Banner

Press ESC to close

Marketing

0

Digital Marketing Strategy တစ်ခုဘယ်လိုစဉ်းစားလဲ

Digital Marketing လုပ်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ Strategy မရှိကြပါဘူး။ များသောအားဖြင့် Content ရေး Visual ဆွဲ တင် ဆိုတဲ့ လုံးဝ အခြေခံ ကျတဲ့ နည်းလမ်းကိုသာ သုံးကြပါတယ်။ Digital Marketing Strategy ချဖို့ နည်းလမ်းတွေက အများကြီးရှိပေမယ့် အလွယ်ဆုံးနဲ့ စမ်းကြည့်ဖို့ လွယ်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါမယ်။ ဒီ Beginner အဆင့်ထက် ကိုယ့်လုပ်ငန်းကို ပိုမြှင့်ချင်ရင်တော့ ကျနော် Newness Digital Agency ကိုသာ ဆက်သွယ်ပါ (ဒါက ကြေငြာဝင်တာ ) အိုကေ ပထမဆုံး အမြဲ လုပ်ရတဲ့ တစ်ခုကတော့ Objective ပါပဲ။ Objective မရှိတဲ့ လုပ်ငန်းတစ်ခုဟာ လေနှင်ရာ သွားနေတဲ့ သင်္ဘောတစ်စီးလိုပါပဲ။ အမြဲပြောဖူးသလိုပဲ ကျနော့်ဆီ ရောက်လာတဲ့ လုပ်ငန်းတွေဟာ သူများ Digital ပေါ် တက်ဆိုလို့ တက်လာတာမျိုး ဟုတ်ရင် ဟုတ်၊ မဟုတ်ရင် ကိုယ့်ပြိုင်ဘက်က Digital ပေါ်ရောက်နေလို့ ကိုယ်က သူ့လို လိုက်လုပ်ချင်လို့ ဒီလို မျိုးတွေများပါတယ်။ တစ်ကယ့် Objective ကတော့ မိမိလုပ်ငန်းရဲ့ ဒီ တစ်နှစ်အတွင်း သွားမယ့် Business Objective ကို ချိတ်ဆက်ထားတဲ့ Marketing Objective ကို စဉ်းစားရမှာပါ။ အဆင့်(၁) Objective လုပ်ငန်းရှင်အများစု ချလေ့ ရှိတဲ့ Digital Marketing Objective တွေကတော့…

Wai Yan Thwin
Continue Reading
0

Lead နဲ့ Prospect ဘယ်လိုကွာခြားသလဲ?

Facebook ရဲ့ Campaign Objective မှာလဲ မြင်ဖူးနေကြဖြစ်မှာပါ။ Lead Generate လုပ်တယ် ပြောကြသလို Lead Collect လုပ်တယ်ပြောကြပါတယ်။ Facebook Lead Generation ဆိုတဲ့ Objective ကတော့ CRM တွေနဲ့ပါ တိုက်ရိုက်ချိတ်ဆက်ထားနိုင်ပါတယ်။ ဒါတွေကိုနောက်မှ ပြောပြီး အခု Lead နဲ့ Prospect ဘယ်လိုကွာခြားလဲ ဉီးစားပေးရေးပေးသွားပါမယ်။ Lead ဆိုတာဘာလဲ? Lead ဆိုတာက Potential Customer ကိုဆိုလိုပါတယ်။ ဒါဆို Prospect ကကော? သူကလည်း Potential Customer ပါပဲ။ တူသယောင်ရှိပေမယ့် သူတို့နှစ်ခုရဲ့ ဆိုလိုရင်းကတော့ ကွဲပြားပါတယ်။ 😃 Lead ဆိုတာ Lead ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ Potential Customer ပါ။ ဒါပေမယ့် Lead မှာကျ ကျနော်တို့လုပ်ငန်းနဲ့ ကိုက်ညီတဲ့သူကော၊ မကိုက်ညီတဲ့သူကော ပါလာနိုင်ပါတယ်။ တစ်နည်းပြောရရင် Unqualified Potential Customer ပေါ့။  Lead ကို အမျိုးအစား (၃) မျိုးခွဲထားကြတယ်။ ◼ Information Qualified Lead (IQL) IQL ဆိုတာက ကျနော်တို့ပေးထားတဲ့ စာရွက်စာတမ်း၊ Ebook တစ်ခုခုကိုရဖို့ သူတို့ရဲ့ Contact details တွေကို ဖြည့်သွားပေးတဲ့သူတွေပါ။ ◼ Marketing Qualified Lead (MQL) MQL ကတော့ ကျနော်တို့ Marketing…

Wai Yan Thwin
Continue Reading
0

Marketing ဆိုတာ…

လူတိုင်း အများစု မှားကြတာကတော့ Marketing နဲ့ Sales ဆိုတာပါပဲ။ ဒါကလဲ အခုချိန်ထိ ဒီနှစ်ခုက ခွဲလို့မရတဲ့ ညီအစ်ကိုတွေလို ဖြစ်နေတာလဲပါပါတယ်။ တစ်ချို့ company တွေမှာဆို Sales & Marketing ဆိုတဲ့ Position မျိုးတောင် ရှိပါတယ်။ လုပ်ရတာတွေကတော့  Job Description ကို ဖတ်ပြီးမှ သာ ရှင်းရှင်းလင်းလင်းသိရမှာပါ။ အခု ဒီမှာတော့ Marketing ဆိုတာကိုပဲ  လွယ်လွယ်ကူကူ နားလည်လွယ်အောင် ရေးကြည့်ပေးပါမယ်။ (၁) ကျနော်က နွားနို့ ရောင်းတဲ့သူပဲ ထားပါ။ အိမ်ရှေ့မှာ “ပြည်သား …. နွားနို့ ရပြီ” လို့ ကြေငြာလိုက်တယ်ဆိုရင် ဒါက “Advertising” (ကြေငြာ) လို့ခေါ်ပါတယ်။ ပြည်မှာ မွေးတဲ့သူမို့ “ပြည်သား” လို့ နာမည်ပေးထားတဲ့အတွက် “ပြည်သား” ဆိုတာ ဆိုင်နာမည်ဖြစ်သလို “Brand Name” လို့လဲ ပြောလို့ရပါတယ်။ နောက်ရက်တွေမှာတော့ အိမ်နားဝန်းကျင်က သူတွေဟာ ကျနော့် ဆီမှာ နွားနို့ ဝယ်လို့ရတာဆိုတာ တစ်ဖြည်းဖြည်း မြင်လာပါတယ်။ ဒါပေမဲ့ ကျနော့်လမ်းထဲ က လူတွေပဲ သိသေးတဲ့အတွက် မြို့နယ် တစ်ခုစာ ရက်ကွက်တစ်ခုစာ လောက် ကြေငြာချင်ပါသေးတယ်။ Example : ခုခေတ်လူတွေ ပြောသလို Boost (Facebook တွင် ပိုက်ဆံပေးကာ ကြေငြာခြင်း) လုပ်တယ်ပေါ့။ အရင်ခေတ်ကတော့ ကျနော် လက်ကမ်းကြေငြာစာရွက်လေး ထုတ်မယ် ပြီးရင် တစ်ခြား…

Wai Yan Thwin
Continue Reading
0

Content တစ်ပုဒ် ရေးဖို့ လိုအပ်မယ့်အချက်တွေ

ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး  Content Writer တွေ Copywriter တွေ အနေနဲ့ သိပြီးသားဖြစ်ပေမယ့် တက်သစ်စ Writer တွေ ၊ တခြားလေ့လာလိုသူတွေအတွက် ဦးစားပေးပြောပြသွားပါမယ်။ ဖတ်ရှုသူတွေရဲ့ ခေါင်းထဲကို ရောက်နိုင်မယ့် Content ကောင်းတစ်ပုဒ်ဖြစ်လာဖို့ တစ်နည်းအားဖြင့် ပေးချင်တဲ့ Message ရောက်ဖို့ အတွက် နည်းစနစ်တကျရေးသားဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို Content ကို နည်းစနစ်တကျရေးဖို့အတွက် လိုအပ်မယ့်အချက်တွေကို ပြောပြပေးသွားပါမယ်။ “Define Content Type” Content တစ်ပုဒ်စမရေးခင် ကိုယ်က ဘယ်လို Content အမျိုးအစားမျိုးကို ရေးမလဲဆိုတာကို ဦးဆုံးခွဲခြားရပါမယ်။ဥပမာ –  ဗဟုသုတပေးမှာလား? ပစ္စည်းရောင်းမှာလား? Review ကိုပြောပြမှာလား? စသဖြင့်ပေါ့။ ဒီလို ခွဲခြားလိုက်တဲ့အခါ ဗဟုသုတပေးမယ့် Content (Knowledge Sharing Content)မျိုး ရေးမယ့်အခါ မရေးခင် ကိုယ်က Product နဲ့ ပတ်သတ်လို့ သိသင့်သိထိုက်တာတွေကို အရင်လေ့လာရမယ်ဆိုတာကို ခွဲခြားသိသွားနိုင်မှာ ဖြစ်လို့ပါ။  “Research for Source” Content တစ်ပုဒ်ရေးတော့မယ်ဆိုရင် Source ကအရေးကြီးဆုံးဖြစ်ပါတယ်။ ဒီတော့ Research လုပ်ဖို့ အချိန်ရောက်ပြီပေါ့။ ကိုယ်ကနားမလည်ထားတဲ့ အကြောင်းအရာတစ်ခုကို သူများကို ပြန်ပြောပြဖို့ မလွယ်ကူသလို သေချာ research မလုပ်ဘဲ content တစ်ပုဒ်ရေးသားဖို့ မဖြစ်နိုင်ပါဘူး။ကိုယ်ရေးသားမယ့် Topic ပေါ်မူတည်ပြီး Content အမျိုးအစားအလိုက် သင့်တော်မယ့် source တွေကို သေချာရှာဖွေ လေ့လာပြီးမှ ရေးမယ်ဆိုရင် အကြောင်းအရင်းခိုင်လုံတဲ့…

Wai Yan Thwin
Continue Reading
0

Digital Marketing ကို ဘယ်ကစလေ့လာရမလဲ?

ဒီ Post ဟာ ကျနော့် အတွေ့အကြုံ ပေါ်မှာပဲ မူတည်ပြီး ပြန်မျှပေးတာဖြစ်လို့ တကယ့်ဆရာတွေထက် လိုအပ်တာတွေရှိနိုင်ပါတယ်။ ကျနော်က IT background ကနေ Marketing ဘက်ကို ကူးပြောင်းလာခဲ့သူပါ။ ဘယ်လိုပြောင်းခဲ့လဲ ဆိုတဲ့မေးခွန်း လိုတိုရှင်းဖြေရရင်.. စိတ်ဝင်စားတဲ့ တစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာကနေစတာပါပဲ။ Facebook Page Like တွေရအောင် ဝယ်လို့ရတယ်ဆိုတာ သိလာရတယ်။ Page ဘယ်လိုထောင်ရလဲ? အဲနေတစ်ဆင့် Boost ဆိုတာ သိရပြီး သေချာလေ့လာတဲ့အချိန်မှာ Marketing ဘာသာရပ်ပါလိုတယ်ဆိုတာ သိလိုက်တဲ့အချိန်ကနေ စတာပါပဲ။ ဇာတ်လမ်းအစအဆုံးကတော့ နောက်မှ သပ်သပ် အမှတ်တရ ရေးအုံးမယ် (ဖတ်ချင်တဲ့သူရှိရင်ပေါ့လေ) အိုကေ အဲတော့ ဘယ်ကစရမလဲ ဆိုတာကို ကျနော် လွယ်လွယ်ကူကူ နဲ့ အဆင့် (၃) ဆင့်နဲ့ ရေးပေးသွားပါမယ်။ (၁) သင်တန်းတွေ တက်ကြည့်ပါ (၁) သင်တန်းတွေ တက်ကြည့်ပါ လို့ပြောလိုက်ရင် ဘာသင်တန်းတွေ တက်ရမလဲ ပြန်မေးတက်တဲ့အတွက် ကျနော် List လုပ်ထားတာလေး ပါ share ပေးသွားပါမယ်။ အစဉ်လိုက်တက်ရင် ပိုကောင်းပါတယ်။ ဒီကြားထဲ အသစ်ထပ်ရှိရင်လဲ ဒီ အောက်က table မှာပဲ update လုပ်ပေးသွားပါမယ်။ Course Title From Fees Link Fundamentals of Digital Marketing Google Digital Garage Free Click Here Social Media…

Wai Yan Thwin
Continue Reading
0

Content Writer တစ်ယောက်ဖြစ်ဖို့!

Content Writer အကြောင်းမပြောခင် Content အကြောင်းကို အရင် ရှင်းလိုက်ရအောင်။ Content ဆိုတာ ကြည့်နိုင်၊ဖတ်နိုင်၊နားဆင်နေနိုင်တဲ့ အကြောင်းအရာတွေဖြစ်ပြီး အမျိုးအစားများစွာရှိပါတယ်။ Video Content , Photo Content လို Visual Content လည်းရှိသလို Music Content လို  Audio Content လည်းရှိပါတယ်။ ပြီးတော့ Digitally အရ ထုတ်လုပ်တဲ့ Content အမျိုးအစားတွေ့ရှိသလို Traditional Content တွေလည်းရှိပါတယ်။ လူအများစုကတော့ Content လို့ပြောတာနဲ့ စာရေးတယ်လို့ပဲထင်မှတ်ကြပါတယ်။ ဒီလို Content အမျိုးအစားများစွာတွေထဲကမှာ စာအဖြစ် ထုတ်လုပ်တဲ့ Content တွေကို ရေးသားတည်းဖြတ်သူကို Content Writer လို့ခေါ်ဆိုပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေအကြုံပေါ်မူတည်ပြီးတော့  Content Writer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲဆိုတာကို Sharing လုပ်ပေးသွားပါမယ်။ ကျွန်တော်က Digital Media Company တွေနဲ့  Digital Agency တွေဘက်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတော့ Content Writer Title အောက်မှာ အမျိုးမျိုးရှိတာကို လေ့လာသိရှိခဲ့ရပါတယ်။ လေလောဆယ် ကျွန်တော်တို့ community ထဲမှာလည်း Content Writer တွေကို အထူးလိုအပ်နေပြီး Content Writing Job ဟာ လက်ရှိအချိန်မှာ Trending ဖြစ်နေတဲ့ အလုပ်အကိုင်တစ်ခုပါပဲ။ Content Writer ဖြစ်ဖို့ ဘွဲ့တွေလိုလား ? ပြောရရင် ဒီ အလုပ်အကိုင်ရာထူးအတွက် B.A(…

Wai Yan Thwin
Continue Reading
0

Digital Marketing Service Company တစ်ခုကို ဘယ်လိုရွေးချယ်သင့်လဲ

ဒီနေ့ခေတ်မှာ Digital Marketing ခေတ်စားလာတာနဲ့ အမျှ Service ပေးတဲ့ Agency or Freelance တွေလဲ အများကြီးဖြစ်လာပါပြီ။ ဒီထဲမှာ အခက်ခဲဆုံးက Agency or Freelance အများဆုံးထဲမှ ဘယ်လို အချက်အလက်တွေနဲ့ ရွေးချယ်မလဲ ဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးရွေးချယ်သင့်လဲ? (1) Objective ကိုသိပါစေ မိမိလုပ်ငန်းက ဘာလို့ Digital Marketing Service လိုတာလဲ? ဒါအရင်ဆုံးစဉ်းစားရမှာပါ။ တခြား လူတွေ Digital Marketing ဆိုလို့ ကိုယ် Digital Marketing လုပ်တာဆိုရင်တော့ ဒီနေရာမှာတင်ရပ်လိုက်ပါ ဆက်ဖတ်စရာမလိုတော့ပါဘူး။ ဘာလို့ဆိုတော့ Digital Marketing Service Company or Freelance မလိုတော့လို့ပါ။ အကယ်လို့ မိမိရဲ့ Objective က “တစ်နှစ်အတွင်းမှာ လက်ရှိ Barnd ကို ပိုပေါက်ချင်တယ်”” အတိအကျပြောရရင် “တစ်နှစ်အတွင်း လက်ရှိ Brand Awarness ကို (၂)ဆ ဖြစ်ချင်တယ်” ဒီလိုမျိုးပေါ့။ နောက်ထပ် Objective တစ်ခုက “မိမိလုပ်ငန်းအတွက် တစ်လကို Leads 300 ရချင်တယ်”ပေါ့။ ဒီလို Objective ရှိပြီဆိုရင်တော့ နံပါတ်(၂) ခေါင်းစဉ်ကိုဆက်ဖတ်ရပါမယ်။ (၂) Budget ဘယ်လောက်သတ်မှတ်ထားလဲ ဒါကလဲ ကြိုတင်စဉ်းစားထားရမယ့် အချက်တစ်ခုပါ။ မိမိ Budget နဲ့ မိမိ Objective ကိုပြတ်ပြတ်သားသားဆုံံးဖြတ်မှ ရွေးချယ်ရာမှာ အဆင်ပြေစေမှာပါ။ Budget ဘယ်လောက်သတ်မှတ်ရမှန်း…

Wai Yan Thwin
Continue Reading
0

ကမ္ဘာ့အတော်ဆုံး အရောင်းဝန်ထမ်း ရဲ့ လျှို့ဝှက်ချက်

Joe Girard ဆိုတဲ့တစ်ယောက်ဟာ ကား Show Room တစ်ခုရဲ့ အရောင်းဝန်ထမ်းတစ်ဦးပါ။ သူဟာ 1963-1978 မှာ Chevrolet ကားအရောင်းဌာနမှာ အလုပ်လုပ်ခဲ့တာပါ။ ကားပေါင်း ၁၃၀၀၀ ကျော်ကို ရောင်းချနိုင်ပြီး ဂင်းနစ်စံချိန်မှတ်တမ်းမှာ အတော်ဆုံး အရောင်းစာရေးအဖြစ်သတ်မှတ်ခြင်းခံံရတယ်။ သူ့ အချက်အလက်တွေ အနီးကပ်လေ့လာကြည့်မယ်ဆိုရင် တစ်နေ့ပျမ်းမျှ ၆ စီးနှုန်း လို့တွက်လို့ရတယ် အရောင်းရဆုံးနေ့ မှာ ကားပေါင်း (၁၈) စီးအထိ နဲ့ အရောင်းရဆုံးလတွေမှာ ၁၇၄ စီး အရောင်းရဆုံးနှစ်မှာ ၁၄၂၅ စီး တောင်အမေရိကမှာရှိတဲ့ ၉၅% သောကားအရောင်းဌာန တွေရဲ့ ရောင်းအားအသီးသီးဟာ သူ့ရောင်းအားကို မမှီခဲ့ပါဘူး သူ့ရဲ့ လျှို့ဝှက်ချက်ကို ဘာများဖြစ်မလဲ သိချင်နေကြတဲ့သူတွေကြီးပါပဲ။ သူ့ကိုမေးရင်တော့ လူချစ်လူခင်များအောင် နေတယ်၊ အလုပ်ကြိုးစားတယ် ဆိုတဲ့အချက်တွေပဲ ပြောပါတယ်။ ဒီအချက်တွေဟာ အရောင်းသမားတိုင်းမှာရှိသင့်တဲ့အချက်တွေပါပဲ။ သူလိုပဲ ထောင်နဲ့ချီတဲ့ အရောင်းသမားတွေဆီမှာ ရှိရက်နဲ့ ဘာလို့ မတူတာလဲပေါ့။ သူ့လောက်ကို မှီအောင်မရောင်းနိုင်တာပါ။ သူ့ရဲ့ သူများနဲ့မတူတဲ့အချက်က ဘာဖြစ်မလဲ? အချက်တွေ အများကြီးထဲမှာမှ သူ့ကို ရွေးထုတ်လိုက်တာ တစ်ချက်ကတော့ ဘယ်သူနဲ့မှ မတူပါဘူးတဲ့။ အဲဒါဘာလဲဆိုတော့ Customer တွေနဲ့ အဆက်အသွယ်ရှိခြင်းပါပဲ။ သူဟာ သူ့ရဲ့ customer တွေအားလုံးကို လတိုင်း ပို့စ်စကဒ်လေးတွေ ပို့လေ့ရှိပါတယ်။ New Year ဆိုရင် နှစ်သစ် ဆုတောင်းစာတွေ၊ မွေးနေ့မှာ ဆို မွေးနေ့ဆုတောင်းစာတွေ ပုံမှန်ပို့လေ့ရှိပါတယ်။ ပို့စကဒ်ပေါ်မှာ သူ့လက်မှတ်လေးအမြဲပါသလို ကားအရောင်းဌာနရဲ့…

Wai Yan Thwin
Continue Reading
0

Tik Tok Ads လာရင် သုံးမှာလား?

Tik Tok ဆိုတာ video-based social app တစ်ခုပါပဲ။ ၂၀၁၆ နှစ်လည်လောက်က စတင်ခဲ့တာဖြစ်ပြီး ယခု ၂၀၁၈ နှစ်ကုန်လောက်မှာ ကျနော်တို့ မြန်မာပြည်မှာ စတင်ခေတ်စားလာတာပါ။ စစခြင်းကတော့ Tik Tok Ads ဆိုတာ မရှိသေးဘူးပေါ့။ ၂၀၁၉ မှာတော့ နာမည်ကြီး Telecom တွေ Brand တွေက အစ Campaign တွေကို Tik Tok နဲ့ ချိတ်ဆက်လာကြပါတယ်။ ဒီထဲမှာ အကြီးဆုံး Campaign ပြလုပ်နေတဲ့ Telecom တစ်ခုကတော့ MyTel ပေါ့။ မီမီ မီ ဆို Tik Tok News Feed ကို ဆွဲလိုက်တိုင်း မတွေ့မဖြစ်တွေ့နေရလောက်အောင် လိုက်လုပ်ကြတဲ့ Campaign တစ်ခုပါ။ ဆုကြေးလဲ များတာလဲ ပါတာပေါ့။ မြန်မာနိုင်ငံမှာ ဘယ်လို? အသုံးပြု မှု တွေကို ဗန်းစကားတွေနဲ့ သုံးစွဲ ခေါ်ဝေါ်လေ့ရှိတယ်။ ခုလဲ Facebook ဆိုရင် ပွတ်တယ်၊ “Facebook ပဲ ပွတ်မနေနဲ့” ဆိုတာမျိုးရှိသလို Tik Tok ကိုလဲ ဆော့တယ်လို့ ခေါ်ကြပြန်ရော။ အရင်က အချင်းချင်းတွေ့ရင် Facebook သုံးလား မေးရာကနေ အခု Tik Tok ဆော့လား မေးနေတာတွေလဲ ကြားနေရတာပါ။ အဲတော့ Tik Tok ဆော့နေကြတဲ့ ထဲမှာ ကိုယ့် Brand ကိုကြေငြာကြမလား…

Wai Yan Thwin
Continue Reading
0

Internet မှာ လူတွေ စာ ဘယ်လိုဖတ်လဲ

အမှန်ကတော့ what people read ကိုပြောချင်တာ ပါ။ မျက်စိနဲ့ ဖတ်တာလို့ လွယ်လွယ်ပြောလို့ရပါတယ်။ ဒါပေမဲ့ Content တစ်ခုမှာ လူတစ်ဦးစီ ဖတ်ပုံ ဖတ်ခြင်းမတူပါဘူး။

Wai Yan Thwin
Continue Reading