ဒီတစ်ခါ Passport လုပ်တာ အဆင့် မြှင့်သွားပါပြီ။ ပွဲစားတွေ လဲ မလိုသလို အရင် လို QR Code တွေ ကြိုတင် လုပ်စရာမလိုပါဘူး။ လုပ်မယ့်နေ့မှ Passport ရုံးကိုသွားပြီး အောက်က လုပ်ငန်းအဆင့်ဆင့်ကို ပြုလုပ်ရုံပါပဲ။ System အသစ်က Passport ရုံးက Officer တွေနဲ့လဲ တိုက်ရိုက် စကားပြောစရာ မလိုပဲ ကိုယ်တိုင် ဓါတ်ပုံရိုက် ပိုက်ဆံ သွင်းတာနဲ့ Passport စာအုပ်ကို ရှိမယ်လို့ သိရပါတယ်။

ကဲ ကြည့်လိုက်ရအောင်
(၁) ပထမဆုံး BKK Center မှာ ရှိတဲ့ (၅) လွှာကို သွားရပါမယ်
(၂) အဲရောက်တာနဲ့ Query No ယူပြီး မိမိအလှည့်ရောက်ပြီဆိုတာနဲ့ အောက်က ပုံမှာပြထားတဲ့ စက်တွေကို ကိုယ်တိုင်သွားရပါမယ်။
(၃) အဲမှာ မိမိ မှတ်ပုံတင် ကို စက်ထဲ ထည့်ပီး လက်ပွေတွေ မျက်နှာတွေ ကို scan ပါလိမ့်မယ်
(၄) ငွေသွင်း ဖို့ စာရွက်ထွက်လာရင် Video ထဲက အတိုင်း ကောင်တာမှာ ငွေသွင်းပီးရမှာပါ။
(၅) သင်လိုချင်တဲ့ Passport ကိုရရှိမှာပါ။
တစ်ခုပဲရှိတယ် ဒီ Passport လုပ်နည်းက ထိုင်းနိုင်ငံသား တွေပဲ လုပ်လို့ရတာပါ။ အားလုံးအဆင်ပြေကြပါစေ။ 😛
Comments