Facebook က Small Business တွေအတွက် Content တွေ Tools တွေ အစရှိသဖြင့် အမျိုးမျိုးထောက်ပံ့နေတာကြာပါပြီ။ ခုလဲ Facebook For Business ကနေပြီးတော့ small business တွေအတွက် Personalised Marketing Plan ကို Generate လုပ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးသွားပါမယ်။
သူပြောထားတဲ့ အဆင့်အဆင့်သွားလိုက်တာနဲ့ Marketing Plan တစ်ခါမှ မလုပ်ဖူးတဲ့ သူတွေအတွက် To-do list တစ်ခု ထုတ်ပေးသလို မျိုးဖြစ်ပါတယ်။ ခုမှ စလေ့လာမယ့် သူတွေအတွက်တော့ အထောက်ကူ ပိုဖြစ်ပါတယ်။
အဲတော့ ဘယ်လိုလုပ်ရမလဲ
ပထမဆုံး ဒီ Link ကနေ သွားလိုက်ပါ။ Facebook Login တော့ လိုအပ်ပါတယ်
Facebook Plan လိုချင်တာလား Instagram Plan လား မိမိ ကြိုက်တာရွေးပါ







ကျနော် လေ့လာကြည့်သလောက် ခုန အဆင့်ထိက ဘယ်ဟာမျိုးကိုရွေးရွေး ဒီအဆင့်ထိက တူပါတယ်။ ခုလာမယ့် အဆင့်က စပြီး သူ suggest လုပ်တဲ့ အဆင့်ရောက်သွားပုံပါပဲ။




ဒီနေရာမှာ လဲ မိမိရွေးခဲ့တဲ့ပေါ်မူတည်ပြီး အများမျိုးဖြစ်နိုင်ပါတယ် ကျနော်ကတော့ နောက်ဆုံးအဆင့် စမ်းသပ်ပြချင်တာဖြစ်တဲ့အတွက် website ကနေ signup လုပ်ပြီး lead တွေရတဲ့ business မျိုးကို စိတ်ကူးပြီးရွေးထားတာပါ။
နောက်ဆုံး ဘာရလာမလဲ ကြည့်ရအောင်

ကျနော်တို့အပြင်မှာ Marketing Plan Over All ဆွဲပြီးရင် ဒီလိုပဲ Stage တွေနဲ့ Business ကို Craft လုပ်ပါတယ်။ ဒါမှ ဒီ Plan ဟာ ကိုယ့်လုပ်ငန်းအတွက် Measure ပြန်လုပ်လို့ရမှာပါ။ ဒီမှာတော့ သူ့ တစ်ချို့ step လေးတွေက နှိုင်းယှဉ်ပြတာလေးတွေက တော်တော်ကောင်းပါတယ်။ ကျနော် Find Your Target Audience ကို နမူနာပြပါမယ်။

အနှစ်ချုပ်အနေနဲ့ပြောရရင် အပေါ်မှာပြောခဲ့သလို ပဲ ခုမှ စလုပ်မယ့်သူအတွက် ဒီ Tools လေးက အထောက်အကူဖြစ်မှာပါ။ ကိုယ်က advance level မဟုတ်ရင် higher level ဆိုရင်တော့ ဒါက Auto Chbat Bot တွေလို ဘာရွေးရင် ဘာပြမယ်ဆိုတဲ့ သဘောပဲဆိုတာ နားလည်ပါလိမ့်မယ်။ ဘာပဲ ပြောပြော small business တွေအတွက် အသုံးဝင်တယ် learn ကနေလဲ ဆက်လေ့လာလို့ရတယ် ဆိုတာပဲ တော်တော် အဆင်ပြေနေပါပြီ။ လုပ်ငန်းအားလုံးအဆင်ပြေကြပါစေ။
Comments