Startup Weekend ASEAN တက်ဖို့ ဘာတွေလိုမလဲ

Part (1) ကို ဒီမှာ ဖတ်ပါ။ အပိုင်း(၁) ဖတ်ရန်

အခုပွဲက ASEAN ပွဲ ဖြစ်ပြီး ASEAN နိုင်ငံတွေပါဝင်တယ် ။ နောက်ပြီး @YSEALI (Young South East Asian Leaders) ဆိုတဲ့ President Obama ဖောင်ဒေးရှင်း ၊ U.S. State Department ၊ TechStars နဲ့ Malaysian Global Innovation and Creativity Centre (MaGIC) တို့က ကူညီထားတဲ့ပွဲပေါ့ တခြား global sponsor တွေလဲရှိတယ် Google တို့ co တို့ up တို့ အများကြီးပါ။ အဲတော့ အဓိကက YSEALI က ဆိုတော့ အရင်ဆုံး YSEALI အသင်းဝင်တစ်ယောက်ဖြစ်ဖို့လို့ပါတယ်။ အသင်းဝင်ဖြစ်ဖို့ကလည်း လွယ်ပါတယ်။

https://youngsoutheastasianleaders.state.gov ဆိုတဲ့ ဆိုဒ်မှာ Join အောက်က ဖောင်ကို ဖြည့်ထားရုံပါပဲ။ အဲဒါဖြည့်ပြီးတာနဲ့ အသင်းဝင်ဖြစ်မယ် အသင်းရဲ့ activity တွေ mail တွေရမယ်။ အသင်းဝင်ဖြစ်ပြီဆိုတာနဲ့ ဒီလိုပွဲ မျိုး ရှိတယ်ဆိုရင် ဘယ်ကနေ လျှောက်ရမလဲ ဆိုတာ တွေ ရမှာပါ။ လျှောက်ခါနီးမှ အသင်းဝင်မဖြစ်သေးလဲ အသင်းဝင်လျှောက်ပြီး ပွဲကို လျှောက်လို့ရပါတယ်။

ပွဲ လိပ်စာက http://www.swasean.com/ ပါ။ အဲတော့ အဆင့် နှစ်ဆင့်ထဲပါ ။

  1. YSEALI member ဖြစ်ရမယ်
  2. Startup Weekend မှာ Application ဖောင်တင်ရမယ်။(အခုတော့ တခြားနိုင်ငံမှာ လုပ်တဲ့ပွဲတွေပဲရှိတော့မယ်ထင်တယ်)

ဖောင်တင်တဲ့နေရာမှာ နာမည်တွေ ဘာတွေ ဖြည့်ရတာတော့ ထုံးစံပေါ့ ။ နောက်တစ်ခုက (၁) မိနစ် စာ video လေး ကိုယ့်ကိုယ်ကိုယ်ရိုက်ပြီး တင်ရတယ်။ အဲမှာ မိမိက ဘယ်သူ ဘာလုပ်နေတယ် မိမိ idea လေးက ဘယ်လိုမျိုး စသဖြင့် (၁) မိနစ်ဝင်အောင်ပြောရတယ်။ ဒါဆိုရင် ဖောင်ဖြည့်တာတွေ ကိစ္စ ပြီးပြီပေါ့။

တစ်နိုင်ငံကို (၁၁) ခန့်ပဲ ရွေးချယ်တာဖြစ်လို့ သူတို့ဆီမှာ ဖောင်တွေ အများကြီးပါ။ သူတို့ ပြောသလောက်ဆိုရင် ၅၀၀ ကျော်လား မသိဘူး အဲထဲက မှာ ၁၀၀ ကျော် ကိုပြန်ရွေးတယ် idea ကောင်းတယ် စသဖြင့်ပေါ့။

နောက်ဆုံး final list (၁၁) ယောက်မှာ ပါတယ်ဆို winner ဆိုပြီး Email ပို့တယ်။ ပြီးရင် စရိတ်ငြိမ်း အဲဒီ ပွဲကိုသွားတက်ရခွင့်ရမှာပါ။ ဒါလေးဖတ်ပြီးတာနဲ့ Member ဝင်ထားရမယ်ဆိုတဲ့ စိတ်လေးတော့ ဖြစ်မိမယ်ထင်တယ်။ အတိုကောက် YSEALI ကို Y-SEA-LI (ဝိုင်စီလီ) လို့  အသံထွက်လို့ရတယ်။ ကျနော်လည်း အစက မထွက်တက်ဘူး 😛

အပိုင်း(၃) မှာတော့ ဟိုက အကြောင်းတွေ ရေးပေးပါမယ်။