Meta Page Insights ထဲမှာ ရှိတဲ့ Impressions ဆိုတဲ့ Metrics ကို “Views” အဖြစ်ပဲသုံးတော့မယ်လို့ ကြေညာထားတယ်။
Table of Contents
လက်ရှိကျနော်သိသလောက် တစ်ချို့ Meta Busness Suite မှာ Impressions ဆိုတာ မပါတာများပါတယ်။ ဒီ ထုတ်ပြန်ချက်ကတော့ အထူးသဖြင့် Meta API ယူပြီးသုံးထားတဲ့ third-party reporting tools တွေကို ရည်ရွယ်ပုံရတယ်။
အဓိက Facebook နဲ့ Instagram မှာ Metrics တွေ မတူတာကို ချိန်ညှိချင်ပုံရတယ်။ Views ကိုပဲ main metrics အဖြစ်သုံးလိုက်ရင် Cross Platform တွေရဲ့ Performance ကို တိုင်းတာတဲ့နေရာမှာ ယှဉ်ကြည့်လို့ ပိုလွယ်သွားအောင် လုပ်တဲ့သဘောပါပဲ။
End User တွေကတော့ ဘာမှ ပြောင်းလဲဖို့ မလိုပေမဲ့။ Business Owner တွေက Impression ကို ဉီးတည်ပြီး တွက်ထားတဲ့ KPI တွေရှိရင် ပြောင်းလဲ တွက်မှာ ဖြစ်သလို၊ ကျနော်တို့လို့ Marketing Agency က လူတွေကလဲ Monthly Report မှာ Main Metrics မှာ impression metrics တွေကို နည်းနည်း ပြောင်းလဲ ပြရမယ့်ပုံပါပဲ။
Meta API ရဲ့ ပြောင်းလဲမယ့် Timeline
သူကတော့ 90 Days Notice ပေးတဲ့သဘောပါပဲ။ သူတို့ စပြီး အသက်ဝင်မှာက Nov 15, 2025 လို့ပြောထားတယ်။ ဒီကြားထဲ ဒါက ရှိသမျှ သူတို့ Metrics တွေကို သုံးနေတဲ့ Third-Party တွေကို ဦးတည် သတင်းပေးတဲ့ သဘောမျိုးပေါ့။

ဘာလို့ ပြောင်းလဲရတာလဲ လို့ထင်လဲ?
လူတွေက အခုနောက်ပိုင်း Content တွေကို စာသုံးပုံ (Comsume) လုပ်ပုံ မတူတော့ပါဘူး။ ပုံမှန် စာတွေ ဖတ်နေတဲ့သူတွေက အစ video၊ Stories၊ Reels ဘက်ကို ပြောင်းလဲလာပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပါ ဒီ လွန်ခဲ့တဲ့ ၆ လအတွင်း စာအရှည်ကြီးတွေ ဖတ်နေလား Reel တွေကိုပဲ ထိုင်ပွတ်နေလား ပေါ့။ သေချာတာကတော့ ဇာတ်ကားအရှည်ကြီးတွေ တောင် မကြည့်တော့ပဲ အတိုချုပ်ထားတဲ့ ဇာတ်ကားတွေ ဒါမမဟုတ် တရုတ် ဇာတ်လမ်းတိုတွေ နဲ့ မျှောနေတာ ၁၀၀ မှာ ၉၀% လောက် ဖြစ်နေပါပြီ။
လုပ်ငန်းရှင်တွေ အတွက်မေးခွန်းများ
ဒီ Post နဲ့အတူ Marketer တွေ၊ Marketing Agency နဲ့ Business Owner တွေကို ဒီအောက်က မေးခွန်းတွေကို ပြန်ဆွေးနွေးစေချင်ပါတယ်။
- Budget Planning တွေက Still Content Type တွေပေါ်မှာပဲ Invest ထားနေတာ ဘယ်လောက် ရာခိုင်းနှုန်းရှိလဲ?
- Reporting Template တွေမှာ ဘာတွေ ကို Update လုပ်ဖို့ လိုမလဲ?
- လစဉ် Output နဲ့ Media Buying Budget တွေကို ဘယ် အပေါ်မှာ ထပ်ဖြည့်ဖို့လိုမလဲပေါ့?