွေကြောင့် ဖတ်တဲ့သူကို လွယ်လွယ်ကူကူ မဖြစ်စေမျိုးတွေ ကြုံဖူးမှာပါ။ အထူးသဖြင့် Social Media လို့ခေါ်တဲ့ Facebook မှာ စာအရှည်ကြီးတွေ တင်ရင် ပိုသိသာပါတယ်။ မိမိစာကို တစ်ကြောင်းချင်းစီ ဖတ်သွားပြီး နောက်ဆုံးအထိ ဖတ်သွားဖို့ အရေးကြီးပါတယ်။ ဒီလို ဖြစ်အောင် ကူညီနိုင်တာလဲ Readability ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပိုင်း နှစ်ခု ခွဲပြီး ပြောသွားပါရစေ။ ပထမပိုင်းကတော့ Readability ကို အဓိကက SEO နေရာမှာသုံးပါတယ်။ SEO ရဲ့ Rank ကောင်းဖို့ Readability Score ရှိဖို့လိုပါတယ်။ ဘာလို့လဲလို့ မေးရင် Article တစ်ပုဒ်ထဲမှာရှိတဲ့ စကားစုလို ခေါ်တဲ့ Keywords တွေကို လွယ်လွယ်ကူကူ ဖတ်နိုင်ရင်တာ၊ User တွေ လွယ်လွယ်ကူကူဖတ်နိုင်လားဆိုတာတွေပေါ်မူတည်ပြီး Search Engine ကလဲ Ranking ကောင်းကောင်း ပြပေးနိုင်ပါတယ်။ ကိုယ့် Target Audience တွေက Easy to Read ဖြစ်မဖြစ် ကို English Language နဲ့ဆို Readability ကိုတိုင်းတာပေးနိုင်တဲ့ SEO Tools တွေလဲရှိတယ်။ မေးစရာက မြန်မာစာမှာရော မရှိတာလဲ ဆိုတာပဲ။ လွယ်လွယ်ကူကူဖြေရရင်တော့ Unicode စံသတ်မှတ်ချက်ကြောင့်ပဲ ဖြေလို့ရပါတယ်။ မြန်မာစာရဲ့ ယူနီကုဒ် စနစ်က…

Wai Yan Thwin
Continue Reading
0

Digital Marketing Strategy တစ်ခုဘယ်လိုစဉ်းစားလဲ

Digital Marketing လုပ်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ Strategy မရှိကြပါဘူး။ များသောအားဖြင့် Content ရေး Visual ဆွဲ တင် ဆိုတဲ့ လုံးဝ အခြေခံ ကျတဲ့ နည်းလမ်းကိုသာ သုံးကြပါတယ်။ Digital Marketing Strategy ချဖို့ နည်းလမ်းတွေက အများကြီးရှိပေမယ့် အလွယ်ဆုံးနဲ့ စမ်းကြည့်ဖို့ လွယ်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါမယ်။ ဒီ Beginner အဆင့်ထက် ကိုယ့်လုပ်ငန်းကို ပိုမြှင့်ချင်ရင်တော့ ကျနော် Newness Digital Agency ကိုသာ ဆက်သွယ်ပါ (ဒါက ကြေငြာဝင်တာ ) အိုကေ ပထမဆုံး အမြဲ လုပ်ရတဲ့ တစ်ခုကတော့ Objective ပါပဲ။ Objective မရှိတဲ့ လုပ်ငန်းတစ်ခုဟာ လေနှင်ရာ သွားနေတဲ့ သင်္ဘောတစ်စီးလိုပါပဲ။ အမြဲပြောဖူးသလိုပဲ ကျနော့်ဆီ ရောက်လာတဲ့ လုပ်ငန်းတွေဟာ သူများ Digital ပေါ် တက်ဆိုလို့ တက်လာတာမျိုး ဟုတ်ရင် ဟုတ်၊ မဟုတ်ရင် ကိုယ့်ပြိုင်ဘက်က Digital ပေါ်ရောက်နေလို့ ကိုယ်က သူ့လို လိုက်လုပ်ချင်လို့ ဒီလို မျိုးတွေများပါတယ်။ တစ်ကယ့် Objective ကတော့ မိမိလုပ်ငန်းရဲ့ ဒီ တစ်နှစ်အတွင်း သွားမယ့် Business Objective ကို ချိတ်ဆက်ထားတဲ့ Marketing Objective ကို စဉ်းစားရမှာပါ။ အဆင့်(၁) Objective လုပ်ငန်းရှင်အများစု ချလေ့ ရှိတဲ့ Digital Marketing Objective တွေကတော့…

Wai Yan Thwin
Continue Reading
0

CB Pay ကနေ Visa ကဒ်ကို မြန်မာငွေနဲ့ TopUp လုပ်နည်း

ခုတစ်လော CB Pay ကနေ Visa ကဒ်တွေကို USD TopUp လုပ်မရတဲ့သူတွေများတဲ့ အတွက် ဘဏ်သွားပြီး USD ထည့်သူက ထည့်ဖြစ်နေရပါတယ်။ ဘဏ်ဘက်ကလဲ USD Rate အပြောင်းလဲတွေကြောင့် မရသလို၊ ဘာလိုလိုနဲ့ ခုချိန်ထဲ CB Pay Mobile App ကနေတောင် USD Rate ကြည့်မရသေးပါ။ ထားပါ။ အခု နည်းလမ်းကတော့ ဘဏ်သွားရသက်သာစေချင်တဲ့နည်း လမ်းပါ။ အဓိကက multi currency ပါတဲ့ Master Card ပဲ ဖြစ်ဖြစ်၊ Visa Card ပဲ ဖြစ်ဖြစ် ဒီနည်းနဲ့ ထည့်လို့ရပါတယ်။ အဆင့်(၁) အောက်က ပုံအတိုင်း၊ CB Pay ထဲဝင် Card Top Up မှာ MMK ကိုရွေးလိုက်ပါ။ ကျနော်ကတော့ ခန့်မှန်း Amount တစ်ခုထားဖို့ cbbank website မှာရှိတဲ့ Exchange Rate ကိုကြည့်လိုက်ပါတယ်။ အဲကဟာနဲ့ ခန်းမှန်းပြီး မြန်မာငွေထည့်လိုက်ပါတယ်။ ပုံမှာ ဒီ ပထမ အဆင့်နဲ့တင် တစ်ချို့ website တွေမှာ အသုံးပြုလို့ရပါတယ်။ အသုံးပြုတဲ့အခါ မြန်မာငွေထဲကနေ သက်ဆိုင်ရာ Amount နဲ့ ဖြတ်သွားတာပါ။ ကိုယ်က Facebook မှာ Boosting တို့ ဘာတို့လုပ်တယ်ဆိုရင်တော့ အဆင့်(၂) ကိုဆက်သွားတာပိုအဆင်ပြေပါတယ်။ ကျနော်ကိုယ်တိုင်လဲ လက်ရှိသုံးနေတာပါ။ အဆင့်(၂) ဒီအဆင့်ကတော့ CB…

Wai Yan Thwin
Continue Reading
0

Lead နဲ့ Prospect ဘယ်လိုကွာခြားသလဲ?

Facebook ရဲ့ Campaign Objective မှာလဲ မြင်ဖူးနေကြဖြစ်မှာပါ။ Lead Generate လုပ်တယ် ပြောကြသလို Lead Collect လုပ်တယ်ပြောကြပါတယ်။ Facebook Lead Generation ဆိုတဲ့ Objective ကတော့ CRM တွေနဲ့ပါ တိုက်ရိုက်ချိတ်ဆက်ထားနိုင်ပါတယ်။ ဒါတွေကိုနောက်မှ ပြောပြီး အခု Lead နဲ့ Prospect ဘယ်လိုကွာခြားလဲ ဉီးစားပေးရေးပေးသွားပါမယ်။ Lead ဆိုတာဘာလဲ? Lead ဆိုတာက Potential Customer ကိုဆိုလိုပါတယ်။ ဒါဆို Prospect ကကော? သူကလည်း Potential Customer ပါပဲ။ တူသယောင်ရှိပေမယ့် သူတို့နှစ်ခုရဲ့ ဆိုလိုရင်းကတော့ ကွဲပြားပါတယ်။ 😃 Lead ဆိုတာ Lead ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ Potential Customer ပါ။ ဒါပေမယ့် Lead မှာကျ ကျနော်တို့လုပ်ငန်းနဲ့ ကိုက်ညီတဲ့သူကော၊ မကိုက်ညီတဲ့သူကော ပါလာနိုင်ပါတယ်။ တစ်နည်းပြောရရင် Unqualified Potential Customer ပေါ့။  Lead ကို အမျိုးအစား (၃) မျိုးခွဲထားကြတယ်။ ◼ Information Qualified Lead (IQL) IQL ဆိုတာက ကျနော်တို့ပေးထားတဲ့ စာရွက်စာတမ်း၊ Ebook တစ်ခုခုကိုရဖို့ သူတို့ရဲ့ Contact details တွေကို ဖြည့်သွားပေးတဲ့သူတွေပါ။ ◼ Marketing Qualified Lead (MQL) MQL ကတော့ ကျနော်တို့ Marketing…

Wai Yan Thwin
Continue Reading
0

လာမယ့် 2022 မှာ Facebook ကဖယ်ရှားသွားမယ့် Detailed Targeting Options များအကြောင်း

ကျနော်တို့ Post တစ်ခုကို Boost လုပ်ပြီဆိုရင် ကိုယ့် Post ကို လိုချင်တဲ့ Audience တွေဆီရောက်အောင် အသက်၊ နေရပ် ရွေးချယ်ရပါတယ်။ နောက်ပြီး စိတ်ဝင်စားမှု၊ အမူအကျင့် စတာတွေပါဝင်တဲ့ Detailed Targeting  ကိုလည်းရွေးရပါတယ်။ လာမယ့် ၂၀၂၂၊ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေစပြီး Facebook က အချို့သော Detailed Targeting Options တွေကို ဖယ်ရှားသွားတော့မှာ ဖြစ်ပါတယ်။  “၂၀၂၂၊ ဇန်နဝါရီလ ၁၉ ရက်နေ့က စပြီး အသုံးပြုသူတွေအတွက် sensitive ဖြစ်စေမယ့် ကျန်းမာရေး၊ လူမျိုးနဲ့ မျိုးနွယ်စု၊ နိုင်ငံရေး၊ ကိုးကွယ်မှု ဘာသာတရား၊ လိင်ပိုင်းဆိုင်ရာ စတဲ့ခေါင်းစဉ်တွေနဲ့ သက်ဆိုင်တဲ့  Detailed Targeting Options တွေကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ “ လို့ Facebook Website မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်သွားခဲ့ပါတယ်။ ဥပမာ ကျနော်တို့အခု Boost လုပ်တဲ့အခါ Interest မှာ Health causes (e.g., “Lung cancer awareness”, “World Diabetes Day”, “Chemotherapy”) Sexual orientation (e.g., “same-sex marriage” and “LGBT culture”) Religious practices and groups (e.g., “Catholic Church” and…

Wai Yan Thwin
Continue Reading
0

Facebook Ad Account ဘယ်လိုဖွင့်မလဲ

ဒီရက်ပိုင်း ကိုယ်တိုင် Boost လုပ်နေတဲ့ လုပ်ငန်းရှင်တွေ နဲ့ အသိမိတ်ဆွေတွေ အမေးအများဆုံး ပြသနာကတော့ Ad Account Disabled ဖြစ်သွားရင် ဘယ်လိုပြန်လုပ်မလဲဆိုတာပါပဲ။ ဒါကြောင့် ဒီ Blog Post လေးရေးပါရစေ။ မြန်မာနိုင်ငံမှာ လက်ရှိသုံးနေတဲ့သူ အများစုဟာ VPN သုံးပြီး Facebook Ads များ ဖန်တီးနေရပါတယ်။ ဒါကြောင့် IP Address ပြောင်းလဲတာတွေ ကြောင့် Facebook Ad Account တွေဟာ Disabled ဖြစ်ဖို့ ရာခိုင်းနှုန်းများပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခု Blog မှာတော့ Ad Account အသစ်ဘယ်လိုလုပ်မလဲဆိုတာကို ဉီးစားပေးပြောသွားမှာဖြစ်လို့၊ VPN ကြောင့်ပဲဖြစ်ဖြစ်၊ Ads Policy ကြောင့်ပဲဖြစ်ဖြစ်၊ အသစ် Backup ဆောင်ထားချင်လို့ပဲ ဖြစ်ဖြစ် အသစ်တစ်ခု ဘယ်လိုဖွင့်မလဲ ဆိုတာပြောပြပေးသွားမှာပါ။ မှတ်ချက်။ ။ ယခု နည်းလမ်းဟာ Facebook Business ရှိပြီးသားသူတွေအတွက်သာဖြစ်ပြီး ပုံမှန် မိမိ Page မှ သာမန် User တွေအနေနဲ့ ဒီလင့်ကနေ သွားပြီး Business Account တစ်ခုရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအကြောင်းကိုလဲ နောက် Blog Post တွေမှာ ရှင်းပြပြီး ဒီ Post နဲ့ Link ပြန်ချိတ်ပေးထားလိုက်ပါမယ်။ ဒီနေရာက စပါ (အဆင့်ဆင့် ပုံလေးတွေပါ Screenshot ရိုက်ပေးထားပါတယ်) (၁) Business Settings…

Wai Yan Thwin
Continue Reading
0

Facebook ရဲ့ Personalised Marketing Plan ကို အခမဲ့ ဘယ်လိုရယူမလဲ

Facebook က Small Business တွေအတွက် Content တွေ Tools တွေ အစရှိသဖြင့် အမျိုးမျိုးထောက်ပံ့နေတာကြာပါပြီ။ ခုလဲ Facebook For Business ကနေပြီးတော့ small business တွေအတွက် Personalised Marketing Plan ကို Generate လုပ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးသွားပါမယ်။ သူပြောထားတဲ့ အဆင့်အဆင့်သွားလိုက်တာနဲ့ Marketing Plan တစ်ခါမှ မလုပ်ဖူးတဲ့ သူတွေအတွက် To-do list တစ်ခု ထုတ်ပေးသလို မျိုးဖြစ်ပါတယ်။ ခုမှ စလေ့လာမယ့် သူတွေအတွက်တော့ အထောက်ကူ ပိုဖြစ်ပါတယ်။ အဲတော့ ဘယ်လိုလုပ်ရမလဲ ပထမဆုံး ဒီ Link ကနေ သွားလိုက်ပါ။ Facebook Login တော့ လိုအပ်ပါတယ်Facebook Plan လိုချင်တာလား Instagram Plan လား မိမိ ကြိုက်တာရွေးပါ ကျနော် လေ့လာကြည့်သလောက် ခုန အဆင့်ထိက ဘယ်ဟာမျိုးကိုရွေးရွေး ဒီအဆင့်ထိက တူပါတယ်။ ခုလာမယ့် အဆင့်က စပြီး သူ suggest လုပ်တဲ့ အဆင့်ရောက်သွားပုံပါပဲ။ ဒီနေရာမှာ လဲ မိမိရွေးခဲ့တဲ့ပေါ်မူတည်ပြီး အများမျိုးဖြစ်နိုင်ပါတယ် ကျနော်ကတော့ နောက်ဆုံးအဆင့် စမ်းသပ်ပြချင်တာဖြစ်တဲ့အတွက် website ကနေ signup လုပ်ပြီး lead တွေရတဲ့ business မျိုးကို စိတ်ကူးပြီးရွေးထားတာပါ။ နောက်ဆုံး ဘာရလာမလဲ ကြည့်ရအောင် ကျနော်တို့အပြင်မှာ Marketing Plan Over…

Wai Yan Thwin
Continue Reading