Camera Effects တွေ..
Camera ရိုက်ရင် Effects တွေ သုံးစွဲလာတာ ကြာပါပြီ။ 360 camera ဆို လူသိများတဲ့ app တစ်ခုပါ မျက်နှာကို ဖြူဖွေးစေချင်တာလား ၊ အသားရောင်လေးတွေ ထွက်စေချင်လား အမျိုးမျိုးပါ။
အဲနောက်ပိုင်း ခေတ်စားလာတာကတော့ photo frame ပါ။ Camera ဘေးမှာ effect ထည့်တာတွေ ဒီဇိုင်းလေးတွေ ထည့်တာ ၊ လ ျှာထွက်ရင် မီးတွေ ထွက်တာ၊ ဌက်ပျောသီးတွေ ထွက်တာ ဒါတွေ ဟာ ခုနောက်ပိုင်း Facebook messenger မှာ ခေတ်စားလာတာ တွေ့မှာပါ။
ဒီလို camera frame တွေ effect တွေ နောက်ကွယ်က ဘယ်သူတွေ များ လုပ်ပေးနေပါလိမ့် လို့တွေးမိဖူးမှာပါ။ တကယ်တမ်း ဒီ 360 application တွေ ထုတ်လုပ်သူတွေဟာ ပြုလုပ်ထားကြမှာပါ။
Facebook သမိုင်း
Facebook Messenger မှာပဲ ဖြစ်ဖြစ် အစပိုင်းမှာတော့ frame လေးတွေ သုံးလို့ရတယ် ဘေးနားမှာ ပန်းခက်တွေ ဘာတွေ နဲ့ ရိုက်လို့ရလာရင်းကနေပဲ ခု effect တွေပါ ထည့်လာကြတယ်။
ခုနပြောသလို လ ျှာထုတ်ရင် တစ်ခုခု ဖြစ်တာတို့ မျက်မှန် auto တက်ပေးတာတို့ မှုတ်ဆိတ်မွှေးတွေ ဆိုတာ AR လို့ ခေါ်တယ်တဲ့ Augmented Reality (AR) နည်းပညာကြောင့်ပါ။
အနီးဆုံး မှတ်မိအောင်ပြောရရင် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ခေတ်ထ သွားတဲ့ Pokemon Go ဟာလည်း AR နည်းပညာနဲ့ ဖန်းတီထားတာပါ။
Facebook Camera Effects Platform
Facebook Camera Effects Paltform ဟာ တခြား နိုင်ငံက User တွေကတော့ အသုံးပြုခွင့်ရတာ ၁ နှစ်လောက်ရှိတော့ပါမယ်။ ဒါလည်း ကျနော့် Facebook Help မှာ ဖတ်လိုက်ရတာပါ။ ခု မြန်မာနိုင်ငံက လူတစ်ချို့လည်း access ရလောက်ပြီ ကျနော်ဆီ တောင် တန်းဝင်လာတယ်။ နောက်မှ ဘယ်လို သွားရတယ်ဆိုတာ ပြန်ရှာထားလို့ပါ
ကိုယ်ပိုင် Frame တွေ ဘယ်လိုလုပ်မလဲ ?
- အရင်ဆုံး ဒီလင့် ကိုသွားပါ
- ပုံမှာ ပြထားတဲ့ အတိုင်း Frame တစ်ခုလိုပါမယ် PNG ဆို ပို အဆင်ပြေပါတယ်။ တစ်ခါတည်း အနေအထား ညှိ့ရပါမယ်။
- ဒီအဆင့် မှာ တော့ ဘယ်သူက ပိုင်လဲ Frame နာမည် အစ ရှိသဖြင့်ရွေးပေးရပါတယ်။
နောက်ပြီး ဘယ် Location တွေ ကို ပေးသုံးမယ် မသုံးဘူး

ဘယ်နေ့တွေ မှာ စသုံးခွင့်ပေးမယ် ။ keyword တွေကရော ဘာလဲ ဖြေစွက်ရပါလိမ့်မယ်။
- ပြီးရင်တော့ နောက်ဆုံးအဆင့်ပါ။ Approved လုပ်တာ တစ်ပတ်လောက် စောင့်ရပါလိမ့်မယ်။
မှတ်ချက်။ ။ သူ့ရဲ့ policy အရ logo တွေ Brand တွေ နဲ့ ပတ်သတ်တဲ့ပုံတွေ ကြေငြာတွေ ကို ခွင့်မပြုပါဘူး 😀
ကဲ အဆင်ပြေပါစေနော်။
Comments