Joe Girard ဆိုတဲ့တစ်ယောက်ဟာ ကား Show Room တစ်ခုရဲ့ အရောင်းဝန်ထမ်းတစ်ဦးပါ။ သူဟာ 1963-1978 မှာ Chevrolet ကားအရောင်းဌာနမှာ အလုပ်လုပ်ခဲ့တာပါ။ ကားပေါင်း ၁၃၀၀၀ ကျော်ကို ရောင်းချနိုင်ပြီး ဂင်းနစ်စံချိန်မှတ်တမ်းမှာ အတော်ဆုံး အရောင်းစာရေးအဖြစ်သတ်မှတ်ခြင်းခံံရတယ်။

သူ့ အချက်အလက်တွေ အနီးကပ်လေ့လာကြည့်မယ်ဆိုရင်
- တစ်နေ့ပျမ်းမျှ ၆ စီးနှုန်း လို့တွက်လို့ရတယ်
- အရောင်းရဆုံးနေ့ မှာ ကားပေါင်း (၁၈) စီးအထိ နဲ့ အရောင်းရဆုံးလတွေမှာ ၁၇၄ စီး
- အရောင်းရဆုံးနှစ်မှာ ၁၄၂၅ စီး
- တောင်အမေရိကမှာရှိတဲ့ ၉၅% သောကားအရောင်းဌာန တွေရဲ့ ရောင်းအားအသီးသီးဟာ သူ့ရောင်းအားကို မမှီခဲ့ပါဘူး
သူ့ရဲ့ လျှို့ဝှက်ချက်ကို ဘာများဖြစ်မလဲ သိချင်နေကြတဲ့သူတွေကြီးပါပဲ။ သူ့ကိုမေးရင်တော့ လူချစ်လူခင်များအောင် နေတယ်၊ အလုပ်ကြိုးစားတယ် ဆိုတဲ့အချက်တွေပဲ ပြောပါတယ်။
ဒီအချက်တွေဟာ အရောင်းသမားတိုင်းမှာရှိသင့်တဲ့အချက်တွေပါပဲ။ သူလိုပဲ ထောင်နဲ့ချီတဲ့ အရောင်းသမားတွေဆီမှာ ရှိရက်နဲ့ ဘာလို့ မတူတာလဲပေါ့။ သူ့လောက်ကို မှီအောင်မရောင်းနိုင်တာပါ။
သူ့ရဲ့ သူများနဲ့မတူတဲ့အချက်က ဘာဖြစ်မလဲ?

အချက်တွေ အများကြီးထဲမှာမှ သူ့ကို ရွေးထုတ်လိုက်တာ တစ်ချက်ကတော့ ဘယ်သူနဲ့မှ မတူပါဘူးတဲ့။ အဲဒါဘာလဲဆိုတော့ Customer တွေနဲ့ အဆက်အသွယ်ရှိခြင်းပါပဲ။ သူဟာ သူ့ရဲ့ customer တွေအားလုံးကို လတိုင်း ပို့စ်စကဒ်လေးတွေ ပို့လေ့ရှိပါတယ်။ New Year ဆိုရင် နှစ်သစ် ဆုတောင်းစာတွေ၊ မွေးနေ့မှာ ဆို မွေးနေ့ဆုတောင်းစာတွေ ပုံမှန်ပို့လေ့ရှိပါတယ်။ ပို့စကဒ်ပေါ်မှာ သူ့လက်မှတ်လေးအမြဲပါသလို ကားအရောင်းဌာနရဲ့ တံဆိပ်တုံးလဲ ထုပေးထားပါတယ်။
ဒါအပြင် သူက သူ့ပို့တဲ့ စာအိတ်တွေရဲ့ အရွယ်အစား နဲ့ အရောင်ကိုလဲ အမြဲပြောင်းလဲလေ့ရှိပါတယ်တဲ့။ အဓိကက လစဉ်လတိုင်းဆိုတော့ သူ့စာအိတ်ကို ကြေငြာစာလို့ထင်ပြီး မဖတ်မှာစိုးလို့ပါ။ အဓိကကတော့ သူ့စာကို ဖောက်ဖတ်တာနဲ့ Customer ပျော်သွားတာ၊ စိတ်ချမ်းသာမျိုးကို လိုချင်သူပါ။ အဓိကပို့ရတဲ့ ရည်ရွယ်ချက်ကတော့ တစ်နေ့မှာ ဒီလူတွေက ကားဝယ်ဖို့စဉ်းစားရင် သူ့ကို သတိရစေချင်တာပါ။ ဒါကြောင့်သူဟာ လတိုင်း နှစ်ချီပြီး အပင်ပန်းခံ ပို့ပါတယ်တဲ့။
ဒီကိစ္စကြောင့် သူ့ပို့နေတဲ့လူတစ်ယောက်က ကားဝယ်တော့မယ်လို စဉ်းစားမိတာနဲ့ သူ့ကိုပဲ သတိရနေတော့တာပေါ့။ သူဘယ်လောက်ထိ customer တွေကို ဂရုစိုက်လဲ ဆိုရင် သူ အရောင်းဝန်ထမ်းဘဝက အနားယူခါနီး အချိန်မှာတောင် တစ်လကို ပို့စကဒ်ပေါင်း ၁၃၀၀၀ လောက်ပို့ခဲ့ရသလို အကူဝန်ထမ်းတောင် ခေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကျနော့်အမြင်
ဒီအကြောင်းကို ဖတ်မိတဲဲ့အချိန်မှာ အမြင်တွေရှဲချင်စိတ်ပေါက်နေတာမို့ အမှတ်တရအဖြစ်ရေးလိုက်တာပါ။ ဒီကိစ္စက အရင်တုန်းက ခေတ်က လုပ်တာတောင် E-mail Marketing ကို သေချာအသုံးချသွားတယ် ဒီမှာ customer လို့သာ သုံးထားတာ အမှန်ကတော့ အလားအလာရှိတဲ့ ဒီနေ့ခေတ်အခေါ် Leads တွေလဲ ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျနော့်ဆရာတစ်ဦးဖြစ်တဲ့ ဆရာအောင်ချစ်ခင် ပြောဖူးတာ သတိရပါတယ် ကျနော် တစ်ချို့ Training တွေမှာလဲ ပြန် Share လေ့ရှိပါတယ်။ လူတစ်ယောက်ရဲ့ inner circle ဆိုတာရှိပါတယ် သူ့ရဲ့မိသားစု၊ ချစ်သူ၊ အမျိုး Brand တွေထဲမှာဆို ကိုင်နေတဲ့ဖုန်း အဲလိုအရာတွေက ထိပ်ဆုံးကရှိနေတာပါ အဲဲဒီ circle ထဲကို ကိုယ်က ရောက်နေရင် ကိုယ့်ကို နေ့စဉ်မြင်နေရတဲ့ ကိုယ့်မိသားစုဝင်တစ်ဦးအဖြစ် မှတ်မိနေမှာပါ။ ဒီမှာလဲ Joe Girard ဆိုတဲ့လူက postcard လေးတွေပို့ရင် ဂရုစိုက်နေတာပါ။ ဒါကြောင့်လဲ ဒီလူတွေက ကားဝယ်တော့မယ်ဆိုရင် သူ့ဆီပဲ သွားခဲ့တာပေါ့လေ နောက်ပိုင်း ရက်ချိန်းတောင်ယူရတယ်လို့တောင် သိရပါတယ်။

နောက်ဆုံး ထူးခြားချက်ကတော့ သူ့ရောင်းအားရဲ့ ၃ ပုံ ၂ ပုံဟာ ဝယ်ပြီးသား customer တွေဆီကလို့ ဆိုထားသေးတယ်ဗျ အဲတော့ ဘာလုပ်သင့်လဲသာ ကိုယ့်ဘာသာကိုယ်စဉ်းစားသာကြည့်တော့ ..
Comments