AI လို့ခေါ်တဲ့ နည်းပညာဟာ ယနေ့ခေတ်နည်းပညာမှာ နေရာတော်တော်များများမှာပါဝင်လာပါပြီ။ Gmail ဟာလဲ ယခုအပတ်ထဲမှာ သက်တမ်း ၁၅ နှစ်ရှိတဲ့ mail service တစ်ခုဖြစ်သလို သူ့ Gmail service ကိုလဲ Smart Reply နဲ့ Smart Compose ကဲ့သို့ Machine Learning Tools တွေ ထည့်နေရတာတွေ မြင်တွေ့လာရမှာပါ။
ဒီလို tools တွေကြောင့် အချိန်တွေ ပိုမို ချွေတာနိုင်ပြီး မြန်မြန်အလုပ်ပြီးနိုင်မယ်လို့ သူတို့ ယူဆနေကြပါတယ်။ သူတို့ က ဒီလို tools တွေကို Auto-Completion Tools တွေလို့လဲ ခေါ်ဆိုကြပြီ ဒီအတွက် အများကြီး Focus ထားလာကြပါတယ်။
Desktop မှာ Enable လုပ်နည်း
Gmail Login ဝင်ထားတဲ့ အနေအထားဖြစ်ရပါမယ်။
ညာဘက် ခြမ်း အပေါ်နားမှာ စက်သွားပုံ လေးရှိပါတယ် နှိပ်လိုက်တာနဲ့ အောက်ကပုံအတိုင်းမြင်ရမှာပါ အဲမှာ Settings ထဲကိုသွားပါ။
(၁) Gmail Login ဝင်ထားတဲ့ အနေအထားဖြစ်ရပါမယ်။
(၂) ညာဘက် ခြမ်း အပေါ်နားမှာ စက်သွားပုံ လေးရှိပါတယ် နှိပ်လိုက်တာနဲ့ အောက်ကပုံအတိုင်းမြင်ရမှာပါ အဲမှာ Settings ထဲကိုသွားပါ။

(၃) အဲထဲမှာ အောက်ကိုနည်းနည်း scroll လိုက်တာနဲ့ Smart Compose ကိုတွေ့မှာပါ။ On လိုက်ပါ။နောက်ပြီး ထပ် scroll ရင် smart reply ကိုတွေ့မှာပါ အဲဒါကို လဲ on ရမှာပါ။

Mobile မှာ Enable လုပ်နည်း
(၁) မိမိ ဖုန်းထဲမှာ ရှိတဲ့ Gmail App တွေကိုသွားရပါမယ်။ (Andriod ဖြစ်ဖြစ် iOS ဖြစ်ဖြစ်ပါ)
(၂) ဘယ်ဘက်ထိပ်အပေါ်ဆုံးက Menu Button လေးထဲကိုသွားပါ
(၃) အောက်ဆုံးမှာ settings ဆိုတာရှိပါတယ် အဲထဲကမှ ကိုယ့်မှာ Gmail account တွေ ရှိနေရင် ကိုယ်လုပ်ချင်တဲ့ Gmail Acc ကိုရွေးလိုက်ပါ။
(၄) ပြီးတာနဲ့ Smart Reply တွေ Compose တွေ ဖွင့်လိုက်ရုံပါပဲ။
ဘာတွေ ပြောင်းလဲသွားမလဲ ?
Smart Reply ကတော့ ရှင်းပါတယ်။ Email တစ်ခုလာတာနဲ့ ဘယ်လို reply ပြန်သင့်လဲဆိုတာ Auto သိပြီး အသုံးဝင်မယ့် reply message တွေ အဆင်သင့် ပေးထားတာပါပဲ။

Smart Compose ကတော့ ကိုယ့်ရေးထားတဲ့ body က စာတွေ ပေါ်မူတည်ပြီး Compose မှာထည့်သင့်တဲ့ Title ကို Auto Suggest လုပ်မှာပါ ရွေးချင်တာနဲ့ tab နှိပ်လိုက်ရုံပါပဲ။

Thanks you for reading. Buy me a coffee?
If you have KBZ Mobile banking or CB Mobile banking, you can support me some.
Every support is my vitamin.
Comments