Content Writer အကြောင်းမပြောခင် Content အကြောင်းကို အရင် ရှင်းလိုက်ရအောင်။ Content ဆိုတာ ကြည့်နိုင်၊ဖတ်နိုင်၊နားဆင်နေနိုင်တဲ့ အကြောင်းအရာတွေဖြစ်ပြီး အမျိုးအစားများစွာရှိပါတယ်။ Video Content , Photo Content လို Visual Content လည်းရှိသလို Music Content လို  Audio Content လည်းရှိပါတယ်။ ပြီးတော့ Digitally အရ ထုတ်လုပ်တဲ့ Content အမျိုးအစားတွေ့ရှိသလို Traditional Content တွေလည်းရှိပါတယ်။ လူအများစုကတော့ Content လို့ပြောတာနဲ့ စာရေးတယ်လို့ပဲထင်မှတ်ကြပါတယ်။ ဒီလို Content အမျိုးအစားများစွာတွေထဲကမှာ စာအဖြစ် ထုတ်လုပ်တဲ့ Content တွေကို ရေးသားတည်းဖြတ်သူကို Content Writer လို့ခေါ်ဆိုပါတယ်။

ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေအကြုံပေါ်မူတည်ပြီးတော့  Content Writer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲဆိုတာကို Sharing လုပ်ပေးသွားပါမယ်။

ကျွန်တော်က Digital Media Company တွေနဲ့  Digital Agency တွေဘက်မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတော့ Content Writer Title အောက်မှာ အမျိုးမျိုးရှိတာကို လေ့လာသိရှိခဲ့ရပါတယ်။ လေလောဆယ် ကျွန်တော်တို့ community ထဲမှာလည်း Content Writer တွေကို အထူးလိုအပ်နေပြီး Content Writing Job ဟာ လက်ရှိအချိန်မှာ Trending ဖြစ်နေတဲ့ အလုပ်အကိုင်တစ်ခုပါပဲ။

Content Writer ဖြစ်ဖို့ ဘွဲ့တွေလိုလား ?

ပြောရရင် ဒီ အလုပ်အကိုင်ရာထူးအတွက် B.A( Content) , B.Sc (Content) ဆိုတာမျိုး တွေမရှိသလို သီးသန့် ကျောင်းတွေလည်း မရှိပါဘူး။ တစ်ခုရှိတာကတော့ မိမိက လက်ရှိမှာ Journalism တို့ English စာအထူးပြု၊ Communication စတဲ့ အထူးပြုဘာသာရပ်တွေ သင်ယူထားသူဖြစ်တယ်ဆိုရင် Content Writer အလုပ်အကိုင်အတွက် အခွင့်အလမ်းကောင်းကောင်းရှိတယ်လို့ ပြောရမှာပါ။ ကျွန်တော်ပြောပြသွးာတဲ့ အထူးပြု ဘာသာရပ်တွေ မတတ်မြောက်ထားလို့ ဘာမှ စိတ်ဓါတ်ကျစရာတော့ မရှိပါဘူး။ ဆိုလိုချင်တာက အဲဒီလို ဘွဲ့တွေရှိထားရင် နည်းနည်း အထောက်အကူပြုနိုင်တယ်လို့ ပြောချင်တာပါ။

Content Writer ဖြစ်ဖို့ ဘာတွေသိထားရမလဲ?

အရင်ဦးဆုံးအနေနဲ့ မိမိကဘယ်လို Content မျိုး ဖန်တီးရေးသားရတာအားသာလဲ အရင် သုံးသပ်ရပါမယ်။ ဒီလို သုံးသပ်ဖို့ကလည်း Content အမျိုးအစားတွေကိုသိဖို့လိုပါမယ်။ ‌Blog Post လို ဆောင်းပါးရှည်ရှည်တွေရေးရတာကြိုက်လား?Brand တွေအတွက် Copy တွေရေးသားရတာကြိုက်လား? Journalism ပုံစံနဲ့ Story/Issue တွေရေးသားရတာကြိုက်လား? စသဖြင့်ပေါ့။ ပြီးတော့ Content Type တွေကို လေ့လာထားဖို့လိုပြီး စာတွေများများဖတ်ဖို့လည်းလိုပါမယ်။

Content Writer ဖြစ်ဖို့ ဘာ အရည်အချင်းတွေလိုမလဲ?

Language Skill

ပထမဦးဆုံးနဲ့ အရေးပါဆုံးကတော့ ဘာသာစကားစွမ်းရည်ပါ။ မြန်မာစာကို ဝါကျမှန်မှန်၊ သဒ္ဒါကျကျ၊ သတ်ပုံတိကျစွာ ရေးသားနိုင်ရင်တော့ Content Writer တစ်ယောက်ဖြစ်ဖို့ ၅၀ရာခိုင်နှုန်းသေချာပါပြီ။ 

English ဘာသာစကားကိုပါ တက်ကျွမ်းထားပြီဆိုရင်တော့ ၇၀ရာနှုန်းလောက်ပိုသေချာသွားပါပြီ။

Editing Skill

နောက်တစ်ခုကတော့ တည်းဖြတ်နိုင်တဲ့ စွမ်းရည်ပေါ့။ ကိုယ်ရေးလိုက်တဲ့ Content ကို အချောသတ်ဖို့က စိတ်ရှည်ရှည်နဲ့ တည်းဖြတ်ဖို့ လိုတာကြောင့်ပါ။ 

Creativity

နောက်ထပ် လိုအပ်တဲ့ စွမ်းရည်တစ်ခုကတော့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ပေါ့။ ကိုယ့်ကိုကိုယ် စိတ်ကူးကောင်းတယ်၊ ဖန်တီးနိုင်စွမ်းရှိတယ်လို့ ယူဆရင်တော့ Content Writer အလုပ်ကို လုပ်ကိုင်ဖို့ အဆင်ပြေပြီသာ မှတ်ယူလိုက်ပါတော့။

Research and Learning Skill

နောက်ဆုံးတစ်ခုကတော့ လေ့လာနိုင်စွမ်း ပါပဲ။ ကိုယ်ရေးသားမယ့် အကြောင်းအရာအတွက် သင်ယူလေ့လာအားကောင်းရမှာဖြစ်တဲ့အပြင် လိုအပ်ရင် Internet ပေါ်မှာ Research လုပ်ရဦးမှာဆိုတော့ ဘာမဆို ဖြတ်ဖြတ်လတ်လတ်နဲ့ သင်ယူလိုစိတ်ရှိရပါမယ်။ 

ဒီ Skill တွေအပြင် အရေးကြီးတဲ့ တစ်ခုကတော့ အတွေ့အကြုံပါပဲ။ ဥပမာပြောရရင် ငယ်ငယ်က ကျောင်းမှာ အစမ်းစာမေးပွဲတွေ အကြိမ်ကြိမ်စစ် တယ်ဟုတ်!? ပြီးမှ စာမေးပွဲအစစ်ကြီးကို ဖြေရတာပါ။ အစမ်းစားမေးပွဲတွေမှာ ကျွန်တော်တို့ လုပ်ခဲ့မိတဲ့ အမှားတွေကို တကယ် အစစ်မှာ မှန်မှန်ကန်ကန် ဖြေနိုင်ရင် အတန်းတက်မယ်ပေါ့။အဲဒီလိုမျိုးပဲ  လေ့ကျင့်မှု များများပြုရင်းနဲ့ပဲ Professional Content Writer ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာမှာပါ။

အနှစ်ချုပ်ပြောရရင်တော့ စာများများရေးရမယ် ကိုယ့်ကို ကူညီနိုင်သူ Senior Content Writer တွေဆီက များများ Feedback or Comment ယူရပါမယ်။ အတွေ့အကြုံဆိုတာ ကိုယ့်ဘာသာကို တည်ဆောက်ယူဖို့ခက်ပါတယ်။ ဒီတော့ ကိုယ်က  သိထားတဲ့ ဗဟုသုတကို သူများကို Sharing လုပ်ရတာကြိုက်တယ်၊ စာရေးရတာလည်း ဝါသနာပါတယ်ဆိုရင် Content Writer အဖြစ် အလုပ်စလုပ်ကိုင်ဖို့ တိုက်တွန်းလိုပါတယ်။ လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ကိုယ့်ရဲ့ Senior တွေ၊ အထက်က Creative Director တွေနဲ့ အလုပ်တွဲလုပ်ရင်း  လုပ်ငန်း အတွေ့အကြုံရရှိပြီး အရည်အသွေးပြည့်တဲ့ Pro Content Writer ဖြစ်လာနိုင်မှာပါ။ ဒါကြောင့် စလုပ်ကြည့်ပါ။ ငါ့မှာ ဒီ Skill တွေမရှိသေးလို့ သတ်ပုံတွေမရလို့ ဆိုပြီး ထိုင်နေမယ်ဆို အိပ်မက်တွေက အလကားဖြစ်သွားမယ်လို့ ထင်ပါတယ်။ အဓိက အကြံပေးချင်တာကတော့ ကိုယ်က Content Writer ဖြစ်ချင်တယ်ဆိုရင် စာများများဖတ်ပါ၊ရေးပါ။ Industry ထဲက Content Writer တွေရဲ့ လက်ရာကို လေ့လာပါ။ အလုပ်စဝင်ကြည့်ပါလို့ ပြောရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles