ခုတစ်လော CB Pay ကနေ Visa ကဒ်တွေကို USD TopUp လုပ်မရတဲ့သူတွေများတဲ့ အတွက် ဘဏ်သွားပြီး USD ထည့်သူက ထည့်ဖြစ်နေရပါတယ်။ ဘဏ်ဘက်ကလဲ USD Rate အပြောင်းလဲတွေကြောင့် မရသလို၊ ဘာလိုလိုနဲ့ ခုချိန်ထဲ CB Pay Mobile App ကနေတောင် USD Rate ကြည့်မရသေးပါ။

ထားပါ။ အခု နည်းလမ်းကတော့ ဘဏ်သွားရသက်သာစေချင်တဲ့နည်း လမ်းပါ။ အဓိကက multi currency ပါတဲ့ Master Card ပဲ ဖြစ်ဖြစ်၊ Visa Card ပဲ ဖြစ်ဖြစ် ဒီနည်းနဲ့ ထည့်လို့ရပါတယ်။

အဆင့်(၁) အောက်က ပုံအတိုင်း၊ CB Pay ထဲဝင် Card Top Up မှာ MMK ကိုရွေးလိုက်ပါ။ ကျနော်ကတော့ ခန့်မှန်း Amount တစ်ခုထားဖို့ cbbank website မှာရှိတဲ့ Exchange Rate ကိုကြည့်လိုက်ပါတယ်။ အဲကဟာနဲ့ ခန်းမှန်းပြီး မြန်မာငွေထည့်လိုက်ပါတယ်။

အနီယောင်ပြထားတဲ့အတိုင်းအဆင့်ဆင့်သွားပါ

ပုံမှာ ဒီ ပထမ အဆင့်နဲ့တင် တစ်ချို့ website တွေမှာ အသုံးပြုလို့ရပါတယ်။ အသုံးပြုတဲ့အခါ မြန်မာငွေထဲကနေ သက်ဆိုင်ရာ Amount နဲ့ ဖြတ်သွားတာပါ။ ကိုယ်က Facebook မှာ Boosting တို့ ဘာတို့လုပ်တယ်ဆိုရင်တော့ အဆင့်(၂) ကိုဆက်သွားတာပိုအဆင်ပြေပါတယ်။ ကျနော်ကိုယ်တိုင်လဲ လက်ရှိသုံးနေတာပါ။

အဆင့်(၂) Login ဝင်ပြီး Fund Transfer ကိုသွားပါ

အဆင့်(၂) ဒီအဆင့်ကတော့ CB Bank Card Portal ဆိုတာရှိပါတယ်။ KBZ တို့မှာလဲရှိပါတယ်။ အများစု website link က cbbankcard.com kbzbankcard.com စသဖြင့်ပါ။ ခုတော့ CB Bank ကို ပြောနေတဲ့အတွက် cbbankcard.com ကိုသွားပါမယ်။ (PS Register မလုပ်ရသေးတဲ့သူတွေကတော့ ဘဏ်မှာ လုပ်ခဲ့တဲ့ မိမိအချက်အလက်တွေနဲ့ Register လုပ်ရပါလိမ့်မယ်)

  • Register လုပ်ပြီးတဲ့သူတွေကတော့ Login ဝင်လိုက်ပါ။
  • Fundtransfer ကိုသွားပါ။
  • မိမိ လွှဲချင်တဲ့ ကဒ် နံပါတ်ကိုရွေးပြီး အောက်က ပုံလို MMK to USD ဖြစ်နေရပါမယ်။
Transfer Complete ဖြစ်သွားရင် Card Account Details မှာစစ်လို့လဲရပါတယ်

ဒီလို Transfer လုပ်လိုက်တာနဲ့ မိမိ ကဒ်ရဲ့ USD currency မှာ USD Amount ရလာပါလိမ့်မယ်။
ဒါဆိုရင် ပုံမှန်အတိုင်း အသုံးပြုလို့ရပါပြီ။ အဆင်မပြေတာရှိရင် comment မှာ မေးလို့ရပါတယ်။ အဆင်ပြေကြပါစေ။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles