ဆွဲဆောင်မှု့ ရှိသော post များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါတဲ့ short url ဆိုတာကို တွေ့ပြီး Chat Box ကနေ လာလာမေးနေကြတဲ့ Short URL ဆိုတာ ဘာလဲ ၊ ဘယ်လိုလုပ်ရလဲ ၊ ဘာကြောင့် သုံးရလဲဆိုတာတွေ ပြောပြပေးပါမယ်။
Short URL ဆိုတာ ?
ရှင်းရှင်းလေးပါ ။ URL ဆိုကတည်းက http:// ဆို စပြီး အရာတွေကို URL လို့ ခေါ်ပါတယ် ဥပမာ -https://www.facebook.com/waiyandigital/photos/a.1727924737443660.1073741825.1727923990777068/1775661572669976/?type=3&theater အဲလို အရှည်ကြီး ဖြစ်နေတာပေါ့ (ဘာပုံလဲဆိုတာတော့ သွားမနှိပ်နဲ့ လန့်သွားမယ်) အဲလောက်ရှည်တဲ့ URL ကို အတိုလေးဖြစ်အောင် လုပ်တာပေါ့။
Short URL ဘယ်လိုလုပ်မလဲ ?
short URL လုပ်လို့ရတဲ့ နေရာတွေ အများကြီးပါ bit.ly, ow.ly, tinyurl စသဖြင့် အများကြီးထဲကနေ ကျနော်ကတော့ လူတိုင်းနဲ့ မစိမ်းနိုင်တဲ့ google short url က နေ လုပ်ပြပေးပါမယ်။
(၁) ပထမဆုံး အနေနဲ့ www.goo.gl ကိုသွားလိုက်ပါ။
(၂) မိမိမှာ google account (gmail) ရှိရင် ညာဘက်မှာ login ဆိုတာရှိတယ် ဝင်လိုက်ပါ (မဝင်ဘဲ ပြုလုပ်နိုင်ပေမဲ့ ဝင်လိုက်ရင် နောက်ပိုင် အဆင်ပြေတာတွေရှိမှာပါ)
(၃) မိမိ ပြုလုပ်ချင်တဲ့ URL ကို copy ကူးလိုက်ပါ။ ဒါမှ မဟုတ်ရိုက်ချလို့ လဲရပါတယ်။(copy ကပိုတိကျ စိတ်ချရပါတယ်) ဥပမာ ကျနော် facebook profile ဆိုရင် https://www.facebook.com/waiyandigital အဲဒါကို copy လုပ် ပြီး “paste your Long URL here” မှာ paste လုပ်လိုက်ပါ။
(၄) shorten url ဆိုတဲ့ ဘေးက button လေးကို နှိပ်လိုက်ပါ။
(၅) အဲမှာ အောက်က ပုံအတိုင်း short url လေး ကို အဆင်သင့် copy ကူးဖို့ ဖြစ်နေပါလိမ့်မယ်။ https://goo.gl/dfFz5k ကဲ့သို့ ထွက်လာပါလိမ့်မယ်။
အဲဒါ ကျနော်တို့ short url ပါပဲ။ အဲဒါလေးကို facebook မှာ post တင်တာပဲဖြစ်ဖြစ် ၊ message ကနေ ပို့ပေးတာပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်။ အရှည်ကြီး မဖြစ်တော့ စိတ် မရှုတ်တော့ဘူးပေါ့။
ဘာကြောင့် သုံးရတာလဲ ??
(၁) အချက်ကတော့ ကြည့်ရတာ ခေါင်းမရှုတ်ဘူးပေါ့။
(၂) ကတော့ limit နဲ့ပို့ရတဲ့ နေရာတွေမှာ အဆင်ပြေပါတယ်။ ဥပမာ Mobile SMS ကပို့တဲ့ ကြော်ငြာတွေကို သတိထားကြည့်ပါ google short url လေးတွေ သို့ တခြား short url တွေ ပါပါတယ်။
(၃) ဒီအချက်က တော့ ကျနော်တို့ ခင်ဗျားတို့လို business သမားတွေ အတွက် အသုံးဝင်ပါတယ်။ ကိုယ့်ရဲ့ URL ကို လူဘယ်နှစ်ယောက်က ကြည့်သွားလဲ ? ဘယ်နိုင်ငံက လဲ ? ဘယ် browser ကနေ သုံးတာလဲ စတာတွေ အစုံသိနိုင်ပါတယ်။
နောက်ဆုံးပြောရရင် ကျနော်တို့ facebook မှာ ဒီလင့် လေးကနေ ကြည့်နိုင်ပါတယ်လို့ တင်ပေးလိုက်ပေမဲ့လည်း ဘယ်နှစ်ယောက်ကြည့်လဲဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီ Short URL လေးတွေ သုံးခြင်းအားဖြင့် အခြေအနေ ကိုသိနိုင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။
Comments