AYA Visa Card
AYA VISA Card တွင် ကဒ်သက်တမ်း (၂)နှစ်အတွက် ကဒ်တန်ဖိုး တစ်သောင်းကျပ် ဖြင့် နီးစပ်ရာ ဧရာဝတီဘဏ်ခွဲတွင် မှတ်ပုံတင်မူရင်းနှင့်တကွ သွားရောက်လျှောက်ထားနိုင်ပါသည်။
AYA MasterCard အမျိုးအစားတွင် Standard Card သည် ကဒ်တန်ဖိုး ၁၀,၀၀၀ ၊ Gallery Card သည် ကဒ်တန်ဖိုး ၁၅,၀၀၀ ၊ My Card သည် ကဒ်တန်ဖိုး၂၀,၀၀၀ ကျသင့်မှာဖြစ်ပြီး ဧရာဝတီဘဏ်ခွဲများတွင် မှတ်ပုံတင်မူရင်းနှင့်တကွ ကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပြီး ကဒ်သက်တမ်း(၂)နှစ်ဖြစ်ပါသည်။ VISA Card နှင့် MasterCardနှစ်မျိုးလုံးအတွက်ငွေဖြည့်သွင်းရန် ကနဦးအပ်ငွေအဖြစ် အနည်းဆုံးUS 50 မှ အများဆုံး US 10,000 နှင့် ညီမျှသော ငွေပမာဏကို Exchange Counterရှိသော ဧရာဝတီဘဏ်ခွဲများတွင် ဖြည့်သွင်းနိုင်ပါသည်။
AYA Exchange Counter များ၏ လိပ်စာကို ဒီမှာ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
AYA VISA Card ကို Foreign Currency သုံးမျိုး ( USD, SGD, EURO ) ဖြင့် ကဒ်အကောင့်ထဲတွင် ထားရှိအသုံးပြုနိုင်ပြီး AYA MasterCardကိုတော့ USD တစ်မျိုးတည်းသာအသုံးပြုနိုင်မှာဖြစ်ပါသည်။ ကဒ်နှစ်မျိုးလုံးကိုအသုံးပြုပြီး ခွင့်ပြုထားသော ပြည်ပ Online Shopping များ၊ POS စက်များတွင် ငွေပေးချေခြင်း၊ ပြည်ပနိုင်ငံရှိ ATMစက်များတွင် ပြည်ပနိုင်ငံများ၏ငွေအမျိုးအစားအတိုင်း ATM စက်များတွင် ငွေသားထုတ်ယူခြင်းတို့ကိုအသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ ATM စက်များတွင် ငွေထုတ်ယူ၍တော့ မရနိုင်ပါ။
အသေးစိတ်ထပ်မံသိရှိလိုပါက
AYA Contact Center ဖုန်းနံပါတ် ၀၉-၄၂၀၀၅၅၅၈၂၊ ၀၉-၂၅၀၂၀၆၂၅၁၊ ၀၉-၇၉၉၇၆၉၁၆၅
Source : AYA bank
Comments