Digital Marketing Careers က အရမ်း Hot တဲ့ Topic တစ်ခု ဖြစ်နေတာကြောင့် စတင်လျှောက်လှမ်းမယ့် လူငယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ Skill တွေကို List လုပ်ပြီး ရေးပေးလိုက်ပါတယ်။

Digital Marketing Manager တစ်ယောက်က ဘာတွေလုပ်ရလဲ?

အကြမ်းမျဉ်းအားဖြင့် Social Media မှာတက်မယ့် Post တွေ Business Email Newsletter , Blog တွေ မှာတက်မယ့် Article တွေ စတာတွေကို စီမံခန့်ခွဲရပါတယ်။ အမြဲတမ်း ကိုယ့်ရဲ့ Stragery ကို တိုင်းတာနေပြီး ကိုယ့် Customers တွေကို ကိုယ့် website, content တွေကို Drive လုပ်နေတာ အခြေအနေဘယ်လိုလဲ စသဖြင့် အပြင် အခြား Team Member တွေနဲ့ ပေါင်းပြီး Creative Design တွေ ဖန်တီးတာ UX လို့ခေါ်တဲ့ User Experience ကို စစ်ဆေးတာမျိုးတွေ ၊ website Traffic နဲ့ ဆိုင်တဲ့ ဆန်းစစ်မှုတွေကို တိုတက်အောင် ကြံဆောင်နေရသူပါ။ အဲတော့ ခြုံငုံပြောရရင် Analysis လုပ်တယ် Measure လုပ်တယ် ပြသနာတွေကို အဖြေရှာတယ် Up to Date ဖြစ်အောင် ဖြစ်တယ်ပေါ့ 

Digital Marketing Career

Digital Marketing Careers အတွက် လိုအပ်တဲ့ Qualifications ?

ဒါကတော့ လူတိုင်းသိပြီးသားပါ  Digital Marketing ဆိုတာနဲ့ Marketing ကိုကောင်းကောင်းသိရမှာပါ။ Marketing သဘောတရားတွေ အခြေခံပြီးမှ Digial Platform တွေ ဖြစ်တဲ့ Social Media, Email , Web စတဲ့ Tools တွေကို အသုံးပြုပြီး Marketing ပြုလုပ်ရတယ်လို့ အကြမ်းမျဉ်းပြောလို့ရပါတယ်။ ဒါကြောင့် မိမိက Marketing နဲ့ပတ်သတ်တဲ့ ဘွဲ့ဖြစ်ဖြစ် Business နဲ့ပတ်သတ်တဲ့ ဘွဲ့ Degree တို့ Diploma တို့ ရရှိထားရင် ပိုကောင်းပါတယ်။

ခု ဒီဆောင်းပါးရဲ့ အဓိက ပေးချင်တဲ့ Message ကိုရောက်လာပါပြီ။

များသောအားဖြင့် အပေါ်က ဟာတွေက တော်တော်များများ သိပြီးဖြစ်သလို သင်တန်းတွေတက် လေ့ကျင့်နေကြပါပြီ ဒါပေမဲ့ လွတ်နေတာကတော့ Skill တွေပါ ဒီ Skill တွေက သင်တန်းတက်ရုံနဲ့ အဆင်သင့်ဖြစ်မလာပါဘူး

1. Creative & Design

ဒါကတော့ အခြေခံက စပြီးသိထားသင့်ပါတယ် Digital Marketing Manager တစ်ယောက်အနေနဲ့ Creative Team တို့ Creative Director တို့လို့ လူမျိုးတွေနဲ့ ပူးပေါင်းပြီး Visual တစ်ခုထွက်လာအောင် စဉ်းစားရတာတွေ ဆွေးနွေးရတာတွေရှိတဲ့အတွက် Design တွေ Video Creation ပိုင်းတွေ မသိရင် Project ဖန်တီးရာမှာ အခက်အခဲရှိနေနိုင်ပါတယ်။

2. Digital Skills

ဒါကတော့ ပြောနေစရာမလိုပါဘူး အခုခေတ်မှာ ဘယ် position မဆို ဘယ်အလုပ်မဆိုလိုလာတဲ့ Skills တစ်ခုပါ။ Microsoft Office Sutie , Microsoft 365, Web Browsing, Collobration Tools, Basic Computer Knowledge အစရှိတာတွေပါဝင်တဲ့ Skills တစ်ခုပါ အခုလဲ InternPlus Academy က ပြလုပ်တဲ့ Career Readiness Program ထဲက Digital Skill Course Outline က ဟာတွေ အကုန်လုံးပေါ့ ဖတ်ချင်တာပဲ ဖြစ်ဖြစ် မိမိမှာ ရှိနေပြီလား တိုက်ကြည့်ချင်တာပဲ ဖြစ်ဖြစ် ဒီကနေ သွားဖတ်ကြည့်လို့ရပါသေးတယ်။

3. Problem Solving Skills

ဒီ Skill ကလဲ သင်တန်းသင်ရုံနဲ့မရပါဘူး လက်တွေ့ဘဝမှာ အကြိမ်ကြိမ် အတွေ့အကြုံရှိမှသာ ပြသနာတစ်ခုကို ဘယ်လိုဖြေရှင်းရမှန်းသိမှာပါ။ Digital Marketing Manager တစ်ယောက်အနေနဲ့ မိမိအောက်မှာ Team ဖြစ်သည်ပဲ ဖြစ်စေ မိမိတစ်ယောက်တည်းဖြစ်စေ တခြား Department တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရသလို မိမိနဲ့ ဆက်သွယ်ထားတဲ့ client နဲ့ဖြစ်စေ ဖြေရှင်းရတဲ့ ကိစ္စလေးတွေလို့ပြောလို့ရသလို ပြသနာလေးတွေလဲရှိတက်တာကြောင့် မိမိ ကြောင်းတက်ကတည်းက အဖွဲ့အစည်းတွေ ကျောင်းက club တွေမှာ ဝင်ရောက်ထားသူဆိုရင်တော့ လုပ်ငန်းခွင် မှာ ရှိတဲ့တဲ့ Problem Solving Skill ကိုလွယ်လွယ် တက်မြောက်နိုင်မှာပါ။

4. Communication Skills

ဒီ Skill ကလဲ အပေါ်က Problem Solving Skills လိုပါပဲ ကျောင်းမှာကတည်းက အပေါင်းသင်းများတယ် အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပါဝင်တဲ့သူတစ်ယောက်ဆို ပါလာတက်တာများပါတယ် ဒီထက် ပိုစနစ်ကျချင်ရင်တော့ သင်တန်းတစ်ခု Join လိုက်တာပိုကောင်းပါတယ်။ ပြီးတော့ မိမိက Manager Level မရောက်ခင် လုပ်ငန်းခွင် စဝင်စမှာလဲ လေ့ကျင့် သင်ယူ အတွေ့အကြုံယူလို့ ရအုံးမှာပါ။ ကိုယ့်က လူအများနဲ့ ရောရောထွေးထွေးနေတက်တဲ့သူ မဟုတ်ဘူးဆိုရင်တော့ ကိုက်ညီမှာ မဟုတ်ပါဘူး။

5. Project Management Skills

ဒီ Skill ကတော့ လုပ်ငန်းခွင်မှာ Department ပေါင်းစုံနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ Project တစ်ခုကို Timeline ဆွဲတာ Deadline တွေချမှတ်တာက အစ အချိန်မှီတဲ့ Quality ကောင်းကောင်း ရဖို့အတွက် သေချာပေါက်လိုတဲ့ Skill တစ်ခုပါ။ တစ်ချို့ Digital Marketing Team ကြီးတွေမှာဆိုရင် Project Manager ဆိုပြီးတောင် သပ်သပ်ထားလေ့ရှိပါတယ်။

6. Analytics Skills

ဒါလဲ မရှိမဖြစ် လိုအပ်တဲ့ Skill တစ်ခုပါ User တွေရဲ့ Traffic တွေ Data တွေပေါ်မူတည်ပြီး တွက်ချက် ပြီး ဆုံးဖြတ်ချက်တွေချရပါတယ်။ ဉပမာ  Google Analytics ကရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး user တွေကို ဘယ်လို Marketing Process ထဲ ဝင်အောင်လုပ်ရမလဲ စသဖြင့်ပေါ့

7. Website Management

ဒါကတော့ မြန်မာပြည်က အလုပ်တွေဆို ဒီ Skill ပါတာရှားပါတယ်။ Website တစ်ခုကို Management လုပ်တဲ့အခါမှာ Content Management တွေ Site မှာ ထည့်သွင်းရတဲ့ Script Code တွေ စတဲ့ အခြေခံသဘောတရားတွေကို သိထားရင်တော့ပိုကောင်းပါတယ် ဒီ Skill ကတော့ မိမိ ကိုယ်ကိုယ် website တစ်ခုကို ကောင်းကောင်း ကိုင်တွယ်ဖူးရင်တော့ Marketing ဘက်နေ ဘယ်လို လုပ်လို့ရမလဲဆိုတာမျိုးတွေ မြင်တွေ့လာရမှာပါ။


ဒီအပေါ်က Skill (၇) ခုက သင်တန်းတက်လို့ ရတာတွေရှိပေမဲ့ အပြင်မှာရော လေ့ကျင့်ဖို့လိုပါတယ်။ တကယ်လို့ ကျောင်းပြီးလို့ လုပ်ငန်းခွင်စဝင်ပြီး ဆိုကတည်းက မိမိက နောက် ၅ နှစ် (သို့) ၇ နှစ်မှာ Manager Level ကိုမှန်းထားတယ်ဆိုရင်တော့ အဲဒီ ၅ နှစ်အတွင်းက အတွေ့အကြုံတွေမှာ ဒီ Skill တွေပါ လေ့ကျင့်သင်ယူထားမှ အဆင်သင့်ဖြစ်မှာပါ။ ကဲ ဒီ ဆောင်းပါးလေးကြောင့် Digital Marketing Career ကို စတင်သွားမယ့်သူတွေ ဗဟုသုတ တစ်ခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်။ မေးချင်တာတွေရှိခဲ့ရင်လဲ အောက်က Comment မှာ မေးထားနိုင်ပါတယ်။