ကျနော် လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကျနော့် Facebook Account Hack ခံရဖူးပါတယ်။ အဲအချိန်မှာ ကျနော်က  သူများတွေရဲ့ Facebook Page တွေ ကို Like ရအောင် လုပ်ပေးနေတဲ့ Service ပေးနေတဲ့ သူတစ်ယောက်ပေါ့။ အကြီးအကျယ် လုပ်တာလဲ မဟုတ်ပါဘူး ကျနော် အလုပ်တစ်ဖက် IT Enginner ဘဝကို ဖြတ်သန်းရင်း အတွေ့အကြုံရအောင် အသိမိတ်ဆွေတွေ ကို ကူပေးရင်း လေ့လာနေတဲ့အချိန်ပေါ့။

ဇာတ်လမ်းအရှည်ကို နောက် မှ ရေးပါတော့မယ်။ လိုတိုရှင်းပြောရရင် သုံးနေကျ Software တစ်ခုကို ဒေါင်းပြီး install လုပ်ရာကနေ ထိန်းချုပ်ခံလိုက်ရတာပါ။ ကျနော် စက်မှာ ဘာရိုက်ရိုက် သူတို့ server ကို ရောက်နေတဲ့သဘောပေါ့။ စိတ်ထဲ ခံစားရလို့ Password တွေဘာတွေ ပြောင်းခဲ့ပြီး အလုပ်ကနေ အိမ်ပြန်သွားတာတောင် ပါသွားသေးခဲ့သေးတာပါ။ အဲလိုနဲ့ ကျနော် Page တွေ like တွေ အကုန်ပြန်လျှော်လိုက်ရတယ်ပေါ့။ လစာအပြင် အကြွေးပါ တင်သွားဖူးတယ်။ တစ်ချို့ community page တွေ Group တွေဆို ပြန်ကို မရတော့ဖူးပေါ့။ နောက်ပိုင်း မှာလဲ Business Manager တစ်ခုလုံး ခိုးယူ ခံရပြီး ပိုက်ဆံတွေ အသေသုံးပြီး Boost သွားတဲ့ Case တွေလဲ ကြားဖူးခဲ့တယ်။

Facebook က ဖင်မနိုင်ပဲ ပဲဟင်းစားနေ

အခု ပြောချင်တာလာပါပြီ။ Facebook က ဒီ ၂ လအတွင်းမှာ Twitter လို Blue Mark စရောင်းနေပြီပေါ့နော်။ ရောင်းတဲ့ နိုင်ငံကလဲ အများကြီး မဟုတ်သေးပေမယ့် VPN ဘာညာ နည်းလမ်းနဲ့ ဝယ်ကျတဲ့သူတွေလဲ ရှိတယ်။ အဲနောက်ကွယ်မှာ သူ့ အသုံးမကျတဲ့ အကျိုးဆက်တွေ ရှိပါတယ်။ ပိုက်ဆံရရင်ပြီးရော ဆိုပြီး Blue Mark တွေ ပေးတယ်။ အဲ Blue Mark နဲ့ကောင်တွေက Post ထဲမှာ Download လုပ်ခိုင်းတဲ့ Link တွေ ချပြီး Boost လုပ်တယ်။ ဒါကိုလဲ FB က ခွင့်ပြုထားတယ်။ ပြောရရင် သူတို့ လွတ်နေတဲ့ ယိုပေါက် တစ်ခုပေါ့။ သူတို့ လွတ်နေတာ အရေးမကြီးပါဖူး နေ့စဉ်နဲ့ အမျှ Online မှာ Social Media Buying/Boosting/ Online Shopping စသဖြင့် လုပ်နေတဲ့ သူတွေ အနေနဲ့ ဒါကြီးက Blue Mark ကြီးနဲ့ စိတ်ချရတယ်ဆိုပြီး ဒေါင်းပြီး စက်ထဲ ထည့်လိုက်ရင် ဆုံးရူံးမှုက ကိုယ်အရင်ဆုံး ဖြစ်မှာပါ။

ဘယ်လိုသတိထား ကာကွယ်မလဲ

Facebook ကတော့ အမြဲ ဆက်သွယ်ရခက်သလို လူပေါင်းများစွာ ၊ Report ပေါင်းများစွာ ကို မကြည့်နိုင်တဲ့အတွက် မေ့လိုက်ပါ။ အဓိက လုပ်ရမှာက Blue Mark နဲ့ Page တွေ့တယ်ဆို အောက်က photo လိုမျိုး Page Transparency ထဲဝင်ကြည့်ပြီး page name တွေ ချိန်းထားလား ၊ Admin တွေကရော ဘယ်ကလဲ ဘယ်တုန်းက ဖွင့်ထားတာလဲ သုံးသပ်လို့ရပါတယ်။

နောက်တစ်ခုကတော့ ဘယ်တော့မှ install လုပ်ရတဲ့ File Type အမျိုးအစား ဖြစ်တဲ့ exe ကို Down ခိုင်းတာမျိုး Facebook ရော Google လို organization ကရော Boost လုပ်ပြီး မကြေငြာပါဘူး။ အဲတော့ ကိုယ့်ဘာသာကိုယ်သာ မသေချာရင် ဘာမှ သွားမနှိပ်တာ Safe အဖြစ်ဆုံးပါ။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles