Digital Marketing လုပ်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ Strategy မရှိကြပါဘူး။ များသောအားဖြင့် Content ရေး Visual ဆွဲ တင် ဆိုတဲ့ လုံးဝ အခြေခံ ကျတဲ့ နည်းလမ်းကိုသာ သုံးကြပါတယ်။ Digital Marketing Strategy ချဖို့ နည်းလမ်းတွေက အများကြီးရှိပေမယ့် အလွယ်ဆုံးနဲ့ စမ်းကြည့်ဖို့ လွယ်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါမယ်။ ဒီ Beginner အဆင့်ထက် ကိုယ့်လုပ်ငန်းကို ပိုမြှင့်ချင်ရင်တော့ ကျနော် Newness Digital Agency ကိုသာ ဆက်သွယ်ပါ (ဒါက ကြေငြာဝင်တာ )
အိုကေ ပထမဆုံး အမြဲ လုပ်ရတဲ့ တစ်ခုကတော့ Objective ပါပဲ။ Objective မရှိတဲ့ လုပ်ငန်းတစ်ခုဟာ လေနှင်ရာ သွားနေတဲ့ သင်္ဘောတစ်စီးလိုပါပဲ။ အမြဲပြောဖူးသလိုပဲ ကျနော့်ဆီ ရောက်လာတဲ့ လုပ်ငန်းတွေဟာ သူများ Digital ပေါ် တက်ဆိုလို့ တက်လာတာမျိုး ဟုတ်ရင် ဟုတ်၊ မဟုတ်ရင် ကိုယ့်ပြိုင်ဘက်က Digital ပေါ်ရောက်နေလို့ ကိုယ်က သူ့လို လိုက်လုပ်ချင်လို့ ဒီလို မျိုးတွေများပါတယ်။ တစ်ကယ့် Objective ကတော့ မိမိလုပ်ငန်းရဲ့ ဒီ တစ်နှစ်အတွင်း သွားမယ့် Business Objective ကို ချိတ်ဆက်ထားတဲ့ Marketing Objective ကို စဉ်းစားရမှာပါ။
အဆင့်(၁) Objective
လုပ်ငန်းရှင်အများစု ချလေ့ ရှိတဲ့ Digital Marketing Objective တွေကတော့ လုပ်ငန်းပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ Awarness လိုချင်တာ၊ Engagement တက်ချင်တာ၊ Lead Generate လုပ်ချင်တာ၊ Sale တက်ချင်တာ စတဲ့ Objective တွေပါပဲ။ ဒါကြောင့် မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ Objective တစ်ခုကို ချမှတ်လိုက်ပါ။ Objective ချမှတ်ရမှာလဲ SMART ဆိုတဲ့ နည်းလမ်းနဲ့ ချမှတ်တာမျိုးဖြစ်သင့်ပါတယ်။ ဒီအကြောင်းကတော့ နောက် Blog တစ်ခုနဲ့ရေးပြီး ဒီမှာ Update လုပ်ပေးသွားပါမယ်။
အဆင်ံ(၂) Target Audience
လုပ်ငန်းရှင်တွေဟာ လုပ်ချင်တာတော့ သိပေမဲ့ ဘယ်သူ့ကို ပစ်ချင်တာလဲ မသိသေးတာမျိုးရှိပါတယ်။ သူတို့ အမြဲပြောလေ့ရှိတာကတော့ “လူတိုင်းကို ရောင်းချင်တယ်” “လူတိုင်းကို ကြေငြာချင်တယ်” ဆိုတာတွေပါပဲ။ မရနိုင်ဘူးလားဆိုတော့ ရနိုင်ပါတယ်။ သင့်က ချမ်းသာတယ် Marketing Budget ကို unlimited သုံးနိုင်တယ်ဆိုရင်တော့ လုပ်ပေါ့။ အဲလို မဟုတ်ဘူး မိမိ သုံးလိုက်တဲ့ $1 ကို $1 ဖိုး အကျိုးရှိရှိ ကိုယ့် လုပ်ငန်းရဲ့ Lead (သို့) Propect ဖြစ်မယ့်သူတွေကိုပဲ Target ထားချင်ရင်တော့ Target Audience ချမှပဲ ရပါမယ်။
Target Audience ကတော့ Demographic နဲ့ Interest ဒီနှစ်ခုကိုပဲ ထုတ်ရေးထားရင် Beginner တစ်ယောက်အနေနဲ့လုံလောက်ပါတယ်။ Example: 25-35, Female, Income – 300,000 Kyats, Interested In Beauty, Spa
အဆင့်(၃) Message
Marketing ဆိုတာ ကိုယ့် Brand နဲ့ ဝယ်သူအကြား Message တစ်ခုကိုပေးရတာပါ။ ကိုယ် Brand ဟာ စျေးသက်သာပြီး တန်တယ်ဆိုတာလား? သုံးလိုက်တာနဲ့ ခံစားချက်တစ်ခု ရစေမယ်ဆိုတာလား? Tradational ခေတ်မှာကတည်းက Message တွေ အမျိုးမျိုးရှိပြီးသားပါ Example : “နွားနို့စစ်စစ်ရပြီ” ဆိုတာကလဲ Marketing Message တစ်ခုပါပဲ။ ဒါကြောင့် မိမိ လုပ်ငန်းအတွက် Message တစ်ခု လိုအပ်ပါတယ်။ ထုံးစံအတိုင်း Beginner အဆင့်လိုမလုပ်ချင်ဘူးဆိုရင်တော့ Value Propositation , Brand Identenity စတာတွေ Competitor analysis တွေ လုပ်ပြီးမှ သေချာစနစ်တကျ စဉ်းစားတာပိုကောင်းတာပေါ့။ ဒီ Message ဆိုတာကလဲ ကျနော်တို့ အခေါ်ဆို CCI (Core Communication Idea) လို့ခေါ်တဲ့အတွက် အရင်က လူကြီးတွေ ပါးစပ်ထဲရှိတာ လွယ်လွယ်ပေးသလို (သို့) ဗေဒင်မေးသလို မရဘူးဆိုတာ သတိပြုစေချင်ပါတယ်။
အဆင့်(၄) Channel (သို့) Platform
Channel လို့ပဲ ပြောပြော Platform လို့ပဲ ပြောပြော ဘယ်ဟာကိုသုံးမလဲ ဆိုတာ စဉ်းစားရပါတယ်။ မြန်မာနိုင်ငံမှာ မို့ Facebook ဖြစ်နေပေမဲ့ ကျနော်တို့ နိုင်ငံခြား Brand တွေကိုင်တဲ့အခါမှာ အပေါ်က စဉ်းစားခဲ့တဲ့ Target Audeince အမျိုးအစား အများစုရှိနေမယ့် Channel ကို ရွေးချယ်ရပါတယ်။
ကျနော်တို့ဆိုရင် Social Media သုံးမှာလား၊ SEM သုံးမလား၊ Email Channel သုံးမလား စသဖြင့် အသေးစိတ်စဉ်းစားရပါတယ်။ Social Media ဆိုရင်လဲ အဲထဲမှာမှ Facebook လား Twitter လား စသဖြင့် ထပ်စဉ်းစားရတာပါ။
အဆင့်(၅) Content
ဒီအဆင့်ကတော့ မဖြစ်မနေ ဗဟုသုရအောင်ပါ။ Content လို့ပြောလိုက်ရင် စာတွေရေးနေတာမျိုးပဲ မြင်တက်တဲ့ သူတွေအတွက်ပါ။ အမှန်ကတော့ Content လို့ပြောလိုက်တာနဲ့ Audio, Video, E-book, Blog, Webeniar, Photos, Infographic ဆိုပြီး အကြမ်းမျဉ်းရှိပါတယ်။ ဒီထဲကနေမှ ကိုယ့် Target Audience အတွက် ကိုက်ညီမယ့် ဘယ်လို Content မျိုးနဲ့ ချဉ်းကပ်မယ်ဆိုတာ သတ်မှတ်ရတဲ့အဆင့်ပါ။
အဆင့် (၆) Additional Strategy
ဒီ အဆင့်က Optional ပါ။ ကိုယ့်က အပေါ်က အဆင့်တွေကို သတ်မှတ်ပြီးပြီဆိုရင် Organic အနေနဲ့ ရအောင်သွားမှာလား အရပ်အခေါ် Boost လုပ်ပြီးသွားမှာလားပေါ့။ အဲလိုမှ မဟုတ်ဘူး Influencer တွေဘာတွေသုံးမယ် (သို့) Media Buying Strategy တွေ သုံးမယ်ဆိုတာတွေ ဒီအဆင့်မှာ Plan B အနေနဲ့လဲ ဆုံးဖြတ်ကြပါသေးတယ်။ အရေးကြီးတာ အဆင့်တွေအားလုံးဟာ ချိတ်ဆက်နေဖို့ပါပဲ။
ဒီလောက်ဆိုရင် Digital Marketing Strategy တစ်ခု ဘယ်လိုချရမလဲဆိုတာ နားလည်လောက်ပြီလို့ ယူဆပါတယ်။ အခု ဒီစာကိုဖတ်နေသူတွေလဲ မိမိလုပ်ငန်းရှိတယ်ဆိုရင် သေချာစနစ်တကျ Strategy ကျကျ သွားစေချင်ပါတယ်။ သူများ Post တင်တိုင်း Post တင် ပုံတင်တာနဲ့ ပုံတင်ဆိုတာက အပေါ်မှာပြောခဲ့သလို ပိုက်ဆံတွေနဲ့ အချိန်တွေကုန်ပါတယ်။ သေချာ အဆင့်(၁)ကနေ ချပါ။ ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုလဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးစေချင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။
Comments