google business fee

အခကြေးငွေ တောင်းလာနိုင်တဲ့ Google My Business

Google My Business ဟာ လက်ရှိမှာ အခမဲ့ အသုံးပြုနိုင်တဲ့ Business Listing တစ်ခုပါပဲ။ Google Maps အသုံးပြုသူတိုင်း Map ရဲ့ Search Box ကနေပဲ Business လုပ်ငန်းတွေကို ရှာဖွေလေ့ရိကြသလို နေရာတွေကိုလဲ ရှာဖွေလေ့ရှိတယ်။

ပိုက်ဆံကောက်တော့မှာလား?

လက်ရှိတော့ အခကြေးငွေ ပေးစရာမလိုသေးပဲ မိမိတို့ လုပ်ငန်းတွေ ကို Google Maps မှာပေါ်အောင်ထည့်လို့ရပါတယ်။ နောက်ပြီး Google Search မှာလဲ ပေါ်သေးပါတယ်။ ပြသနာက အဲမှာစတာပါ။ SEM သုံးတဲ့ သူတွေဟာ ပိုက်ဆံပေးပြီး သူတို့ ထိပ်ဆုံးရအောင်လုပ်နေရချိန်မှာ Google Business ကသာ နာမည်တူရင် သူက ဘေးမှာ organic နဲ့ ပေါ်နေတာကြောင့်လဲ ပါရင်ပါမှာလို့ ကျနော် တွေးမိတယ်။ Search Engine Land Site ရဲ့ အဆိုအရတော့ Survey မှာ ပါဝင်တဲ့ Feature တွေက original ထက်ပိုသာတဲ့ Feature တွေ ပါဝင်သလို Feature ပေါ်လိုက်ပြီး လစဉ်ကြေးကောက်ခံဖို့ရှိနေပုံရတယ်လို့ ဆိုပါတယ်။

Google My Business

အပေါ်ကပြောခဲ့သလိုပဲ Google Maps နဲ့ Google Search မှာ Profile ပေါ်အောင် Listing လုပ်ထားလို့ရတဲ့ Free Service တစ်ခုပါ။ June 2014 က စတင် တည်ထောင်ခဲ့ပြီးတော့ အမြဲ Update တွေ လုပ်နေတဲ့ အခမဲ့ service တစ်ခုပါ။

Survey မှာ ဘာတွေပါလဲ

Survey ဖောင်ကို ဖြေဆိုခဲ့ရတဲ့ X-Sean Bucher ကတော့ Pricing Table တစ်ခုကိုပါ ဖြေခဲ့ရပါတယ်။ ဒီ Pricing Table အရ $25 ကနေ $50 လောက်ထိ ကောက်ခံနေဖို့ ပြင်ဆင်နေပုံရပါတယ်။

Packages တွေကို feature တွေနဲ့ တွဲပြီး ဘယ်လောက်ပေးမလဲဆိုတာတွေကို ကောက်ခံခဲ့တာမျိုးတွေပါပဲ။

တစ်ချို့ Feature တွေ ဆို ကိုယ့် Business Profile မှာ ပါတဲ့ ads တွေကို Remove လုပ်ချင်လား။ ကိုယ့်ရဲ့ Trade Licenses ကို Verify လုပ်ပေးပြီး Business profile မှာပြတာတွေပါ လုပ်ပေးနိုင်တဲ့ Feature တွေ ပါဝင်ပါတယ်။ နောက်ထပ် ကျနော့် အကြိုက်ကတော့ Automated message responses ပါပဲ ကိုယ့်အစား မေ့လေ့မေးထ ရှိတဲ့ မေးခွန်းတွေ Auto ဖြေပေးတာမျိုးပေါ့။

ဘာပဲပြောပြော Google က အခကြေးငွေ ကောက်မယ်ဆိုလဲ ပေးမယ့် business တွေကတော့ ရှိနေမှာပါပဲ။ Small Business တွေကတော့ အခမဲ့ ရနေတဲ့ ပုံစံမျိုးတစ်ခုတော့ ပေးနေအုံးမယ်လို့ ကျနော်မျှော်လင့်မိတာပဲ။ ကျနော် တွေးကြည့်သလောက်တော့ သူတို့ နှစ်ပတ်လည်ဖြစ်တဲ့ June 2019 မှာ ဖြစ်နိုင်ချေများနေပါတယ်။