lead vs prospect

Lead နဲ့ Prospect ဘယ်လိုကွာခြားသလဲ?

Facebook ရဲ့ Campaign Objective မှာလဲ မြင်ဖူးနေကြဖြစ်မှာပါ။ Lead Generate လုပ်တယ် ပြောကြသလို Lead Collect လုပ်တယ်ပြောကြပါတယ်။ Facebook Lead Generation ဆိုတဲ့ Objective ကတော့ CRM တွေနဲ့ပါ တိုက်ရိုက်ချိတ်ဆက်ထားနိုင်ပါတယ်။ ဒါတွေကိုနောက်မှ ပြောပြီး အခု Lead နဲ့ Prospect ဘယ်လိုကွာခြားလဲ ဉီးစားပေးရေးပေးသွားပါမယ်။

Lead ဆိုတာဘာလဲ? Lead ဆိုတာက Potential Customer ကိုဆိုလိုပါတယ်။ ဒါဆို Prospect ကကော? သူကလည်း Potential Customer ပါပဲ။ တူသယောင်ရှိပေမယ့် သူတို့နှစ်ခုရဲ့ ဆိုလိုရင်းကတော့ ကွဲပြားပါတယ်။ 😃

Lead ဆိုတာ

Lead ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ Potential Customer ပါ။ ဒါပေမယ့် Lead မှာကျ ကျနော်တို့လုပ်ငန်းနဲ့ ကိုက်ညီတဲ့သူကော၊ မကိုက်ညီတဲ့သူကော ပါလာနိုင်ပါတယ်။ တစ်နည်းပြောရရင် Unqualified Potential Customer ပေါ့။ 

Lead ကို အမျိုးအစား (၃) မျိုးခွဲထားကြတယ်။

◼ Information Qualified Lead (IQL)

IQL ဆိုတာက ကျနော်တို့ပေးထားတဲ့ စာရွက်စာတမ်း၊ Ebook တစ်ခုခုကိုရဖို့ သူတို့ရဲ့ Contact details တွေကို ဖြည့်သွားပေးတဲ့သူတွေပါ။

◼ Marketing Qualified Lead (MQL)

MQL ကတော့ ကျနော်တို့ Marketing process တွေဖြစ်တဲ့ Social Media Marketing Campaigns, blog, posts စတာတွေကနေ ရလာတဲ့ Lead တွေဖြစ်ပြီး ကျနော်တို့ပေးနိုင်မယ့် Service တွေ၊ Offer တွေပေါ် စိတ်ဝင်စားတဲ့သူတွေဖြစ်ပါတယ်။ 

◼ Sales Qualified Lead (SQL)

SQL ကကျ ကျနော်တို့ရဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့တွေ့ပြီး ကုန်ပစ္စည်းကို တိုက်ရိုက်မိတ်ဆက်လို့ရနိုင်တဲ့၊ ရောင်းချလို့ရနိုင်တဲ့ Lead တွေပဲဖြစ်ပါတယ်။

Lead vs Prospect

Prospect

Prospect ဆိုတာ ရလာတဲ့ Lead တွေထဲကမှ ကျနော်တို့လုပ်ငန်းနဲ့ကိုက်ညီမယ့် Buyer Persona ရှိတဲ့ Potential Customer တွေပါ။ လုပ်ငန်းနဲ့ အံဝင်ခွင်ကျရှိတာကြောင့် ပိုပြီး ဝယ်နိုင်ချေရှိမယ့် ဈေးဝယ်တွေလို့ ဆိုနိုင်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ဆို ကျနော်တို့ဈေးသွားရောင်းလို့ အဆင်ပြေနိုင်မယ့်သူပေါ့.. 

ဉပမာ –  ကျနော်က စာအုပ်ထုတ်ချင်တဲ့သူတွေအတွက် Sales and Marketing ပိုင်းမှာ အကြံပေးတဲ့အလုပ်ကိုလုပ်တယ်။ ကျနော့်လုပ်ငန်းကို စိတ်ဝင်စားနေတဲ့သူနှစ်ယောက်ရှိမယ်။

(၁) ဒီတစ်ယောက်ကတော့ အွန်လိုင်းမှာ စာရေးတဲ့သူ ဒါပေမဲ့ စာအုပ်တစ်ခါမှ မထုတ်ဖူးတဲ့ သူတစ်ယောက်ပေါ့။

(၂) နောက်တစ်ယောက်ကတော့ အရင်ကစာအုပ်ထုတ်ဖူးတယ် ခုချိန်မှာလည်း သူ့အရင်စာအုပ်ကို နောက်တစ်ခေါက် ပြန်ထုတ်ဝေချင်တယ်။ သူလက်ရှိဖြစ်နေတဲ့အခက်အခဲက စာအုပ်ပြန်ထုတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ Sales and Marketing ပိုင်းမှာ အကြံဉာဏ်ပေးနိုင်မယ့်သူကို လိုအပ်နေတာ။ 

ဒီလိုအခြေအနေမှာဆိုရင် ပထမတစ်ယောက်က Lead ဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ Prospect ပါ။ (သူကကျနော့်ဆီမှာ ပိုပြီးအလုပ်အပ်နိုင်ချေရှိပါတယ် 😃)

နောက်ဉပမာ အနေနဲ့ Qualitified Lead ကိုပြောရရင် ကျနော်တို့ Newness Digital Agency က လုပ်ငန်းရှင်တွေကို Digital Marketing နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှု့တွေပေးတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တိုင်းဟာ  QL မဟုတ်ဘူး။ မိမိ Brand ကို သေချာ စနစ်တကျ Objective တွေနဲ့ Plan တွေနဲ့ သေချာသွားချင်တယ်။ Creative ဖြစ်တဲ့ Visual တွေနဲ့ ကျွမ်းကျင်တဲ့သူတွေ ရဲ့ Service ကို လိုချင်တဲ့ သူတွေကမှ ကျနော်တို့ရဲ့ QL လို့ခေါ်လို့ရတယ်။

ဒါကြောင့် Sales Process တစ်ခုလုပ်တော့မယ်ဆိုရင် အချိန်ကုန်သက်သာပြီး ပိုအကျိုးရှိအောင် Lead နဲ့ Prospect ကို ကွဲကွဲပြားပြားသိဖို့လိုအပ်ပါတယ်။ ကျနော် ဒီ blog မှာရေးပေးထားတဲ့ Lead နဲ့ Prospect ကိုသေချာလေးကွဲကွဲပြားပြားသိပြီး Sales Process တစ်ခုကို အချိန်တိုတိုနဲ့ အကျိုးရှိရှိအရောက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ 

Reference: Benchmark One, GMass, HubSpot, The Balance Careers


Comments

Leave a Reply

Your email address will not be published. Required fields are marked *