MPU ကတော့ Myanmar Payment Union လို့ အရှည်ကောက်ခေါ်တာပေါ့။ ဒါပေမဲ့ အရင်ကတော့ ATM Card လို့ပဲ သိကြတာပေါ့။ ခုပြောပြမှာကတော့ CB Bank ATM (MPU) card ကို အွန်လိုင်းမှာ ဈေးဝယ်တာတွေ သုံးလို့ရဖို့ E-commerce ဘယ်လိုလျှောက်ရမလဲ ဆိုတာ ပြသွားမှာပါ။ တခြားဘဏ်တွေလဲ လျှောက်လို့ရပါတယ် လောလောဆယ် ကျနော်သိသလောက် KBZ ကတော့ သူ့ဘဏ်မှာ ဖောင်သွားဖြည့်မှ ရပါတယ်။ ဒီအောက်က နည်းလမ်းနဲ့ အလုပ်မဖြစ်ဘူး ပြောကြပါတယ်။
- ပထမဆုံး ဒီလင့် ကိုသွားပါ။
- ကိုယ့် ATM card နံပါတ်ကို ရိုက်ထည့်ပြီး Check and Continue လုပ်ပါ။

3. ကိုယ့် ကဒ်က e-commerce မလျှောက်ရသေးဘူးဆိုရင် တော့ အောက်က ဖောင်အတိုင်းမြင်ရမှာပါ။ အဲဒါဆိုရင် ကိုယ့် ရဲ့ အချက်အလက်တွေ ဖြည့် ပြီး submit now နှိပ်လိုက်ပါ။

Submit နှိပ်ပြီးပြီဆို ၃ ရက်စောင့်ရမယ့် အကြောင်းပြောပါတယ်။ ၃ ရက်ဆိုတာ working day ဖြစ်တဲ့ အတွက် စနေ တနင်္ဂနွေ ခံရင်တော့ ထည့်တွက်လို့မရပါဘူး။

ဒါဆိုရင် လျှောက်ထားမှု့ ပြီးစီးပြီ လို့ တွက်လို့ရပါပြီ။
တစ်ချို့ လျှောက်ထားပြီးသားဆိုရင် တော့ အပေါ်က ပုံ အတိုင်း ပြပါလိမ့်မယ်။ အဆင်ပြေကြပါစေ။
Comments