Digital ငွေတစ်မျိုးဖြစ်တဲ့ Stable coin ဆိုတာ လက်တွေ့ဘဝမှာပါ သုံးစွဲလို့ရတဲ့ ငွေအမျိုးအစားဖြစ်ပြီး သူ့ရဲ့ တန်ဖိုးကိုတော့ US Dollar ဒါမှမဟုတ် ရွှေနဲ့ ခြင်လေ့ ရှိကြပါတယ်။ 2021 ထိ Cryptocurrency အမျိုးအစားပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပေမဲ့ အများစုဟာ Stable မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ဈေးကွက်အတွင်း ငွေစီးဆင်းမှုနဲ့ လူတွေရဲ့ ဝယ်လိုအားကို မူတည်ပြီး ဈေးအပြောင်းအလဲ ရှိနေလို့ပါပဲ။ Stable coin ကတော့ ငွေကြေးတည်ငြိမ်မှုရှိပြီး တော်တော်နဲ့ ဈေးအပြောင်းအလဲမရှိပါဘူး။
Stablecoin ရဲ့ အားသာချက်တွေက
- အဓိကကတော့ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ ( ဘဏ်တွေရဲ့ ထိန်းချုပ်မှုအောက်မှု မရှိတဲ့အတွက် ကျနော်တို့ Bank account ကို လွယ်လွယ် Freeze လို့ မရတော့တာပေါ့)
- တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Internet access ရတဲ့သူမှန်သမျှ သုံးနိုင်တယ်။
- ငွေလွှဲတဲ့အခါ မြန်မြန်နဲ့ သက်သက်သာသာလွှဲနိုင်တယ်။
Stablecoin တွေနဲ့ ကျနော်တို့ဘာလုပ်လို့ရလဲ?
ငွေဈေးအပြောင်းအလဲမြန်တာကို လျှော့ချနိုင်မယ်။
Cryptocurrency တွေဖြစ်တဲ့ Bitcoin နဲ့ Ether တို့က အတက်အကျအရမ်းမြန်ပါတယ်။ တစ်ခါတလေဆို မိနစ်ပိုင်းလောက်နဲ့ ဈေးအပြောင်းအလဲဖြစ်သွားကြတာ။ ဒါပေမဲ့ Stable coin ကကျ US Dollar လိုငွေကြေးတစ်ခုခုနဲ့ ခြင်ထားတာကြောင့် အတက်အကျ သိပ်မရှိနိုင်ပါဘူး။ အဲ့တာကြောင့် နှစ်အကြာကြီး ထားရင်တောင် ကျနော်တို့ရဲ့ မူလငွေတန်ဖိုး ဆုံးရှုံးသွားမလားဆိုပြီး ပူပန်စရာ မလိုတော့ပါဘူး။
ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်နိုင်တယ်။
ကျနော်ရှေ့ကပြောခဲ့သလို သူက US Dollar နဲ့ ခြင်ထားတယ်ဆိုတော့ တစ်ကမ္ဘာလုံးကို ရောင်းဝယ်ဖောက်ကားနိုင်တယ်။ ဘယ်နေရာကိုပဲ ရောက်နေရောက်နေ အလွယ်တကူ ငွေလွှဲလို့ရတယ်။ US Dollar ရဖို့ ခက်ခဲပြီး ငွေကြေးဖောင်းပွမှု ဖြစ်နေတဲ့နေရာတွေမှာ Stable coin ကို လွယ်လင့်တကူ အသုံးပြုနိုင်တယ်။
ဈေးသက်သက်သာသာနဲ့ ငွေလွှဲနိုင်တယ်။
ကျနော်တို့ ပုံမှန်ဆိုရင် လွှဲမယ့်ငွေပမာဏပေါ်မူတည်ပြီး ငွေလွှဲနှုန်းထားတွေက ပြောင်းလဲလေ့ရှိပါတယ်။ ဒါပေမယ့် Stable coin တွေမှာတော့ မီလီယံနဲ့ချီပြီး ငွေလွှဲရင်တောင် ငွေလွှဲခက တစ်ဒေါ်လာတောင် ကျချင်မှကျမှာ။

တစ်ကမ္ဘာလုံးကို ငွေလွှဲလို့ရတယ်။
အင်တာနက်ရှိနေရုံနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နေရာမှန်သမျှကို မြန်မြန်နဲ့ သက်သက်သာသာ ငွေလွှဲလို့ရနိုင်တယ်။
Stablecoin မှာ
- Tether, TrueUSD တို့လို Coin တန်ဖိုးကို ငွေကြေးတစ်ခုခုနဲ့ ခြင်ထားတာ
- Dai လို တခြား Cryptocurrencies တစ်ခုခုနဲ့ ချိတ်ဆက်ထားတာ
- Carbon, Havven တို့လို ဘာနဲ့မှ ဆက်စပ်မထားဘဲ Coin တန်ဖိုးသီးသန့်ရှိတဲ့ Stablecoin ဆိုပြီး အုပ်စု သုံးခုခွဲလို့ရပါတယ်။
အားလုံးထဲမှာမှ မကြာခင်က တရားဝင်ငွေကြေးအဖြစ်ကြော်ငြာခံလိုက်ရတဲ့ Tether(USDT) ကတော့ ဈေးကွက်မှာ လွှမ်းမိုးမှုအရှိဆုံး Stablecoin ဖြစ်ပါတယ်။
Stable coin အကြောင်းကို ပြန်ချုပ်ရရင်တော့ တန်ဖိုးကို US Dollar ဒါမှမဟုတ် ရွှေနဲ့ ခြင်ထားတာကြောင့် ဖောင်းပွမှုဖြစ်မှာ၊ ဈေးကစားမှာ စိတ်မပူရဘူး။ အင်တာနက်ရှိရုံနဲ့ ကမ္ဘာအနှံ့ အလွယ်တကူသုံးနိုင်တယ်။ တစ်ခုရှိတာက Digital Currency ဖြစ်တာကြောင့် တချို့သော အခြေအနေတွေမှာ Cash ထုတ်ဖို့ ခက်ခဲတာ၊ ဘဏ်ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် ငွေမှားလွှဲမိတာဖြစ်ဖြစ်၊ ငွေလိမ်ခံလိုက်ရတာဖြစ်ဖြစ် တစ်ခုခုဆို နောက်ကြောင်းပြန်လိုက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီအချက်တွေကိုသေချာဂရုစိုက်ပြီး အသုံးပြုမယ်ဆိုရင်တော့ Stablecoin ကတော်တော်ကို အဆင်ပြေတဲ့ Digital Currency တစ်ခုပါပဲ။ USDT Stable coin အကြောင်းမြန်မာပြည်က လူတွေရေးထားတာကို လင့်တွေကျနော်စုထားတာရှိပါတယ် ဒီမှာ သွားဖတ်လို့ရပါသေးတယ်။
Ref : CoinDesk, Coinbase, Changelly Blog, swyftx
Comments