ကျွန်တော်တို့ဟာ မူဝါဒတွေနဲ့ ဆန့်ကျင်နေတဲ့ Page Content တွေကို ကိုင်တွယ်ပုံ အသစ်တွေနဲ့ ပြုလုပ်နေပါတယ်.. ပထမဦးစွာ မနက်ဖြန်ကစပြီး Page ကို စီမံခန့်ခွဲနေတဲ့ သူတွေက tab အသစ်ကို မြင်ရပါလိမ့်မယ်.. အဲ့ဒီtab က ဘာပြလဲဆိုတော့ Community Standard နဲ့ ဆန့်ကျင်နေတဲ့ contentတွေကို ကျွန်တော်တို့ဘက်က ဖယ်ရှားလိုက်တဲ့အချိန် နဲ့ third-party fact-checker က မှားယွင်းပြီး အဆင့်သတ်မှတ်လိုက်ချိန်မှာ ကျွန်တော်တို့ဘက်မှ post ဖြန့်ဝေမှု လျော့ချချိန်တွေမှာ မြင်တွေ့ရမှာပါ..
ဒုတိယအနေနဲ့တော့ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲဖို့ ခက်တဲ့ မူဝါဒကို ကျွန်တော်တို့ရဲ့ Community Standard အား ဆန့်ကျင်နေတဲ့ Page တွေ ပွားပြီး တူညီတဲ့ activity အတွက် အသုံပြုခြင်းမှ ဖယ်ရှားရန်အတွက် ပိုကောင်းအောင် ဆောင်ရွက်သွားမှာပါ.. ဒီမူဝါဒနဲ့ ပတ်သက်လို့ လာမဲ့အပတ်က စတင်ပြီး စည်းနှောင်မှုရှိအောင် လုပ်ဆောင်သွားမှာပါ..

Page အရည်အသွေး
Page Quality Tab အသစ်ဟာဆိုရင် Page တွေကို စီမံခန့်ခွဲနေသူတွေကို ကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့ လမ်းညွှန်တွေနဲ့ ဘယ်လို ကိုက်ညီမှုရှိလဲဆိုတာကို ပိုနားလည်နိုင်အောင် ကူညီဖို့ ရေးဆွဲထားပါတယ်.. Tab မှာ အပိုင်းနှစ်ပိုင်းပါပါတယ်..
၁. ကျွန်တော်တို့ရဲ့ Community Standard ရဲ့ အစိတ်အပိုင်းတစ်ခုကို ချိုးဖောက်တဲ့ အတွက်ကြောင့် ဖယ်ရှားခံလိုက်ရတဲ့ Content
၂. Third-party fact-checkers မှ “False,” “Mixture” or “False Headline” (စစ်မှန်မှု မရှိခြင်း၊ ရောထွေးနေခြင်း၊ စစ်မှန်သော ခေါင်းစည်းမဟုတ်ခြင်း) လို့မကြာသေးခင်မှ သတ်မှတ်ခံလိုက်ရတဲ့ Content
Page စီမံခန့်ခွဲသူများမှ မကောင်းတဲ့ အမူအကျင့်တွေကို ထိန်းသိမ်းကျပ်မတ်ဖို့၊ ကျွန်တော်တို့ရဲ့ Community Standard ကို ပိုမိုနားလည်သဘောပေါက်လာဖို့ အတွက် လိုအပ်တဲ့ သတင်းအချက်အလက် တွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. အကယ်၍ တင်လိုက်တဲ့ Content နဲ့ ပတ်သက်ပြီး ကျွန်တောို့ဘက်မှ မမှန်ကန်တဲ့ ဆုံးဖြတ်ချက် ပြုလုပ်မိတယ်ဆိုရင် အသိပေးစေလိုပါတယ်….

ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲဖို့ခက်တဲ့ မူဝါဒနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှု
ကျွန်တော်တို့ရဲ့ Community Standard တွေကို ချိုးဖောက်မှုအတွက် ယခင်က ဖယ်ရှားမှုနဲ့ ဆင်တူတဲ့ Page, group, event, account အသစ်တွေ ဖန်တီးခြင်းကိုလဲ တားမြစ်ထားပါတယ်.. သို့သော်လည်း ကျွန်တော်တို့ရဲ့ Community Standard တွေကို ချိုးဖောက်မှုကြောင့် ဖယ်ရှားခံလိုက်ရတဲ့ Page တွေနဲ့ တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ ကျန်ရှိတဲ့ Pages တွေကို ကျွန်တော်တို့ရဲ့ စည်းနှောင်မှု ရအောင် လုပ်နေတဲ့ လူတွေကလဲ ရှိပါတယ်…
ဒီကွာဟမှုကို ဖြေရှင်းရန်အတွက် ကျွန်တော်တို့ရဲ့ Community Standard ကိုချိုးဖောက်မှုအတွက် Page သို့မဟုတ် group ကို ဖယ်ရှားချိန်မှာ သတ်မှတ်အဆင့်နဲ့ မကိုက်ညီတဲ့ ဖြန့်ချီရန်မသင့်တဲ့ Page တွေ group တွေကိုလဲ ဖယ်ရှားသွားမှာပါ.. ဒီမွန်းမံမူဝါဒ စည်းနှောင်မှု ရှိလာစေဖို့အတွက် ကျွန်တော်တို့ဟာ ပေးထားတဲ့ သတင်းအချက်အလက် တွေကိုလဲ သေချာ ကြည့်သွားမှာပါ…”ထို Page ကို တူညီတဲ့သူကပဲ စီမံအုပ်ချုပ်နေသလား သို့မဟုတ် ကျွန်တော်တို့ ဖယ်ရှားလိုက်တဲ့ နာမည် နဲ့ ဆင်တူနေသလား” အစရှိတာတွေ ပါဝင်လာမှာပါ။
Comments