traffic map

ခုဆိုရင် ကျနော်တို့ နိုင်ငံမှာ Google Maps Application က Traffic တွေပါ ပြလာတယ်ဆိုတာ သတိထားမိကြမှာပါ။ Colour တွေ က ဘာတွေကို ဆိုလိုတာလဲ?

Traffic colors

  • Green (အစိမ်းရောင်) ။ ။ မိမိသွားမဲ့ လမ်းမှာ အစိမ်းရောင်တွေ ရှိနေရင်တော့ Traffic မရှိဘူးလို့ ဆိုလိုတာပါ။
  • Orange (လိမ္မော်ရောင်) ။ ။ ပုံမှန် အလယ်အလတ် လောက်ရှိတဲ့ Traffic ကိုပြောတာပါ
  • Red (အနီရောင်) ။ ။ ဒါကတော့ traffic ပိတ်နေတယ်လို့ ဆိုပါတယ်။ နီညှိရောင်ဖြစ်နေရင် လမ်းခရီးကို ပိုကြံကြာစေနိုင်တယ်လို့တောင် ပြောထားပါတယ်။

ဒါဆို သွားချင်တဲ့နေရာကို google maps application နဲ့သွားရအဆင်ပြေပြီလို့ ထင်ပါတယ်။

google traffic

အခြားနိုင်ငံတစ်ခုကို ရောက်သုံးက google maps သုံးကြည့် တုန်းက ဆိုရင် အောက်က ပုံက အမှတ်အသားတွေ ပါ မြင်ရပါတယ်။ တကယ်လဲ အဲနေရာရောက်ရင် လမ်းပြင်နေတာတွေ တွေ့ခဲ့ရတယ်

For Example: လမ်းပြင်နေတဲ့ sign ရှိတယ်ဆိုရင် တစ်ကယ် အဲနားမှာ လမ်းပြင်နေတယ်။ Update ဖြစ်တာပေါ့။ ကျနော်တို့လဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ခုတော့ traffic လေးပဲ Update ကြည့်ကြတာပေါ့။ ဒီလို Traffic လေးတွေ မြင်ရတာကလည်း မြန်မာနိုင်ငံဝင်လာတဲ့ taxi application company တွေနဲ့လည်း တစ်ပိုင်းတစ်စ ပါဝင်မယ်လို့ ကျနော် ယူဆမိတယ်

ဖွံ့ဖြိုးပြီးနိုင်ငံများ

အခြားနိုင်ငံတွေ မှာဆိုရင် ကိုယ်မရောက်ဖူးတဲ့ မြို့တွေကို ကိုယ်ပိုင် ကားနဲ့သွားရင် Map application တွေသုံးကြပါတယ်။  အချို့ Map application တွေရဲ့  Download link တွေလဲ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Google Maps

Android > https://goo.gl/1hHD8p
iOS > https://goo.gl/zevuHe

maps.me

Android > https://goo.gl/ET4dbg
iOS > https://goo.gl/e947Vx

Document

Thank you for reading. Buy me a coffee?

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles