Youtube မှာ Monetization လုပ်တယ်ဆိုရင် July 15 စတင်မယ့် မူဝါဒ အသစ်ကို သိထားဖို့လိုပါမယ်။ Owned Platform မဟုတ်တဲ့အတွက် အမြဲပြောင်းလဲနေတဲ့ မူဝါဒကို လိုက်ဖတ်နေရမှာ ထုံးစံပါပဲ။

ဒီ Youtube Monetization Policy အသစ်ကတော့ AI ခေတ်ရောက်လာတာကြောင့်ရော၊ ပိုပြီး ကိုယ်ပိုင် ဖြစ်တဲ့ orginal content တွေကို များများထွက်လာစေချင်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

Starting July 15, 2025, YouTube will implement a new set of rules in its monetization policies within the YouTube Partner Program (YPP), focused on eliminating repetitive, automated, and low-value content. The platform notes that the measure aims to protect authentic creators and raise the overall quality of content.


YouTube ဘက်မှ အဓိကပြောင်းလဲမှုများ

  • တူညီတဲ့ အကြောင်းအရာ ထပ်ခါထပ်ခါ တင်တဲ့ ဗီဒီယိုများမှာ ငွေမရှာရတော့ပါ (ကျနော်ထင်တဲ့ အကြောင်းအရာများကတော့ အခြား video ကိုပေါက်စေချင်တဲ့ Reaction Video မျိုးတွေ ဖြစ်ဖို့များပါတယ်)
  • အခြားသူတွေရဲ့ ဗီဒီယို ကူးယူထားတဲ့ အကြောင်းအရာများ monetization ခွင့်မပြုတော့ပါ (ဖြတ်ညှပ်ကပ်တွေ ပေါ့ များသောအားဖြင့် Youtube က ဝင်ငွေရှာနေတဲ့သူတွေက ဖြတ်ညှပ်ကပ်တွေ တင်ပြီး လွယ်လွယ် income ရှာကြပါတယ်)
  • မူလတီထွင်မှု (Original Content) ကိုသာ အရေးပေးမှာ ဖြစ်ပါတယ် (ဒါကတော့ နဂိုတည်းက သူတို့ဖြစ်စေချင်တာပါ)

သက်ရောက်မှုခံရမယ့်သူများ

  • Orginal မဟုတ်တဲ့ အကြောင်းအရာ တင်တဲ့ Creator များ
  • တူညီတဲ့ ဗီဒီယို format ကို ထပ်ခါထပ်ခါ သုံးတဲ့ Channel များ
  • ရှိပြီးသား အကြောင်းအရာကို ကူးယူပြီး တင်တဲ့သူများ
  • လက်ရှိမှာ ဒီလို ဗီဒီယိုတွေအပေါ် မှီခိုနေတဲ့ Creator များ

Creator များ လုပ်ရမယ့်အရာများ:

  • (Original Content) ပိုများများ ဖန်တီးရမယ်
  • ကိုယ်ပိုင် အရည်အချင်း၊ ကျွမ်းကျင်မှုကို ပြတဲ့ ဗီဒီယိုများ လုပ်ရမယ်
  • ထပ်ခါထပ်ခါ အတူတူပုံစံ ရှောင်ရမယ်
  • ကူးယူခြင်းအစား ကိုယ်ပိုင် အမြင်၊ အဓိပ္ပါယ် ထည့်ရမယ်

ရည်ရွယ်ချက်:

မူပိုင်ခွင့် ချိုးဖောက်မှုများ လျှော့ချရန်
YouTube Platform မှာ အရည်အသွေး မြင့်မားတဲ့ အကြောင်းအရာများ ပိုများစေရန်
Creator များကို ပိုမို တီထွင်ဖန်တီးစေရန်
ကြည့်ရှူသူများ အတွက် ပိုကောင်းတဲ့ အတွေ့အကြုံ ရရှိစေရန်

အခြားအသေးစိတ်ပိုသိဖို့ကတော့ လာမယ့် July 15 ဘယ် Creator တွေက အသံထွက်လာမလဲ နဲ့ Exisiting Video တွေကို Analytics လုပ်ပြီး ကြည့်ရပါမယ်။ ဒါမှ သာ ခွဲခြားနိုင်ပြီး နောက်ပိုင်း လုပ်မယ့် Video တွေမှာ ရှောင်ရှားနိုင်မှာလို့ ကျနော် မြင်မိပါတယ်။