ဒီနေ့ခေတ်မှာ Digital Marketing ခေတ်စားလာတာနဲ့ အမျှ Service ပေးတဲ့ Agency or Freelance တွေလဲ အများကြီးဖြစ်လာပါပြီ။ ဒီထဲမှာ အခက်ခဲဆုံးက Agency or Freelance အများဆုံးထဲမှ ဘယ်လို အချက်အလက်တွေနဲ့ ရွေးချယ်မလဲ ဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးရွေးချယ်သင့်လဲ?
(1) Objective ကိုသိပါစေ
မိမိလုပ်ငန်းက ဘာလို့ Digital Marketing Service လိုတာလဲ? ဒါအရင်ဆုံးစဉ်းစားရမှာပါ။ တခြား လူတွေ Digital Marketing ဆိုလို့ ကိုယ် Digital Marketing လုပ်တာဆိုရင်တော့ ဒီနေရာမှာတင်ရပ်လိုက်ပါ ဆက်ဖတ်စရာမလိုတော့ပါဘူး။ ဘာလို့ဆိုတော့ Digital Marketing Service Company or Freelance မလိုတော့လို့ပါ။
အကယ်လို့ မိမိရဲ့ Objective က “တစ်နှစ်အတွင်းမှာ လက်ရှိ Barnd ကို ပိုပေါက်ချင်တယ်”” အတိအကျပြောရရင် “တစ်နှစ်အတွင်း လက်ရှိ Brand Awarness ကို (၂)ဆ ဖြစ်ချင်တယ်” ဒီလိုမျိုးပေါ့။ နောက်ထပ် Objective တစ်ခုက “မိမိလုပ်ငန်းအတွက် တစ်လကို Leads 300 ရချင်တယ်”ပေါ့။ ဒီလို Objective ရှိပြီဆိုရင်တော့ နံပါတ်(၂) ခေါင်းစဉ်ကိုဆက်ဖတ်ရပါမယ်။
(၂) Budget ဘယ်လောက်သတ်မှတ်ထားလဲ
ဒါကလဲ ကြိုတင်စဉ်းစားထားရမယ့် အချက်တစ်ခုပါ။ မိမိ Budget နဲ့ မိမိ Objective ကိုပြတ်ပြတ်သားသားဆုံံးဖြတ်မှ ရွေးချယ်ရာမှာ အဆင်ပြေစေမှာပါ။ Budget ဘယ်လောက်သတ်မှတ်ရမှန်း မသိရင် Budget နဲ့ပတ်သတ်တဲ့ ROI (Return on Investment) ငွေဘယ်လောက်သုံးပြီး ဘယ်လောက်ပြန်ရောက်ချင်လဲ စတဲ့ အကြောင်းအရာတွေ အရင် လေ့လာစေချင်ပါတယ်။ နောက်ဆုံးနည်းလမ်းကတော့ Range ပေါ့ တစ်လကို Marketing Budget ဘယ်လောက်ကနေ ဘယ်လောက်ကြား သတ်မှတ်ထားတဲ့သဘောမျိုးပါ။

(၃) အရင်လေ့လာပါ
အပေါ်က (၂) ချက်လဲရပြီဆိုရင် Company အကြောင်းကို စုံစမ်းဖို့လိုပါပြီ ဒီ Agency ကို ဘယ်သူတွေက ထူထောင်ထားတယ် သူတို့ရဲ့ Previous Experience တွေက ဘာတွေလဲ စသဖြင့် ဒီခေတ်မှာ စုံစမ်းရလွယ်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် လေ့လာရမယ့်အချက်တွေကတော့
နံပါတ်(၁) သူတို့ရဲ့ လက်ရှိ Social Page
သူတို့ရဲ့ လက်ရှိ Social Page က တင်ထားတဲ့ Post တွေ သူတို့ရဲ့ Cover က အစ တကယ် Creative ဖြစ်လား ပုံမှန် experience မရှိတဲ့လူတွေယောက်ဆွဲထားသလို size တွေ မမှန်တာတွေ Typo တွေ ကစားတာတွေက အစပေါ့ တစ်ချို့ Page တွေဆို Agency/ Service အမည်ခံထားပေမဲ့ တင်ထားတဲ့ cover size က အချိုးမကျတာမျိုးတွေ ပေးချင်တဲ့ message ကို မသဲကွဲသလိုမျိုး ကြုံဖူးပါတယ် ဒီလိုလက်ထဲသာကိုယ့် စီးပွားရေးကို ထည့်မယ်ဆိုရင် …… (ကိုယ့်ဘာသာကိုတွေးကြည့်ပါ)
နံပါတ်(၂) သူတို့ရဲ့ Portfolio
ဒါလည်းအရေးကြီးပါတယ် Social Page ကိုကြည့်ရုံနဲ့ သေချာမသိသေးပါဘူး။ အရင်က လုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ဘယ် Brand တွေကိုင်ခဲ့ဖူးလဲ အတွေ့အကြုံ ဒါမှမဟုတ် Visual တွေ community management တွေ ဘယ်လိုလုပ်ခဲ့လဲ သွားလေ့လာသင့်ပါတယ်။ ပါးစပ်ကသာ ကိုင်ဖူးတယ် ပြောနေလို့မရပါဘူး ကျနော်ကြုံဖူးတဲ့ agecny တစ်ချို့တွေမှာ ဆိုရင် Success Story မျိုးလေးတွေရှိပါတယ် အဲဒီမှာသူတို့တွေ ဘယ် brand ကိုဘယ်လို လုပ်ပေးခဲ့လဲ ဒါတွေနေရာမှာ ကိုယ့် အမှတ်တံဆိပ် ကို သူတို့ကိုအပ်လိုက်ရင်ဘယ်လိုနေမလဲ စိတ်ကူးယှဉ်လို့ရပါတယ်
ဒီအချက်(၂) ချက်က Freelance ဆိုရင်လဲ တောင်းကြည့်ရပါမယ် သူတို့မှာလဲ Page တွေ Portfolio တွေ စနစ်တကျလုပ်ထားတက်ပါတယ်။
ဒီလောက်ဆိုရင် ကိုယ့်လုပ်ငန်းအတွက် အခြေခံအချက်တွေနဲ့ Digital Marketing Service ကိုရွေးချယ်နိုင်ပြီလို့ယူဆပါတယ်။ နောက်ထပ်လဲ လိုအပ်သလို အချို့အချက်များကို ဖြည့်စွက်တာပဲဖြစ်ဖြစ် Post အသစ်နဲ့ပဲဖြစ်ဖြစ် ရေးပေးသွားပါအုံးမယ်။ 🙂
Comments