Banner

Press ESC to close

myanmar

0

Burma.social မှာ verification ရအောင် လုပ်နည်း

burma.social အကြောင်းမသိသေးတဲ့ သူတွေကို နည်းနည်းရှင်းပြချင်ပါတယ်။ သူက community platform တစ်ခု decentralize ဖြစ်တယ်ပေါ့။ Facebook တို့ Twitter တို့ဆိုတာ centralize ဖြစ်တဲ့ platform ပေါ့။ သူတို့ မကြိုက်ရင် မကြိုက်သလို ban လို့ရမယ် ပိတ်လို့ရမယ်။ ဒီမှာက အဲလို မဟုတ်ဘူး Mastodon ဆိုတဲ့ network ထဲမှာ ကိုယ်ကြိုက်သလို ခွဲထွက်ထွက် ထပ်ပီး built လုပ်လဲရတယ်။ ခု burma.social ဆိုတာလဲ နည်းပညာနယ်ပယ်ထဲက သူတွေ စပြီး ထူထောင်ထားတာ အထဲမှာ လွတ်လပ်တယ် အေးဆေးပဲပေါ့။ ခု Facebook ကလဲ Blue Mark ကို စရောင်းပြီ Twitter ကလဲ စရောင်းပြီး သိတဲ့အတိုင်း အင်အားကြီးလေ နှိပ်စက်တာခံရလေပဲ။ ကိုယ်တွေလဲ မဖြစ်သာလို့ သုံးရတာ ကျနော်ဆို Marketing Technology ပိုင်းကဆိုတော့ အကုန်လုံးကို ဆက်စပ် သုံးနေရတာပါ။ အဲတော့ခုလဲ burma.social မှာ verification ရအောင်လုပ်ပြရင်း Post လေးရေးမယ် ဆုံးဖြတ်လိုက်တာပေါ့။ ပထမ နည်းလမ်း (၁) ပထမ နည်းလမ်းကတော့ ကိုယ်ပိုင် website ရှိသူတွေအတွက် ရည်ရွယ်ပါတယ်။ website ရှိတယ်ဆိုရင် edit profile ထဲက verification ထဲ “a rel=me” နဲ့ စတဲ့ code ကို copy…

Wai Yan Thwin
Continue Reading
0

ဘယ်လို Payment Method သုံးမလဲ

ဒီရက်ပိုင်း လာမေးတာ အများဆုံး မေးခွန်းတစ်ခုကို ဒီမှာပဲ ဖြေပေးလိုက်ပါမယ်။ မေး – လက်ရှိ Local Bank က ကဒ်တွေဖြစ်တဲ့ Visa/Master တွေ Facebook မှာ Boost ဖို့ မရတော့ဘူးဆိုရင် ဘယ်လို Payment နဲ့ ဖြေရှင်းလို့ရမလဲ? ဖြေ – ကျနော် စဉ်းစားပေးထားတဲ့ နည်းလမ်း (၃) ခု မျှပေးချင်ပါတယ်။ မိမိ အသုံး Budget ပေါ်မူတည်ပြီး ကိုက်ညီတာ သုံးပါ။ နည်းလမ်း(၁) (၁) Bangkok လောက်ကို Visit နဲ့ လာပြီး Bank Account ဖွင့်တာပါ ဖွင့်လိုက်တာနဲ့ Master Debit Card ရပါတယ်။ ငွေကတော့ အကောင့်ရရင် မြန်မာ ပြည်မှာရော Thai မှာရော Exchange လုပ်ပေးတဲ့သူတွေ ပေါ်ပါတယ်။ (စိတ်ချရတဲ့ Exchange လုပ်နေတဲ့သူတွေလဲ ကျနော် ညွန်ပေးလို့ရပါတယ်) နည်းလမ်း(၂) (၂) Paypal Account နဲ့ ချေတာ။ Facebook က paypal နဲ့ လက်ခံပါတယ်။ ဒါပေမဲ့ ပြသနာတစ်ခုက paypal အသုံးပြုခွင့်က မြန်မာနိင်ငံ မပါသေးတဲ့အတွက် ကျော်ခွ သုံးရတာ ရေရှည် စိတ်မချရပါဘူး။ paypal ထဲ ငွေထည့်ဖို့ကလဲ Agent တွေ ရှိပါတယ်။ ကျနော်တောင် အစပိုင်းအဲလိုသုံးခဲ့တာပါ။ နည်းလမ်း(၃) (၃) Virtual Card…

