Content အရမ်းကောင်းနေတယ် ဒါပေမဲ့ စကားလုံးတွေကို ဖြတ်သင့်နေရာ မဖြတ်တာ၊ Space မခြားသင့်တဲ့ နေရာ မခြားတာတွေကြောင့် ဖတ်တဲ့သူကို လွယ်လွယ်ကူကူ မဖြစ်စေမျိုးတွေ ကြုံဖူးမှာပါ။

အထူးသဖြင့် Social Media လို့ခေါ်တဲ့ Facebook မှာ စာအရှည်ကြီးတွေ တင်ရင် ပိုသိသာပါတယ်။ မိမိစာကို တစ်ကြောင်းချင်းစီ ဖတ်သွားပြီး နောက်ဆုံးအထိ ဖတ်သွားဖို့ အရေးကြီးပါတယ်။ ဒီလို ဖြစ်အောင် ကူညီနိုင်တာလဲ Readability ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပိုင်း နှစ်ခု ခွဲပြီး ပြောသွားပါရစေ။

ပထမပိုင်းကတော့ Readability ကို အဓိကက SEO နေရာမှာသုံးပါတယ်။ SEO ရဲ့ Rank ကောင်းဖို့ Readability Score ရှိဖို့လိုပါတယ်။ ဘာလို့လဲလို့ မေးရင် Article တစ်ပုဒ်ထဲမှာရှိတဲ့ စကားစုလို ခေါ်တဲ့ Keywords တွေကို လွယ်လွယ်ကူကူ ဖတ်နိုင်ရင်တာ၊ User တွေ လွယ်လွယ်ကူကူဖတ်နိုင်လားဆိုတာတွေပေါ်မူတည်ပြီး Search Engine ကလဲ Ranking ကောင်းကောင်း ပြပေးနိုင်ပါတယ်။ ကိုယ့် Target Audience တွေက Easy to Read ဖြစ်မဖြစ် ကို English Language နဲ့ဆို Readability ကိုတိုင်းတာပေးနိုင်တဲ့ SEO Tools တွေလဲရှိတယ်။ မေးစရာက မြန်မာစာမှာရော မရှိတာလဲ ဆိုတာပဲ။ လွယ်လွယ်ကူကူဖြေရရင်တော့ Unicode စံသတ်မှတ်ချက်ကြောင့်ပဲ ဖြေလို့ရပါတယ်။ မြန်မာစာရဲ့ ယူနီကုဒ် စနစ်က လွန်ခဲ့တဲ့နှစ်က မှ မြန်မာပြည်မှာ စအသုံးပြုတာဆိုတော့ ဒီလို Auto Tools တွေ ထွက်လာဖို့ အချိန်တစ်ခုကြာအောင် စောင့်ရအုံးမှာပဲ။

Readability
မျက်စိထဲ Readability ဖြစ်တယ်လို့ ခံစားရသော post များ

ခုပြောမယ့် ဒုတိယပိုင်းကမှ ဒီ Article ရေးရတဲ့ ရည်ရွယ်ချက်ပါ။ Readability ကို စစ်ဖို့ မြန်မာစာ အတွက် Tools တွေ မရှိပေမဲ့ စာရေးသူတွေကို သတိထားပြီး စမ်းသပ် ကျင့်သုံးစေချင်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ အရင်က သတိမထားမိဘူး ခုနောက်ပိုင်း သတိထားတဲ့အခါ သိသိသာသာ content ကို အထောက်အကူပြုတာ မျိုးရှိလာတယ်။

Social Media (Facebook) Post ရေးနေတဲ့သူတွေဆို သက်ဆိုင်ရာ အပိုဒ်လေးတွေခွဲတာတို့၊ အပိုဒ်တိုင်းမှာ Emoji လေးတွေ သုံးတာ။ တစ်ပုဒ်ပြီးတိုင်း နောက်တစ်ပုဒ်ကို ဆက်ဖတ်ချင်အောင် စကားလုံး စကားစုတွေ သေချာ ဖြတ်တောက်တာမျိုး ပြုလုပ်သင့်ပါတယ်။​ဒါတွေကြောင့် Engagment Rate ပိုများလာနိုင်တာကြောင့် နောက်ထပ် တင်မယ့် post တွေကိုလဲ Facebook Algorithm က ပြသပေးနိုင်ပါတယ်။ ဆွဲဆောင်မှု့ရှိတဲ့ပုံလေးနဲ့ပါ ပေါင်းစပ်လိုက်ရင်တော့ ဘယ်ပြောကောင်းတော့မလဲ

Blog ရေးနေတဲ့သူတွေကတော့ Readability Tools တွေ SEO Tools တွေ စမ်းသုံးစေချင်ပါတယ်။ အဲမှာပဲ စာကြောင်းရေ ဘယ်နှစ်ကြောင်းဆို အပိုဒ်ခွဲသင့်တာမျိုးတွေ ၊ စကြောင်းတစ်ကြောင်းက အရမ်းရှည်နေတာမျိုးတွေကို စစ်ဆေးပြီး Readability ပိုကောင်းအောင် လုပ်လို့ရပါတယ်။ ကျနော့် ဒီ Blog မှာဆို အဲအချက်တွေ အဓိကထားတယ်။ တကယ်လို့ Blog က wordpress CMS နဲ့လုပ်ထားတယ်ဆိုရင် Yoast SEO ဆိုတဲ့ Plugin ကို recommend လုပ်ပါတယ်။ အခက်အခဲဖြစ်ရင်လဲ ကျနော် ကူညီလို့ရတယ်ကျနော်ကတော့ CMS တွေနဲ့ပဲ website ကိုယ်တိုင် Build တက်တာမို့ programing language တိုင်းမရတာ ကို ကြိုပြောထားပါရစေ။

Document

Thank you for reading. Buy me a coffee?

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles