how to create a website ဆိုတာ ဒီနေ့ခေတ်မှာ အများကြီး အသုံးဝင်ပါတယ် Company အချက်အလက်တွေ လွယ်လွယ်ကူကူ ရှာလို့ရအောင် လုပ်မလား၊ ကိုယ့် Portfilo ကို website ပေါ်တင်ထားပြီး ကိုယ့် CV တို့ဘာတို့အတွက် ထည့်သုံးမလား၊ ကိုယ့် ဝါသနာပါတဲ့ အကြောင်းအရာတွေကို Blog အဖြစ် မျှဝေမလား၊ လွယ်လွယ်ကူကူ စျေးဝယ်လို့ရတဲ့ site အဖြစ်ဖန်တီးမလား စတာတွေအတွက် အသုံးဝင်နေပါပြီ။

ဒီ website လေးကို အစအဆုံးတည်ဆောက်ပြပေးထားပါတယ်

Website တစ်ခု ကို တည်ဆောက်ဖို့ အရင်က ဆို Programming Language တက်ရပါတယ်။ အခုလဲ တက်ထားရင် ပိုကောင်းတဲ့ ပိုလှ တဲ့ website တစ်ခု တည်ဆောက်နိုင်တာပေါ့။ ဒါပေမဲ့ ကျနော်ကတော့ လွယ်လွယ်ကူကူနဲ့ website တစ်ခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကို Domain ဝယ်တဲ့ အဆင့်ကနေ နောက်ဆုံး website live ဖြစ်သွားတဲ့ထိ ဒီအောက်က Video တွေမှာ အဆင့်ဆင့် လေ့လာလို့ရအောင် ကြိုးစားပြီး မျှဝေပေးလိုက်ပါတယ်။ မေး စရာရှိတာတွေကို youtube video အောက်မှာ ဖြစ်ဖြစ် ဒီ Blog Post အောက်မှာ ဖြစ်ဖြစ် မေးမြန်းထားနိုင်ပါတယ်။

[sscl ID=”1413″]

အောက်မှာ တကယ်လို့ Namecheap က ဝယ်မယ့်လို့ ဆုံးဖြတ်ထားရင် ဒီလင့် ကနေ တစ်ဆင့်သွားရင် 70% ထိ ရနိုင်ပါတယ်။ (ဘာလို့ဆိုတော့ Namecheap ကနေ ကျနော် refer link ယူထားလို့ပါဗျ)

Domain Name ဘယ်လိုရွေးချယ်ရမလဲ?
Hosting အဆင့်အဆင့် ဝယ်ယူနည်း

WordPress CMS ထည့်သွင်းနည်း

WordPress CMS မှာ Theme ဘယ်လိုသွင်းမလဲ

Post/Blog ဘယ်လို တင်မလဲ

အပေါ်က Video တွေကို သေချာလေ့လာပြီးပြီဆိုရင်တော့ ခုလောက်ဆို website တစ်ခု ပြီးနေလောက်ပြီနော်။ အဆင်ပြေကြပါစေဗျ။

Elementor Plugin Pro ဝယ်ရန် > Click Here

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles