Startup ဆိုတာ?

Startup ဆိုတာကတော့ Small Business တစ်ခုပေါ့ company တစ်ခုကြီး မဖြစ်ခင်မှာ စတင် ရုန်းကန် ပြီး ကြိုးစားနေတယ် ၊ အများစုကတော့ Tech အသိုင်းအဝိုင်း Tech Company တွေ မှာ သုံးတာတွေ့ရတယ်။

ဥပမာ Facebook တည်ထောင်သူ ဆိုရင် သူ က ကျောင်းတက်ရင်း idea တစ်ခုရသွားတယ် ။

အဲဒါကို ညတွင်းချင်းပဲ အကောင်ထည်ဖော် website လေးစလုပ်တယ်။ နောက် သူ လုပ်ငန်းမှာ လိုအပ်တဲ့သူတွေနဲ့ ပူးပေါင်း ပြီး ခုလို အောင်မြင်တဲ့ social Network ကြီးဖြစ်လာတာပေါ့။ သိပြီးတဲ့သူလည်း သိပါတယ်။ သေချာသိချင်ရင် The Social Network Movie ဆိုတဲ့ ကားကို ကြည့်ကြည့်။

အဲတော့ ပြောရရင် startup ဆိုတာ သားပေါက်လေး အရွယ်ပေါ့။ အဲတော့ startup weekend ဆိုတာ တော့ နားလည်သွားမယ်ထင်တယ်။ ခု Startup Weekend ကို နိုင်ငံ နဲ့အများနေရာတော်တော်များများမှာ လုပ်နေကြတယ်။ (ကျနော် tag ထားတဲ့ ထဲကြည့်လို့ရတယ်) အဲထဲမှာမှ Kuala Lumpur, Malaysia မှာ Startup Weekend ASEAN ဆိုပြီး လုပ်တယ်။ Startup Weekend အများစုကတော့ သောကြာနေ့ ညမှာ စလုပ်လေ့ရှိပြီး တနင်္ဂနွေညမှာ ပြီးတာ များတယ် ၅၄ နာရီ  ၅၂ နာရီ စသဖြင့်ပေါ့။

ဘာတွေလုပ်ရတာလဲ

ဘာတွေလုပ်ရလဲဆိုတော့ ၅၄ နာရီ အတွင်းမှာ prototype တစ်ခုထွက်အောင် လုပ်ပေးရတယ်။

ဥပမာ ကိုယ်က – ခရီးသွားလမ်းညွှန် မိုဘိုင်း App လုပ်မယ်ဆိုရင် Mobile App တစ်ခုလုံးမထွက်ရင်တောင် ပုံလေးတွေနဲ့ ဒီခလုတ်နှိပ်ရင် ဒီခလုတ်ရောက်မယ် ok နှိပ်ရင် ဘာကျလာမယ် စသဖြင့် ပုံလေးတွေ ထွက်လာအောင်လုပ်ရတယ်။ အဲလို ထွက်လာဖို့အတွက် အဲဒီ business model တစ်ခုလိုတယ် ။

ကိုယ့်ဟာကို ဘယ်သူက သုံးမှာလဲ ..

ဘယ်ကနေ ပိုက်ဆံဝင်မှာ လဲ ။ ဘယ်သူတွေလိုလဲ ။ ဘယ်သူတွေ ဌားရမလဲ စသဖြင့်ပေါ့။ (နမူနာ အနေနဲ့ business model canvas ဆိုပြီး google မှာရိုက်ရှာလိုက်ရင် အများကြီးကျလာပါတယ် လေ့လာလို့ရတယ်)

ပြီးရင် ၃ မိနစ်စာ presentation ပြင်ဆင်ရတယ်။ လုပ်ငန်းရှင်ဆိုတာ တစ်ကယ်တမ်း ကိုယ့်လုပ်ငန်းကို အရင်းအနှီးထည့်မည့်သူ (investor) တစ်ယောက်ရှေ့မှာ တစ်မိနစ်နဲ့ ကိုယ့်လုပ်ငန်းကို ပေါ်အောင် ပြောနိုင်ရတယ် ။ အဲတော့ ကျနော်တို့ ၃ မိနစ်အတွင်းကို ပြသနာက ဘာလဲ .. အဲ ပြသာနာကို ဘယ်လိုရှင်းရမလဲ မိမိ business model က ဘာလဲ မိမိ product က ဘယ်လိုပုံလဲ စသဖြင့် ၃ မိနစ်အတွင်းဝင်အောင်ပြောရတယ်။ နောက် ၂ မိနစ်က ဒိုင်တွေနဲ့ အမေးအဖြေပေါ့။

အဲဆို အခု startup weekend ဆိုတာဘာလဲ သိပြီး ဘယ်လို ပါဝင်လို့ရလဲ ဆိုတာကတော့ကျနော် အခု ပါဝင်သွားတဲ့ အကြောင်းအစအဆုံး ရေးပေးပါ့မယ်။ နည်းနည်းရှည်နေတော့ အပိုင်း(၂) ဆိုပြီး ခွဲလိုက်မယ်။ အပိုင်း(၂) မျှော်ပေါ့

#YSEALI #StartupWeekend

Wai Yan Thwin

MarkTech Expert

About the Author

Wai Yan Thwin is a MarTech Specialist from Myanmar, working in the Digital/IT/Business industry. He shares insights on digital technology, marketing trends, business, and personal growth through this blog.

View Articles