Wai Yan Thwin
Continue Reading
0

WordPress Site ကို ပုံတူလုပ်နည်း အဆင့်(၇) နည်း

wordpress ကတော့ သိတဲ့အတိုင်း website တစ်ခုကို Managment လုပ်တဲ့ CMS လို့ခေါ်တာပေါ့။ ကျနော်တို့ ဘာလို့ wordpress site ကို ဘယ်လို ပုံတူလုပ်ချင်တာလဲ အရင်ဖြေကြည့်ရအောင် အဓိကကတော့ စတဲ့နေရာတွေမှာ ပုံတူလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ အဲတော့ ပုံတူပြုလုပ်ဖို့ ဆို အရင်ဆုံးလို အပ်တဲ့ အဆင့်(၁) ကနေသွားပါမယ်။ ပထမဆုံး Duplicator Plugin ကို ရှိနေတဲ့ WordPress Site ထဲကို (Install) ထည့်ပါ။ အဆင့်(၂) – Duplicator ကို Activate လုပ်ပြီးသွားရင် Duplicator ဆိုတာလေး ဘယ်ဘက်က bar မှာပေါ်လာပါလိမ့်မယ် အဲထဲက Package ကိုသွားပါ။ ပြီးရင် Create New ကို နှိပ်ပါ။ ထို့နောက် . နာမည်ပေးပြီး Next ကို နှိပ်ပါ။ အားလုံး Good အစိမ်းဖြစ်နေရင် နောက်တစ်ဆင့် ဆက်သွားလို့ရပါပြီ။ မဟုတ်ပဲ Fix လုပ်ရမယ့်ဟာတွေ တွေ့ရင်လဲ Fix လုပ်ရပါမယ်။ အဆင့်(၃) – Complete Build ဖြစ်သွားတဲ့အချိန်မှာ အောက်ကပုံအတိုင်း File (၂) ခုကျလာပါလိမ့်မယ်။ (၂) ဖိုင်စလုံးက အရေးကြီးတာဖြစ်လို့ Download Both File ကိုပဲ​ရွေးပါ။ သင့် Website ရဲ့ Data အနေထားပေါ် မူတည်တဲ့အတွက် Download လုပ်ချိန်ကြာနိုင်ပါတယ်။ အဆင့်(၄) Download…

Wai Yan Thwin
Continue Reading
0

ပထမဆုံး Visitor လား?

သင်က ကျနော့် Website အတွက် ပထမဆုံး Visitor ဆိုရင် ဒီ Post ကနေ စဖတ်ပေးလို့ရပါတယ်။ ကျနော် ပြောနေကြလိုပါပဲ ဒီ website ဟာ ကျနော့်ဆီကို မေးခွန်းလာမေးသမျှထဲမှာ ခဏခဏ အမေးများဆုံး မေးခွန်းတွေကို အဖြေတွေ နဲ့ ပြန် စုစည်းထားသလိုပါပဲ။ ဒီ waiyanthwin.com ဆိုတဲ့ အင်တာနက် စာမျက်နှာကို 2013 August က ဝယ်ယူပြီး Blog တစ်ခု အဖြစ် စတင်ခဲ့တာပါ။ စာရေးသူ အကြောင်း ဖတ်ရန် > About me Facebook နှင့် ပတ်သတ်သော အကြောင်းများ Facebook Page Like များအောင်လုပ်နည်း > https://bit.ly/3wtAhWP Facebook Messenger Chess ကစားမယ် > https://bit.ly/3ANCsXY သင့် ရဲ့ Facebook Post အတွက် ဗီတာမင် (၇) မျိုး > https://bit.ly/3ApwxXs How To Create Facebook Page’s Button > https://bit.ly/3PQHSpf Social Network ပေါ်တွင် Business တစ်ခုတည်ထောင်ခြင်း > https://bit.ly/3CzEAng How To Add Payment Method at Facebook > https://bit.ly/3wtCuSf Facebook Ads Manager ဆိုတာ > https://bit.ly/3wtCuSf…

Wai Yan Thwin
Continue Reading
0

Facebook Page Boost လုပ်နည်း

Facebook Page တစ်ခုဟာ လူတွေကြားထဲ ပိုမိုပြန့်နှံ့အောင် လုပ်တာကို ads (ကြေငြာ) လုပ်တယ်လို့ ခေါ်ကြပါတယ် အရပ်စကား နဲ့ပြောရင် Boost လုပ်တယ်ပေါ့ ။ Marketing သမားတွေ နဲ့ ဝန်ဆောင်မှု့ပေးတဲ့ လုပ်ငန်းတွေကတော့ Media Buying လုပ်တယ်လို့ လည်း ခေါ်ကြပါသေးတယ်။ ဒီ Video လေးကတော့ Boost လုပ်နည်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်း တစ်ခြား နည်းလမ်းနဲ့ boost လို့ရတာတွေကိုလဲ Video လေးနဲ့ လုပ်ပေးသွားအုံးမှာ ဖြစ်လို့ မေးချင်တာရှိရင်လဲ comment မှာ ဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်။ ဟိုးအရင်က ပုံနဲ့စာ နဲ့ပေါင်းပြီး ရေးပေးထားတဲ့ Page Like များအောင် လုပ်နည်း Blog Post လေးကိုလဲ​ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီ Video ထဲမှာ အဓိက Computer နဲ့ Step by Step လိုက်လုပ်လို့ရအောင် သေချာ ရှင်းပြပေးထားပါတယ်။ ကျန်တဲ့ နည်းလမ်း (၂) ခုကိုလဲ ဗဟုသုတ အဖြစ်ရအောင် မကြာခင် Video နဲ့ရော စာနဲ့ ရော လုပ်ပေးသွားဖို့ ရှိပါတယ်။ ဖတ်ပေးလို့ ကျေးဇူးပါဗျ။

Wai Yan Thwin
Continue Reading
0

Digital Marketing Strategy တစ်ခုဘယ်လိုစဉ်းစားလဲ

Digital Marketing လုပ်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ Strategy မရှိကြပါဘူး။ များသောအားဖြင့် Content ရေး Visual ဆွဲ တင် ဆိုတဲ့ လုံးဝ အခြေခံ ကျတဲ့ နည်းလမ်းကိုသာ သုံးကြပါတယ်။ Digital Marketing Strategy ချဖို့ နည်းလမ်းတွေက အများကြီးရှိပေမယ့် အလွယ်ဆုံးနဲ့ စမ်းကြည့်ဖို့ လွယ်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါမယ်။ ဒီ Beginner အဆင့်ထက် ကိုယ့်လုပ်ငန်းကို ပိုမြှင့်ချင်ရင်တော့ ကျနော် Newness Digital Agency ကိုသာ ဆက်သွယ်ပါ (ဒါက ကြေငြာဝင်တာ ) အိုကေ ပထမဆုံး အမြဲ လုပ်ရတဲ့ တစ်ခုကတော့ Objective ပါပဲ။ Objective မရှိတဲ့ လုပ်ငန်းတစ်ခုဟာ လေနှင်ရာ သွားနေတဲ့ သင်္ဘောတစ်စီးလိုပါပဲ။ အမြဲပြောဖူးသလိုပဲ ကျနော့်ဆီ ရောက်လာတဲ့ လုပ်ငန်းတွေဟာ သူများ Digital ပေါ် တက်ဆိုလို့ တက်လာတာမျိုး ဟုတ်ရင် ဟုတ်၊ မဟုတ်ရင် ကိုယ့်ပြိုင်ဘက်က Digital ပေါ်ရောက်နေလို့ ကိုယ်က သူ့လို လိုက်လုပ်ချင်လို့ ဒီလို မျိုးတွေများပါတယ်။ တစ်ကယ့် Objective ကတော့ မိမိလုပ်ငန်းရဲ့ ဒီ တစ်နှစ်အတွင်း သွားမယ့် Business Objective ကို ချိတ်ဆက်ထားတဲ့ Marketing Objective ကို စဉ်းစားရမှာပါ။ အဆင့်(၁) Objective လုပ်ငန်းရှင်အများစု ချလေ့ ရှိတဲ့ Digital Marketing Objective တွေကတော့…

Wai Yan Thwin
Continue Reading
0

USD Tether (USDT) အကြောင်း

USDT ဆိုတာဘာလဲ? ဘယ်လိုလဲ? ဆိုတာတွေနဲ့ ပတ်သက်လို့ ကျနော်ဖတ်မိသလောက် ကောင်းတဲ့အချက်တွေ၊ ဘယ်လို ဝယ်ရမလဲ ၊ သတိပြုရမယ့် အရာတွေကို တိုတိုနဲ့ လိုရင်း ပြန်ပြီး ပြုစုပေးလိုက်ပါတယ်။ USDT ဆိုတာ USDT က Stablecoin အမျိုးအစားဖြစ်ပြီး Cryptocurrencies ထဲမှာပါဝင်ပါတယ်။ သူက Bitcoin တို့လို ဈေးအပြောင်းအလဲတွေ၊ ဈေးကစားတာတွေမရှိဘဲ ဈေးငြိမ်အနေအထားနဲ့ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက 1 USDT = 1$ ဆိုတော့ ဒေါ်လာဈေးအပြောင်းအလဲဖြစ်ခဲ့ရင် USDT တန်ဖိုးကလည်း လိုက်ပြောင်းလဲနိုင်ပါတယ်။  Tether က ကမ္ဘာ့ Cryptocurrency ဈေးကွက်ရဲ့ တတိယနေရာမှာ ရှိနေပြီး Stablecoin အနေနဲ့ဆို ပထမနေရာမှာ ရပ်တည်နေပါတယ်။ USDT ရဲ့ ကောင်းတဲ့အချက်တွေက သူက Cryptocurrencies ဖြစ်တဲ့အတွက် ဘဏ်ဒါမှမဟုတ် အစိုးရတစ်ရပ်ရပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနေပါဘူး။ အဲ့အတွက် ကျနော်တို့နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေ၊ Transaction တွေကို ကျနော်တို့ကိုယ်တိုင်က လွဲရင် ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ပါဘူး။  ငွေလွှဲတာတွေမှာ အချိန်ကုန်သက်သာလာပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ Account တစ်ခုနဲ့ တစ်ခုကို လွယ်လွယ်ကူကူ ငွေလွှဲနိုင်မှာ ဖြစ်ပါတယ်။ ငွေလွှဲနှုန်းထားတွေအနေနဲ့လည်း Tether to Tether ဆိုရင် Zero Transaction Fee ပါပဲ။ ချွင်းချက်အနေနဲ့ကတော့ ဒေါ်လာအနေနဲ့ ပြန်ထုတ်ချင်တဲ့အခါမှာတော့ (၁) ရက်ကနေ (၄) ရက်အတွင်း ကြာတတ်ပါတယ်။  နောက်တစ်ချက်ကတော့…

Wai Yan Thwin
Continue Reading
0

Stable coin ဆိုတာ

Digital ငွေတစ်မျိုးဖြစ်တဲ့ Stable coin ဆိုတာ လက်တွေ့ဘဝမှာပါ သုံးစွဲလို့ရတဲ့ ငွေအမျိုးအစားဖြစ်ပြီး သူ့ရဲ့ တန်ဖိုးကိုတော့ US Dollar ဒါမှမဟုတ် ရွှေနဲ့ ခြင်လေ့ ရှိကြပါတယ်။ 2021 ထိ Cryptocurrency အမျိုးအစားပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပေမဲ့ အများစုဟာ Stable မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ဈေးကွက်အတွင်း ငွေစီးဆင်းမှုနဲ့ လူတွေရဲ့ ဝယ်လိုအားကို မူတည်ပြီး ဈေးအပြောင်းအလဲ ရှိနေလို့ပါပဲ။ Stable coin ကတော့ ငွေကြေးတည်ငြိမ်မှုရှိပြီး တော်တော်နဲ့ ဈေးအပြောင်းအလဲမရှိပါဘူး။  Stablecoin ရဲ့ အားသာချက်တွေက  အဓိကကတော့ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ ( ဘဏ်တွေရဲ့ ထိန်းချုပ်မှုအောက်မှု မရှိတဲ့အတွက် ကျနော်တို့ Bank account ကို လွယ်လွယ် Freeze လို့ မရတော့တာပေါ့) တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Internet access ရတဲ့သူမှန်သမျှ သုံးနိုင်တယ်။  ငွေလွှဲတဲ့အခါ မြန်မြန်နဲ့ သက်သက်သာသာလွှဲနိုင်တယ်။  Stablecoin တွေနဲ့ ကျနော်တို့ဘာလုပ်လို့ရလဲ? ငွေဈေးအပြောင်းအလဲမြန်တာကို လျှော့ချနိုင်မယ်။  Cryptocurrency တွေဖြစ်တဲ့ Bitcoin နဲ့ Ether တို့က အတက်အကျအရမ်းမြန်ပါတယ်။ တစ်ခါတလေဆို မိနစ်ပိုင်းလောက်နဲ့ ဈေးအပြောင်းအလဲဖြစ်သွားကြတာ။ ဒါပေမဲ့ Stable coin ကကျ US Dollar လိုငွေကြေးတစ်ခုခုနဲ့ ခြင်ထားတာကြောင့် အတက်အကျ သိပ်မရှိနိုင်ပါဘူး။ အဲ့တာကြောင့် နှစ်အကြာကြီး ထားရင်တောင် ကျနော်တို့ရဲ့ မူလငွေတန်ဖိုး ဆုံးရှုံးသွားမလားဆိုပြီး ပူပန်စရာ မလိုတော့ပါဘူး။ …

Wai Yan Thwin
Continue Reading
0

USDT အကြောင်း မြန်မာလိုလေ့လာနိုင်တဲ့ Link များစုစည်းထားခြင်း

ဒီရက်ပိုင်း USDT က Hot Topic ဖြစ်နေအုံးမှာဆိုတော့ Cryptocurrency အကြောင်း လူတွေ attention ရလာမှာဖြစ်တဲ့အတွက် မြန်မာလို ဖတ်လို့ရအောင် ယုံကြည်ရတဲ့ Link တွေကိုစုစည်းပြီး Update လုပ်ပေးသွားပါမယ်။ USDT အကြောင်း Link > https://www.facebook.com/permalink.php?story_fbid=6510620342346671&id=599112570164174 USDT ဆိုတာ ဘာလဲ? USDT ဆိုတာက crypto currency တစ်မျိုးပါပဲ BTC တို့လို့ ETH တို့လို့ အခြား Crypto Currency တွေနဲ့ မတူတာကတော့ USDT ဟာ Stable Coin (စျေးငြိမ်) ဖြစ်ပါတယ် ။ USDT ဟာ ပြင်ပ အမေရိကန် ဒေါ်လာ 1$ နဲ့ ညီမျှအောင် လုပ်ထားတဲ့အတွက် လက်ရှိ ပြင်ပ USD ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ဝယ်ထားလိုက်မယ်ဆိုရင် BTC လို အခြားသော Crypto လို စျေးနှုန်းအပြောင်းအလဲ အတက်အကျ မရှိသောကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါတယ် ။(ဒေါ်လာစျေးအတိုင်းတော့ စျေး အတက်အကျရှိ) ဒီ USDT ကို ပြည်တွင်းသုံး Digital Currency အဖြစ်သတ်မှတ်လိုက်ရင် ဘာအကျိုးရှိမလဲ ? Crypto ဆိုတာကတော့အလွယ်ပြောရရင် Decentralized(ဗဟိုထိန်းချုပ်မှုမရှိ) ဖြစ်တဲ့ currency ပေါ့ ။ဒါကိုငွေကြေးအဖြစ်သုံးတဲ့ အကျိုးကတော့ ဗဟိုထိန်းချုပ်မှုမရှိတဲ့အတွက် ငွေလွှဲငွေပြောင်း လုပ်ရာမှာ အခုလက်ရှိ ဘဏ် acc တွေလို ကိုဘယ်သူ…

Wai Yan Thwin
Continue Reading
0

Facebook Ad Account ဘယ်လိုဖွင့်မလဲ

ဒီရက်ပိုင်း ကိုယ်တိုင် Boost လုပ်နေတဲ့ လုပ်ငန်းရှင်တွေ နဲ့ အသိမိတ်ဆွေတွေ အမေးအများဆုံး ပြသနာကတော့ Ad Account Disabled ဖြစ်သွားရင် ဘယ်လိုပြန်လုပ်မလဲဆိုတာပါပဲ။ ဒါကြောင့် ဒီ Blog Post လေးရေးပါရစေ။ မြန်မာနိုင်ငံမှာ လက်ရှိသုံးနေတဲ့သူ အများစုဟာ VPN သုံးပြီး Facebook Ads များ ဖန်တီးနေရပါတယ်။ ဒါကြောင့် IP Address ပြောင်းလဲတာတွေ ကြောင့် Facebook Ad Account တွေဟာ Disabled ဖြစ်ဖို့ ရာခိုင်းနှုန်းများပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခု Blog မှာတော့ Ad Account အသစ်ဘယ်လိုလုပ်မလဲဆိုတာကို ဉီးစားပေးပြောသွားမှာဖြစ်လို့၊ VPN ကြောင့်ပဲဖြစ်ဖြစ်၊ Ads Policy ကြောင့်ပဲဖြစ်ဖြစ်၊ အသစ် Backup ဆောင်ထားချင်လို့ပဲ ဖြစ်ဖြစ် အသစ်တစ်ခု ဘယ်လိုဖွင့်မလဲ ဆိုတာပြောပြပေးသွားမှာပါ။ မှတ်ချက်။ ။ ယခု နည်းလမ်းဟာ Facebook Business ရှိပြီးသားသူတွေအတွက်သာဖြစ်ပြီး ပုံမှန် မိမိ Page မှ သာမန် User တွေအနေနဲ့ ဒီလင့်ကနေ သွားပြီး Business Account တစ်ခုရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအကြောင်းကိုလဲ နောက် Blog Post တွေမှာ ရှင်းပြပြီး ဒီ Post နဲ့ Link ပြန်ချိတ်ပေးထားလိုက်ပါမယ်။ ဒီနေရာက စပါ (အဆင့်ဆင့် ပုံလေးတွေပါ Screenshot ရိုက်ပေးထားပါတယ်) (၁) Business Settings…

Wai Yan Thwin
Continue Reading