e-commerce လုပ်ငန်းတွေ မှာ ခေါင်းအစားဆုံးကတော့ Packaging ပဲ။ အခုလက်ရှိ ဒီ blog ရေးနေတဲ့အချိန်မှာ online shop တွေကတော့ covid 1st wave အချိန်ထက်ပိုပြီး များလာတယ်ပြောရမယ်။ ဒီလို online shop တွေကြားမှာ e-commerce လို့ခေါ်တဲ့ shop.com.mm , rgo47, citymall online တို့လို Company ကြီးတွေလဲ ရှိနေသလို အလယ်အလတ် အဆင့်ရှိတဲ့ အချို့ company တွေဟာလဲ e-commerce business တွေရှိနေပါသေးတယ်။
အခု ပြောမှာက မြန်မာနိုင်ငံအကြောင်းမဟုတ်ပဲ ကျနော်ဖတ်မိလိုက်တဲ့ Swiss e-commerce တစ်ခုရဲ့ packaging management ပါ။ ကိုယ်က e-commerce လုပ်ငန်းကို စိတ်ဝင်စားတယ်၊ တစ်ခြားနိုင်ငံမှာ ဘယ်လိုတွေလုပ်နေတယ် ဆိုတာမျိုးစိတ်ဝင်စားရင်တော့ ဆက်ဖတ်သင့်ပါတယ်။
Online shoppers တွေ လိုချင်ဆုံးက တော့ မိမိ ပစ္စည်းလေးကို ဘာမှ ထိခိုက်မှု့မရှိပဲ မိမိလက်ထဲ မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ရောက်ချင်တာပါပဲ။ ကျနော်ရေးလိုက်တာသာ တစ်ကြောင်းတည်းပါ shopper ထဲရဲ့ စိတ်ထဲမှာက မျှော်လင့်ထားလို့ မရတဲ့ စိုးရိမ်မှု့တွေ လဲရှိနေတက်ပါတယ်။
သေချာခွဲခြမ်းကြည့်ရင် “မြန်မြန်ဆန်ဆန်” “ချောချောမွေ့မွေ့” “ထိခိုက်မှု့မရှိပဲ” စတဲ့ စကားလုံးတွေ ဟာ ထင်သလောက်မလွယ်ပါဘူး။ ကျနော်ကိုယ်တိုင် online shop လုပ်နေတဲ့သူတွေ နဲ့ e-commerce လုပ်နေသူတွေကို ဆွေးနွေးပေးတဲ့အချိန်မှာ သူတို့ customer အခြေအနေကို မေးကြည့်တဲ့အချိန်မှာ 100 မှာ 95 ယောက်လောက်က အဲဒီ မျှော်လင့်ချက် (၃) မျိုးစလုံးကို မမက်မောတဲ့ customer မရှိသလောက်ပါပဲ။
လုပ်ငန်းရှင်တွေဘက်က ပြန်ကြည့်ရင် မြန်မာပြည်မှာ ပစ္စည်းတစ်ခုရဲ့ နဂိုရှိပြီးသား အထုတ် အရွယ်အစားကိုပဲ တိတ်တွေပတ်မယ်၊ shipping slip ထုတ်မယ်၊ တစ်ချို့ကတော့ စက္ကူ box တွေနဲ့ ထည့်ပေးတယ်၊ တစ်ခါတစ်လေမှာ မှာယူတည့် ပစ္စည်းက နည်းနည်း ဘူးက ကြီး ဆိုတာမျိုးတွေရှိပါတယ်။
ပြောချင်တာခုမှ လာပါပြီ
ဒီပြသနာကို ဖြေရှင်းထားတဲ့ company ကတော့ Sparck Technologies လို့ခေါ်ပါတယ်။ သူတို့က တစ်နာရီကို packaging ပေါင်း ၅၀၀ ကျော်ကို အလိုအလျောက်ပြုလုပ်နိုင်တဲ့ 3D packaging solution ကိုနည်းပညာပြုလုပ်နိုင်ခဲ့ပါတယ်။

Story တစ်ခုကိုပြောမယ်ဆိုရင် DeninDeal နဲ့ ဆိုတဲ့ လုပ်ငန်းဟာ တစ်နေ့ကို လူပေါင်း 200 နဲ့ order ပေါင်း 7000 ကို ပြင်ဆင်ရပါတယ်။ ဒီလိုနဲ့ Sparck Technologeis က 2021 မှာ အပေါ်မှာပြောခဲ့သလို တစ်နာရီကို order 500 ကျော်သာမကပဲ
- ကတ်ထူစက္ကူအလေအလွင့် ၃၀ ရာခိုင်းနှုန်းလျော့ချနိုင်တယ်
- Delivery Truck ကားပေါ်မှာ အရင်က ဆယ်ဘူးဆန့်တယ်ဆိုရင် အခု size ကြောင့် ပိုသယ်လာနိုင်တယ်( ဆန့်လာတယ်ပေါ့)
- Customer တွေက လဲ Box အကြီးကြီးထဲမှာ ပစ္စည်းသေးသေးလေးအပြင် အခြား Box ကို ငြိမ်အောင်ထည့်ရတဲ့ ပစ္စည်းတွေမပါတော့လို့ ပိုကျေနပ်သလို အဲလိုထည့်ရတဲ့ ပစ္စည်းတွေကိုလဲ 95% ထိ လျော့ချနိုင်တယ်လို့ ဆိုပါတယ်။

ဒီ 3D နည်းပညာ အလုပ်လုပ်ပုံကို ကျနော် အောက်က Video လေးနဲ့ ကြည့်လိုက်တာ တော်တော်သဘောကျတယ် ပေါ့ ဘာလို့ဆိုတော့ Staff က ပစ္စည်းလေးကို ထည့်လိုက်တယ် သူ စီပေးတဲ့အတိုင်း အလျားအနံ အမြှင့်တိုင်းတယ် ကတ်ထူစက္ကူတွေက အဲ size အတိုင်း box တစ်ခုဖြစ်အောင် ဖြတ်တောက်လိုက်ပြီး အဆင့်သင့်ဖြစ်အောင်လုပ်လိုက်တယ်။ ဒီလိုကြောင့်လဲ အပေါ်က အချက်တွေက လုပ်ငန်းတစ်ခုရဲ့ benefit ဖြစ်လာတာပေါ့။ ကိုယ်တိုင်လဲ video ကြည့်လိုက်အုံးနော်
ကျနော် နည်းပညာကို သဘောကျတာလဲ ဒီလို အချက်တွေကြောင့်ပါပဲ။ လူတွေကို ပိုအလုပ်တွင်စေတယ်( ပိုမြန်တယ်ပေါ့)၊ ကုန်ကျစရိတ်သက်သာစေတယ်။ မြန်မာနိုင်ငံမှာပေါ့ ခုချိန်ထိ နည်းပညာကို ပေါင်းစပ်ရမှာ ကြောက်နေတဲ့ လုပ်ငန်းရှင်တော်တော်များများတွေ့ဖူးသလို၊ ကျနော်တို့ ရှင်းပြလိုက်တာနဲ့ ချကွာဆိုတဲ့ သူတွေနဲ့လဲ ကြုံဖူးပါတယ်။ ဘာပဲ ပြောပြော ဒီအထိ ဖတ်လာတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ တစ်ခုခု အမြင်ကျယ်မယ် ဗဟုသုတရမယ်ဆိုရင်ပဲ blog လေးက တန်ဖိုးရှိသလို အချိန်ပေးပြီးရေးတဲ့သူအတွက်လဲ တစ်ခုခု comment မှာ ရေးသွားစေချင်ပါသေးတယ်။
Comments