USD Tether (USDT) အကြောင်း
USDT ဆိုတာဘာလဲ? ဘယ်လိုလဲ? ဆိုတာတွေနဲ့ ပတ်သက်လို့ ကျနော်ဖတ်မိသလောက် ကောင်းတဲ့အချက်တွေ၊ ဘယ်လို ဝယ်ရမလဲ ၊ သတိပြုရမယ့် အရာတွေကို တိုတိုနဲ့ လိုရင်း ပြန်ပြီး ပြုစုပေးလိုက်ပါတယ်။ USDT ဆိုတာ USDT က Stablecoin အမျိုးအစားဖြစ်ပြီး Cryptocurrencies ထဲမှာပါဝင်ပါတယ်။ သူက Bitcoin တို့လို ဈေးအပြောင်းအလဲတွေ၊ ဈေးကစားတာတွေမရှိဘဲ ဈေးငြိမ်အနေအထားနဲ့ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက 1 USDT = 1$ ဆိုတော့ ဒေါ်လာဈေးအပြောင်းအလဲဖြစ်ခဲ့ရင် USDT တန်ဖိုးကလည်း လိုက်ပြောင်းလဲနိုင်ပါတယ်။ Tether က ကမ္ဘာ့ Cryptocurrency ဈေးကွက်ရဲ့ တတိယနေရာမှာ ရှိနေပြီး Stablecoin အနေနဲ့ဆို ပထမနေရာမှာ ရပ်တည်နေပါတယ်။ USDT ရဲ့ ကောင်းတဲ့အချက်တွေက သူက Cryptocurrencies ဖြစ်တဲ့အတွက် ဘဏ်ဒါမှမဟုတ် အစိုးရတစ်ရပ်ရပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနေပါဘူး။ အဲ့အတွက် ကျနော်တို့နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေ၊ Transaction တွေကို ကျနော်တို့ကိုယ်တိုင်က လွဲရင် ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ပါဘူး။ ငွေလွှဲတာတွေမှာ အချိန်ကုန်သက်သာလာပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ Account တစ်ခုနဲ့ တစ်ခုကို လွယ်လွယ်ကူကူ ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။ ငွေလွှဲနှုန်းထားတွေအနေနဲ့လည်း Tether to Tether ဆိုရင် Zero Transaction Fee ပါပဲ။ ချွင်းချက်အနေနဲ့ကတော့ ဒေါ်လာအနေနဲ့ ပြန်ထုတ်ချင်တဲ့အခါမှာတော့ (၁) ရက်ကနေ (၄) ရက်အတွင်း ကြာတတ်ပါတယ်။ နောက်တစ်ချက်ကတော့…