Facebook က သူ့ Video Player ကို Update လုပ်လိုက်တယ်ပြောတယ်။ အရင်က Feature တွေလို ဘယ်နိုင်ငံ အရင်လာမယ် ဘယ်နိုင်ငံနောက်မှ မဟုတ်ဘူးနော် Globally Launch လိုက်လုပ်တာနော်။

ဒီ Feature ကို April , 2024 လောက်က ကြေညာထားပြီး အခု မနေ့က တစ်ကမ္ဘာလုံး Launch လုပ်တယ်လို့ ကြေညာလိုက်ပြီ။

Credit: Meta News

အဓိက သတိထားရမယ့်အချက်တွေပဲ ရွေးထုတ်ပြောပါမယ်။

(၁) User တွေရဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီး ပိုပြပေးမယ်။

ဒါက TT ရဲ့ Agrothram နဲ့ တူလာပြီ ဟင်းချက်တဲ့ video ကြည့်မိရင် နောက်ထပ် ပြမယ့် video တွေကလဲ အဲဒါနဲ့ ပတ်သတ်တာတွေပဲ ဦးစားပေး များများ ပြမယ့် Video Player မျိုးပေါ့

(၂) Vertical Format ကိုပဲ ဉီးစားပေးမယ်။

စက္ကန့် ၉၀ အောက် short-video တွေက ဒီဘက်နှစ်တွေမှာ ရေပန်းစားလာတယ်။ အဲမှာမှ Vertical မျက်နှာပြင်အပြည့် Video Player ဖြစ်လာမယ်ပေါ့။ 9:16 ration video တွေများများထုတ်ပေါ့။

(၃) ၉၀ စက္ကန့်ထက် ပိုတဲ့ Video တွေလဲ ဆက်လုပ်ပါ

ဘာပဲဖြစ်ဖြစ် Video အရှည်တွေလဲ လုပ်ပါပေါ့ သူ့ Platform ရဲ့ Home မှာ အရှည်ရော အတိုရော ပြပေးပါမယ်ပေါ့။

(၄) Authentic နဲ့ Storytelling က King ပါ

ဆိုလိုတာက Authentic ဖြစ်တဲ့ Video တွေ Storytelling Video တွေဆိုရင် အရှည်ပဲ တင်တင် အတိုပဲ တင်တင် Performace ကောင်းမှာပေါ့။ ပြောချင်တာ Authenitc မဖြစ်တာတွေ မတင်နဲ့ပေါ့။

(၅) Engagement ကိုပဲ Focus ထားပါ

Video View, Comment, Like , Share တွေ ကောင်းလေ ကျနော်တို့ Video တွေကိုပိုပြပေးလေ ဖြစ်တဲ့အတွက် Engagement ကို Focus ထားပြီး Create ပေးပါ။

ဒီအပေါ်က အချက်တွေက Creator တွေအတွက် FB ကိုယ်တိုင်က ရှဲပေးတဲ့ အသုံးဝင်တဲ့ဟာတွေပါ။ Creator အနေနဲ့ ပိုက်ဆံ ရှာနေတဲ့သူတွေ အနေနဲ့ FB ကတော့ Earning နဲ့ပတ်သတ်တာ မပြောင်းလဲဖူးပြောထားပါတယ်။ In Stream Ads ရနေတဲ့သူတွေကိုတော့ Reels Ads Program တွေ မှာ Join ဖို့ တိုက်တွန်းနေပါတယ်။

Advertiser တွေ အနေနဲ့ကတော့ အပြောင်းအလဲ အများကြီးမရှိပေမဲ့ များပြားလာမယ့် Vertical Video တွေမှာ ကိုယ့် ကြေငြာပေါ်ဖို့အတွက် Overlay Banner Ads နဲ့ Post-loot-ads Type တွေကိုတော့ ads placement မှာ နည်းနည်း ဂရုစိုက်ရမယ်လို့ထင်ပါတယ်။ မြန်မာပြည်က လုပ်ငန်းတွေ အများစုက boosting/media buying လုပ်ရင် placement တွေကို မကြည့်တာများလို့ပါ။

Wai Yan Thwin

MarkTech Expert

About the Author

Wai Yan Thwin is a MarTech Specialist from Myanmar, working in the Digital/IT/Business industry. He shares insights on digital technology, marketing trends, business, and personal growth through this blog.

View Articles