ဒီ Post ဟာ ကျနော့် အတွေ့အကြုံ ပေါ်မှာပဲ မူတည်ပြီး ပြန်မျှပေးတာဖြစ်လို့ တကယ့်ဆရာတွေထက် လိုအပ်တာတွေရှိနိုင်ပါတယ်။ ကျနော်က IT background ကနေ Marketing ဘက်ကို ကူးပြောင်းလာခဲ့သူပါ။ ဘယ်လိုပြောင်းခဲ့လဲ ဆိုတဲ့မေးခွန်း လိုတိုရှင်းဖြေရရင်..

စိတ်ဝင်စားတဲ့ တစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာကနေစတာပါပဲ။ Facebook Page Like တွေရအောင် ဝယ်လို့ရတယ်ဆိုတာ သိလာရတယ်။ Page ဘယ်လိုထောင်ရလဲ? အဲနေတစ်ဆင့် Boost ဆိုတာ သိရပြီး သေချာလေ့လာတဲ့အချိန်မှာ Marketing ဘာသာရပ်ပါလိုတယ်ဆိုတာ သိလိုက်တဲ့အချိန်ကနေ စတာပါပဲ။

ဇာတ်လမ်းအစအဆုံးကတော့ နောက်မှ သပ်သပ် အမှတ်တရ ရေးအုံးမယ် (ဖတ်ချင်တဲ့သူရှိရင်ပေါ့လေ)

အိုကေ အဲတော့ ဘယ်ကစရမလဲ ဆိုတာကို ကျနော် လွယ်လွယ်ကူကူ နဲ့ အဆင့် (၃) ဆင့်နဲ့ ရေးပေးသွားပါမယ်။

  • ဒီ သင်တန်းတွေ တက်ကြည့်ပါ
  • ကိုယ်တိုင် စမ်းသပ်ပါ
  • အလုပ်အတွေ့အကြုံပေါ်မှာ လေ့လာပါ

(၁) သင်တန်းတွေ တက်ကြည့်ပါ

(၁) သင်တန်းတွေ တက်ကြည့်ပါ လို့ပြောလိုက်ရင် ဘာသင်တန်းတွေ တက်ရမလဲ ပြန်မေးတက်တဲ့အတွက် ကျနော် List လုပ်ထားတာလေး ပါ share ပေးသွားပါမယ်။ အစဉ်လိုက်တက်ရင် ပိုကောင်းပါတယ်။ ဒီကြားထဲ အသစ်ထပ်ရှိရင်လဲ ဒီ အောက်က table မှာပဲ update လုပ်ပေးသွားပါမယ်။

Course TitleFromFeesLink
Fundamentals of Digital MarketingGoogle Digital GarageFreeClick Here
Social Media Marketing CourseHubspot AcademyFreeClick Here
Complete Digital Marketing CourseUdemyUSD 94.99Click Here
Prepare to bring your business onlineFacebook BlueprintFreeClick Here

ဒီ အပေါ်က ပေးခဲ့တဲ့ သင်တန်းတွေက အခမဲ့ အများစုထဲက ရွေးချယ်ပေးထားတာပါ။ Udemy ကဟာ တစ်ခါတစ်လေ discount နဲ့ရနိုင်ပါတယ်။ ဒီသင်တန်းတွေ တက်ရုံနဲ့တော့ တန်းပြီး Digital Marketing သမားမဖြစ်နိုင်သေးပါဘူး။ ဒါက Tools တွေနဲ့ Theory တွေကို အခြေခံထားတာပါ။ ကျနော်ကတော့ ဒီသင်တန်းတွေ တက်နေတုန်းပဲ အပြင်မှာ Marketing သင်တန်းနှစ်ခု လောက် ပြေးတက်ခဲ့ပါသေးတယ် ပိုပြီးစာကြေချင်လို့ပါ။

Google Digital Garage

(၂) ကိုယ်တိုင်စမ်းသပ်ပါ

ကိုယ်တိုင်စမ်းသပ်ပါ ဆိုတဲ့ အတိုင်း VISA/Master ကဒ် (Prepaid Card) တစ်ခု ဘဏ်မှာသွားဖွင့် ကိုယ့်ရင်းနိုင်တဲ့ USD ပမာဏ တစ်ခုကို ထည့်ပြီး ဘယ်လိုဖြစ်သွားလဲ စမ်းသပ်စေချင်ပါတယ်။ များများ စမ်းဖူးရင် များများ အတွေ့အကြုံရနိုင်ပါတယ်။ ကျနော်ဆို အဲလိုစမ်းရင်းနဲ့ CPR ကို စျေးအနည်းဆုံးဖြစ်အောင် ဘယ်လို run နိုင်လဲဆိုတာတွေ သတိထားမိလာတယ် စာတွေလိုက်ရှာ ဖတ်ဖြစ်ပါတယ်။ အပေါ်က သင်တန်းတွေက Digital Marketing ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာပါတဲ့ subject လေးတွေကို အကျဉ်းချုပ် ရှင်းပြသလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကို တစ်ခုခြင်းစီ ကိုယ့် ဝါသနာပါရာကို အကျွမ်းကျင်ဆုံးဖြစ်အောင်လေ့လာရပါမယ်။ For Example – ကိုယ်က Email Marketing စိတ်ဝင်စားရင် Retail Company တွေမှာဆို Email Marketing Strategy ဘယ်လိုချလဲ? စတဲ့ တစ်ခုချင်းစီကို ဆွဲထုတ်လေ့လာစမ်းသပ်ရပါမယ်။

(၃) အလုပ်အတွေ့အကြုံပေါ်မှာ လေ့လာပါ

အလုပ်အတွေ့အကြုံပေါ်မှာ လေ့လာလို့ ဘာလို့ပြောလဲဆိုရင် တစ်ခါတစ်လေမှာ မိမိတက်နိုင်တဲ့ budget နဲ့ Marketing Project အကြီးကြီးတွေကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါတယ်။ မိမိက Digital Marketing ဆိုတဲ့ နယ်ပယ်မှာ တစ်ကယ့် Marketing/Communication Campaign တွေကို Run နိုင်ဖို့ ပေါင်းစပ်လုပ်ဆောင်ရတဲ့ အရာတွေရှိပါတယ်။ For Example – Creative Team တို့နဲ့ ဘယ်လို အလုပ်လုပ်မလဲ? ကိုယ့် Team work နဲ့ ဘယ်လိုသွားမလဲ? Budget $10000 ပေးမယ် Client KPI ကိုဘယ်လို ပြည့်မှီအောင်လုပ်မလဲ ? စတဲ့ မေးခွန်းတွေ ကို အကောင်ထည်ဖော်ဖို့ကတော့ Working Experience ဆိုတဲ့ လုပ်ငန်းအတွေ့ကြုံလိုပါတယ် ဒါကြောင့် အလုပ်ခေါ်စာတွေမှာ လုပ်ငန်းအတွေ့အကြုံကို အမြဲ မဖြစ်မနေထည့်တာဖြစ်ပါတယ်။ ကိုယ့်က လစာကို ဉီးစားမပေးပဲ အတွေ့အကြုံအတွက် Intern ပဲဆင်းရဆင်းရ လစာပဲ နည်းနည်း ဝင်လုပ်သင့်ပါတယ်။

ဒီအပေါ်က အချက်တွေက စာအရှည်ကြီး မဖတ်ရအောင် Medium လောက်ဖြစ်အောင်ရေးထားတာပါ။ အဆင်ပြေကြပါစေ။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles