ThaiFex က ပထမ သတိထားမိတယ် ၂၅ ညက ထိုင်းလူမျိုးတစ်ချို့နဲ့ တွေ့ပြီး သူတို့ကလဲ Recommend လုပ်တာပေါ့ သွားသင့်တယ် ဘာညာဆိုတော့ ပျင်းပျင်းနဲ့ နေ့လည်လောက်မှ ထွက်ပြီး ရောက်ဖြစ်သွားတယ်ပေါ့။ ပထမတော့ 1 Min စာ video မှာပဲ ပြောမလို့ ပြောချင်တာ တွေ မြန်မြန်ပြောလိုက်ရတော့ မထိရောက်မှာဆိုးတာနဲ့ စာပဲချရေးလိုက်တာ။
သူက မေလ ၂၃ ကနေ ၂၇ ထိ ကျင်းပတဲ့ပွဲ IMPACT Muang Thong Thani မှာလုပ်တာ အဲကိုက 2017 လောက်က Chainsmoker ပွဲသွားကြည့်ရင်းတစ်ခါပဲ ရောက်ဖူးတယ် သွားရလာရ အရမ်းခက်တယ်။ သူတို့က နေ့အလိုက် Theme ရှိတယ် ကျနော်ရောက်တဲ့နေ့က Food Technology Theme ပေါ့။ အစားအသောက် ဆိုတာ သိတဲ့အတိုင်း ဘယ်တော့မှ မတိုင်ကောတဲ့ စီးပွားရေးတစ်ခုပဲ။
ရောက်ရောက်ခြင်းတော့ Hall 1 ကနေ စလိုက်တာပေါ့။ Hall 1,2,3 ကလဲ အကျယ်ကြီး ပုံမှန် indoor show ပွဲတွေဆို လူအများကြီးဆန့်တယ်ပြောရမယ်။ Hall 1,2,3 မှာက ခုနပြောတဲ့ Food Technology ကို အဓိကပြတာ packaging ထုတ်တဲ့ စက်သေးသေးက အစ ဘူးတွေ ပြန်သန့်စင်ပြီး ပြန်ထုတ်တာတို့၊ ပုလင်းအဖုံး ထုတ်တာတို့ အစုံပဲ။ အဲမှာ သတိထားမိတာ အဲလို စက်နဲ့ပတ်သတ်တဲ့ company တွေက တရုတ် Company ကြီးပဲ။

အဲမှာတင် ခြေတိုတယ် လမ်းလျှောက်လိုက် သိချင်တာရှိ ဝင်မေးလိုက်နဲ့ ဘာသာစကားနည်းနည်းတော့ အခက်အခဲဖြစ်တယ်။ ဒါပေမဲ့ ကျနော့်တို့ Digital Agency Client တွေ ဖြစ်တဲ့ Magnolia, FaThai, Termtip တွေကို Packaging ထုတ်ပေးတဲ့ Company နဲ့လဲ တွေ့တော့ ပျော်သွားတာပေါ့။ သူတို့ကတော့ ထိုင်း လူမျိုးတွေပဲ။ ဒီလိုပဲ နားလည်အောင် တစ်လုံးချင်း ဟိုပြောဒီပြော ပေါ့။

ပြီးတာနဲ့ ဟိုဘက် က Hall တွေ ကို ကူးခါမှ နိုင်ငံစုံ တွေ့တာ အထူးသဖြင့် Korea Food တွေ အမြည်းတွေ လိုက်စား ၊ ဆိုဂျူးတွေလိုက်သောက်နဲ့ ASEAN နိုင်ငံတွေပါတွေ့တယ် မြန်မာလဲပါတယ် Booth 4 ခုလောက်ရှိတယ်။ ဧည်သည်တွေနဲ့စကားပြောနေတော့ ဝင်စကားမပြောဖြစ်ဖူး။ ပြီးတော့ cooking show တွေ media တွေကလဲ အပြိုင်အဆိုင် လာတဲ့သူတွေကတော့ အပြည့်ပဲ။ တရုတ်တွေ နဲ့ ကိုရီးယားလူမျိုးတွေ များတယ်။ ဒီပွဲအတွက် အနီးနားက ဟိုတယ်တွေမှာပဲ နေပြီး လာကြတာ။ ဒီကလဲ shuttle bus တွေ စီစဉ်ပေးထားတယ် အများကြီးပဲ။
ဒီ Blog ရဲ့ ပြောချင်တာ ခုမှ စပါပြီ။ ဒီမှာ company သေးသေး Booth သေးသေးလေးတွေက အစ အကြီးကြီး ထိ သူတို့ Company တွေကို ဘယ်လို Display လုပ်ပြီး Promote လုပ်လဲ။ Simple တွေကျွေး အလုပ်စကားတွေပြော အများကြီးပဲ Learn လုပ်ခဲ့ရတယ်။ နောက်တစ်ခုက Technology ပဲ အစားအသောက်မှာပဲ Technology အသုံးပြုတဲ့သူက ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဉပမာ သရက်သီးပဲ ထား အမျိုးအမည် ၁၀ မျိုးလောက် အေးဆေးထုတ်နိုင်ပြီး စျေးကွက်ကို စိုးမိုးထားတာတွေ့ရတယ်။ ကိုယ်ကတော့ Marketing – Technology ပိုင်းကမို့ ဘယ်လို ပုံစံနဲ့ ပန်းဖလက်တွေ ဝေလဲ၊ ဘယ်လိုလူတွေကို သူတို့ Booth ထဲ ဝင်ချင်အောင် ခင်ကျင်းထားလဲ အများကြီး ကျနော့် Video ကို ဖြည်းဖြည်းချင်းကြည့်ရင် လေ့လာလို့ရမှာပါ။
နောက်ဆုံးပြောရရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အစားအသောက် company တွေ လက်ရှိ ဘာလို တက်တက်ကြွကြွနဲ့ တစ်ကမ္ဘာလုံး စျေးကွက်ကို သိမ်းပိုက်ဖို့ လုပ်နေတယ်ပါ မြင်လိုက်ရတယ်။ ကျနော်တို့ က နေ့စဉ် ဘဝထဲမှာပဲ နေ့စဉ် activities တွေနဲ့ပဲ ကုန်ဆုံးနေတာ သိပ်လဲ အဝေးကြီးမကြည့်ဖူး ဒီမြို့မှာပဲ ပြိုင်ဘက်ဘာလုပ်လဲ သူလုပ်တာလိုက်လုပ်၊ ဒီနိုင်ငံမှာပဲ ဟိုဟာလိုက်လိုက်ဒီဟာလိုက်လုပ်နဲ့ လုပ်နေတဲ့အချိန်မှာ အခြားနိုင်ငံတွေက တစ်ကမ္ဘာလုံးကို စိုးမိုးဖို့ ကြိုးစားနေတာ တွေ့လိုက်ရတော့ စိတ်ထဲတော့ တစ်မျိုးဖြစ်သွားတာ အမှန်ပဲ။ ကိုယ်က F&B ပိုင်းက business တစ်ခုဆိုရင်တော့ လက်ရှိ F&B Trends ဆိုတဲ့ ဒါလေးဖတ်ကြည့် သူတို့ Insight ထုတ်ထားတာလေးသဘောကျတယ်။
Comments