CB Master Card အတွက် လိုအပ်ချက်များ


ဝန်ဆောင်ခသတ်မှတ်ချက်များ

လျှောက်လွှာကြေး-မြန်မာကျပ်ရှစ်ထောင်တိတိ
ATM တွင် ငွေသားထုတ်ယူခနှုန်း – အမေရိကန်ဒေါ်လာ – ၃ ဒေါ်လာ (per transaction)
ငွေလက်ကျန်စစ်ဆေးခနှုန်း – အမေရိကန်ဒေါ်လာ – ၀.၅ ဒေါ်လာ (per inquiry) (at ATM)
ငွေလက်ကျန်စစ်ဆေးခနှုန်း – မြန်မာကျပ်ငွေ – ၁,၀၀၀/- (ကျပ်တစ်ထောင်တိတိ) (Over the Counter)
ကတ်ပြန်လည်သုံးစွဲရန် လျှောက်ထားခနှုန်း – မြန်မာကျပ်ငွေ – ၁,၀၀၀/- (ကျပ်တစ်ထောင်တိတိ) (per reactivation)
အစားထိုးကတ်အသစ် ပြန်လည်လျှောက်ထားခနှုန်း – မြန်မာကျပ်ငွေ – ၁၀,၀၀၀/- (ကျပ်တစ်သောင်းတိတိ) (per reissuance)
MasterCard အမှတ်တံဆိပ်ပါ POS များတွင် သုံးစွဲခြင်း – ဝန်ဆောင်ခပေးဆောင်ရန် မလိုပါ။
Online မှ တစ်ဆင့်ဈေးဝယ်ခြင်း – ဝန်ဆောင်ခပေးဆောင်ရန် မလိုပါ။

ကတ်လျှောက်ထားခြင်း

မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်။
နိုင်ငံသားမှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်
ကတ်စတင်လျှောက်ထားခ (လျှောက်လွှာကြေး) – မြန်မာကျပ်ငွေ – ၈,၀၀၀/- (ကျပ်ရှစ်ထောင်တိတိ)
လူကိုယ်တိုင် လျှောက်ထားနိုင်သည်။
အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားနိုင်သည်။
ကတ်စတင်ရရှိချိန်မှစ၍ (၂၄)နာရီ အကြာတွင် စတင်သုံးစွဲနိုင်သည်။
လျှောက်လွှာပုံစံနှင့် သုံးစွဲခွင့်
မည်သည့် နိုင်ငံသူ/နိုင်ငံသားမဆို အသက် (၂၁)နှစ်နှင့်အထက်၊ မှတ်ပုံတင်ကတ် ပိုင်ဆိုင်သူ (သို့မဟုတ်) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မည်သူမဆို လျှောက်ထားနိုင်သည်။
မည်သည့်နိုင်ငံသားမဆို အကျုံးဝင်ပါသည်။
လျှောက်ထားသူသည် တိကျသော နေရပ်လိပ်စာ အပြည့်အစုံ ဖော်ပြ၍ လျှောက်ထားရမည်။ CB Bank အနေနှင့် စာတိုက် သေတ္တာအမှတ်ဖြင့် လျှောက်ထားခြင်းကို လက်ခံမည်မဟုတ်ပါ။
ကတ်အား CB Bank ရုံးချုပ်နှင့် CB Bank ၏ ဘဏ်ခွဲများတွင် ဘဏ်ဖွင့်ရက်၊ ဘဏ်ဖွင့်ချိန် အတွင်း တရားဝင် ၀ယ်ယူနိုင်ပါသည်။
ကတ်လျှောက်ထားရာတွင် (Joining Fees) လျှောက်လွှာကြေး ပေးဆောင်ရပါမည်။ ထိုလျှောက်လွှာကြေးအား CB Bank ရုံးချုပ်နှင့် CB Bank ဘဏ်ခွဲများတွင် လျှောက်လွှာ လက်ခံသည့်နေရာ၌ ပေးဆောင်နိုင်ပါသည်။ လျှောက်လွှာကြေး ပေးဆောင်ခြင်းမရှိပါက ထိုလျှောက်လွှာအား CB Bank မှ လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။
CB Bank သည် လက်ခံရရှိထားသော လျှောက်လွှာများအား လိုအပ်ပါက အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ငြင်းပယ်ပိုင်ခွင့်ရှိသည်။

Easi Travel MasterCard Register ပြုလုပ်နိုင်သောနေရာများ

CB Bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး
CB Bank Exchange Counter များအားလုံး
စည်းကမ်းသတ်မှတ်ချက်များ
လျှောက်ထားမည့်သူကိုယ်တိုင် လာရောက်လျှောက်ထားရပါမည်။
လျှောက်ထားသူသည် နေရပ်လိပ်စာ အပြည့်အစုံဖော်ပြရပါမည်။
CB Bank ရုံးချုပ်နှင့် ဘဏ်ခွဲများတွင် ဘဏ်ဖွင့်ရက်၊ ဘဏ်ဖွင့်ချိန် အတွင်းဝယ်ယူနိုင်ပါသည်။
လျှောက်လွှာကြေး (Joining Fees) ပေးဆောင် ၍ ၀ယ်ယူရပါမည်။
ကတ် ရရှိပြီးပါက ကတ်၏ နောက်ကျောတွင် လက်မှတ်ရေးထိုးရပါမည်။
ကနဦးစာရင်းဖွင့်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ – ၅၀/- (မြန်မာကျပ်ငွေ ငါးသောင်းတိတိ) ဖြင့်လက်ခံမည်ဖြစ်ပြီး ထပ်မံငွေဖြည့်သွင်းနိုင်ပါသည်။ ငွေဖြည့်သွင်းနိုင်သည့် အများဆုံးငွေပမာဏမှာ အမေရိကန်ဒေါ်လာ – ၅,၀၀၀/- ဖြစ်ပါသည်။
ကတ်သုံးစွဲသူအနေဖြင့် မိမိကတ်အား အကြောင်းအမျိုးမျိုးကြောင့် မသုံးစွဲလိုပါက CB Bank သို့ စာဖြင့်သော်လည်းကောင်း၊ အီးမေးလ် ဖြင့်သော်လည်းကောင်း အကြောင်းကြားနိုင်ပါသည်။
ကတ်သုံးစွဲခြင်းအား ရပ်ဆိုင်းပြီး ကတ်အတွင်းရှိ လက်ကျန်ငွေအား ဘဏ်ဖွင့်ရက် ရက် (၃၀) အတွင်းထုတ်ပေးပါမည်။
ကတ်၏ သတ်တမ်းမှာ (၅) နှစ်ဖြစ်ပါသည်။
ကတ်သုံးစွဲသူသည် မိမိကတ်ပျောက်ဆုံးသည်ဟုသိလျှင် CB Bank Helpdesk တယ်လီဖုန်းနံပါတ် (+၉၅-၁-၃၇၈ ၉၀၅) သို့မဟုတ် CB Bank ၏ Call Center တယ်လီဖုန်းနံပါတ် (၁၈၇၄) သို့ ချက်ချင်းအကြောင်းကြားရပါမည်။

Source : CBbank

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles