The Marketing and Launch Strategy of ‘Hunger’ (2023) Movie: A Case Study

Hunger (2023) အသစ်ထွက်တဲ့ Thai ကားကြည့်ပြီးကြပြီ ထင်ပါတယ်။ ဒီကားက Netflix ရဲ့ Thai Region မှာ စကြည့်လို့ရတဲ့နေ့ပဲ Top 1 ဖြစ်သွားခဲ့တာပါ။ နောက်ပြီး နိုင်ငံပေါင်း ၁၉၀ ကျော် ကို Launch လုပ်တဲ့ ကားတစ်ကားလဲ ဖြစ်ပါတယ်။ ဒီကားအမျိုးအစားက Drama ဖြစ်ပြီး အဓိကက မိသားစု စားသောက်ဆိုင် လေးက Talent နဲ့ Fine Dining က စားဖိုမှူးတို့ကြား အပြိုင်အဆိုင် ရိုက်ထားတာမျိုးပါ။ ခုက ဇာတ်လမ်းအကြောင်းထက် သူတို့ ဘယ်လို Launch လုပ်ခဲ့လဲဆိုတာ Marketing ဘက်ကနေ မြင်သမျှ  တွေ့သမျှ ကို case study ပုံစံမျိုး ချရေးထားတာဖြစ်ပါတယ်။

သူတို့ရဲ့ Key Objective က ဘာဖြစ်မလဲ

ဇာတ်ကားတစ်ခုရဲ့ production တစ်ခု အနေနဲ့  Objective တွေ အများကြီးရှိမှာပါ။ အများစုကတော့ လွယ်လွယ်ပြောရရင် တော့ “ပေါက်ချင်တယ်” “အောင်မြင်ချင်တယ်” “အော်စကာရချင်တယ်” စသဖြင့်ပေါ့။ ဒီနေရာမှာတော့ Marketing ဘက်က တွေးပြမှာ ဖြစ်လို့ Marketing Key Objective ကိုသွားချိတ်ရပါမယ်။ ဒီဇာတ်ကားရဲ့  Production ဘယ်သူတွေလဲဆိုရင် Netflix , Song Sound Production တွေပေါ့ Netflix ကတော့ streaming platform တစ်ခု ဆိုတော့ Marketing Key Objective ကတော့ “Netflix မှာ Top 10 Trending” ထဲ ပါရမယ်ဆိုတာမျိုး ချ မှတ်မိမှာပဲ။

Netflix Top 10 ဘယ်လိုတွက်ချက်လဲ

Article တစ်ခုရဲ့ အဆိုအရ Netflix ရဲ့ Home Page မှာ Top 10 အဖြစ်ဖော်ပြခံဖို့ two-minutes metric နဲ့ တွက်ချက်ပါတယ်တဲ့။ ဒီလို Metric တွေကို နေ့စဉ် 11:30 PM PST မှာ calculate လုပ်ပြီး ပြတယ်ဆိုတဲ့ သဘောပါ။ ဆိုလိုတာက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူတွေ အများဆုံး  ၂ မိနစ်စာ ဝင်ကြည့်တဲ့ Movie ဟာ Top 1 to 10 ထဲမှာ ဖော်ပြခံရမှာပါ။ ဒီ Website က Netflix က week အလိုက်လုပ်ပေးထားတဲ့ Top 10 Movie တွေ ကြည့်လို့ရတဲ့ List ပါ။

Objective ထိအောင် ဘာစလုပ်ရမလဲ

ရုပ်ရှင်တစ်ခုမှာ ကျနော်နားလည်သလောက် Pre-production, Production, Post-production Stage တွေ ရှိပါတယ်။ Event တွေမှာလဲ ဒီလို stage တွေ ရှိသလို Marketing လုပ်နေသူတွေဟာလဲ ဒီ Post-production stage ပြီး Launch ဖို့အတွက် ရှေ့က stage (၃) ခုမှာ လိုအပ်တဲ့ Material တွေ ရှိပါတယ်။ နိုင်ငံတကာ Prouction တွေ မှာတော့ ဒါတွေက ကြိုတင် framework ချပြီးသားဖြစ်မှာပါ။ ဒီကားမှာလဲ ချချင် ချမှာပါ ဒါပေမဲ့ ကျနော် မြင်တဲ့ stage တွေကတော့ Post-Production Stage ပြီး Launch Production Stage ပါ။ ဒီ Stage မှာ Key Objective ဖြစ်တဲ့ “Netflix မှာ Top 10  “ ထဲဝင်ဖို့ အတွက် အဓိက ထိရမယ့် target ပါ User Awarness ပါ။ Marketing မှာ User တွေဟာ Stage အဆင့်ဆင့်ကို funnel (ကန်တော့ပုံ) အနေနဲ့ ဖြတ်ရပါတယ်။ ဒီအကြောင်းကို ကျနော် Blog မှာ မျှဝေဖူးပါတယ်။ ခု ဇာတ်ကားမှာ ကျနော် မြင်တဲ့ Funnel က Awarness Stage က Objective ရဲ့ အဓိက နေရာမှာပါဝင်နေပါတယ်။ (ဒီနေရာမှာ ကျနော် User  လို့ပဲသုံးပါမယ် အကျင့်ပါနေလို့ပါ။ တကယ်က Watcher လို့ခေါ်လို့ရတာပေါ့နော်) ။

User များများ ဆီ Awareness ရအောင် ဘာတွေလုပ်မလဲ

အဓိကက ဒီကား ရှိတယ် ဘယ်နေ့ ဘယ်မှာ ကြည့်လို့ရမလဲ ဆိုတာမျိူး လူသိအောင်လုပ်ဖို့ပါပဲ။ ဒီ Blog မှာတော့ ဘာ Strategy/Framework မှ မပါပဲ အခြေခံဘက်ကနေ မြင်တာလေးတွေ ပြောပေးသွားပါမယ်။ အဲတော့ ခေါင်းထဲ ထည့်ရမှာက လူများများ မြင်အောင် ဒီကားအကြောင်း လူသိအောင် လုပ်ကြပါတယ်။

သူတို့ ဘယ်ခြေလှမ်းက စလဲ

Netflix လို company အတွက်တော့ ကားတွေ အများကြီး Launch  လုပ်လာတာ Experience မနည်းဖူးပေါ့။ Marketing Budget , Strategy စတဲ့ အတွေ့အကြုံတွေက တကယ် မိုက်တယ်ပြောရမယ်။ ဒီကားကိုပဲ ပြန်ချုံ့ပြောရအောင် ဇာတ်ကားတွေမှာ ကျနော် အတွေ့အကြုံအရ ယေဘုယျအားဖြင့် Launch လုပ်တဲ့ Plan အနည်းဆုံး (၃) ဆင့်ကနေ (၄) ဆင့် ထိရှိတယ်။ အခု case study မှာ တစ်ခါတည်း ခွဲပြီးပြောသွားကြည့်ပါမယ်။

Step 1 : Build Awarness – ဒီအဆင့်မှာ ပုံမှန်အားဖြင့် Teaser Trailer တွေ နဲ့ ဘယ်နေ့ Launch လုပ်မယ်ကို လူတွေ သိအောင် excitement ဖြစ်အောင် လုပ်ကြလေ့ရှိတယ်။ Hunger Movie ကတော့ streaming platform က Netflix ဖြစ်နေတဲ့အတွက် Netflix က ထုံးစံအတိုင်း  ရှိပြီးသား Audience တွေကို Awarness လုပ်ဖို့ သူ့ Platform ကို အဓိက ထားသုံးထားတာတွေ့ရတယ်။ 

Step 2 : Launch Event – Hunger Movie က ဒီအဆင့်မှာတော့ အောက်က ပုံက လိုမျိုး Invitation နဲ့ social media မှာ influnce ဖြစ်တဲ့သူတွေဆီကို ပို့ပြီး အစပျိုးထားတာတွေ့ရတယ်။ လိုရင်းပြောရရင် invitation ကို အသစ်ဆန်းအောင်လုပ်ထားတယ်။

ပြီးတာနဲ့ Launch Event ကို တကယ့် restaurant ကို ကြားက status နှစ်မျိုး ဖြစ်အောင် တည်ဆောက်ပြီး ဆွဲဆောင်ထားတာမျိုး လုပ်ထားတာတွေ့ရပါတယ်။(နောက်ပိုင်းဘယ်သူမဆို Booked လုပ်ပြီးသွားစားလို့ရပါသေးတယ်) အောက်ကပုံတွေကို လေ့လာကြည့်ပါ။

Step 3 : ဒီအဆင့်ကတော့ Social Media + Advertising ကို သုံးတဲ့ အဆင့်ပေါ့။ များသောအားဖြင့် မြန်မာပြည်မှာ ဆိုရင်တော့ Facebook ကို အဓိကားထား အားကိုးကြတယ်။ နိုင်ငံတကာမှာတော့ Platform မျိုးစုံဖြစ်တဲ့အတွက် အပြင်မှာပါ အားထည့်ကြတယ်။ Hunger Game မှာဆို ပုံမှန်ကားတွေထက် အားထည့်ထားတာက Billboard တွေနဲ့ တစ်ချို့ ရထားတွေမှာ Media Buying လုပ်ထားတာတွေ့ရတယ်။ BillBoard ဆိုရင်လဲ တစ်ချို့ တရုတ်တန်းလိုနေရာမျိုးမှာတောင် Attention သေချာယူထားတာမျိုးတွေ့ရတယ်။ 

Step 4 : ဒီအဆင့်က ရုပ်ရှင်လဲထွက်ပြီးတဲ့အဆင့်ဆိုတော့ Review အဆင့်လို့ပြောလို့ရတယ်။ ကိုယ်က international ကို Target ထားတာဆိုရင် ထုံးစံအတိုင်း Review Platform တွေမှာ Rating ကောင်းဖို့ ဉီးတည်ရတဲ့ အဆင့်ပါ။ ဒီအဆင့်မှာ နှစ်ပိုင်း ရှိပါတယ်။ တစ်ခုက လူတွေ သူ့ဘာသာသူ Rating Platform မှာ ပေးတာနဲ့ သူတို့ကိုယ်ပိုင် social media တွေမှာ ရေးတာမျိုးပါ။ Rating Platform တွေကတော့ရှင်းပါတယ် သွားကြည့် အခြေအနေ တန်းသိပါတယ်။ သူတို့ကိုပိုင် Social Media တွေမှာကြတော့ ကိုယ့်ကို ချီးကျူးထားတယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ Hashtag ဘာညာ မသုံးဖူးဆိုရင် မမြင်နိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာတော့ Digital Marketing ဘက်ကမှာ social listing tools တွေကို အသုံးပြုကြပါတယ်။ 

အနှစ်ချုပ်ပြောရရင် – Hunger Movie က ကျနော့် Case Study လုပ်ကြည့်သလောက် ၃ ပတ်လောက်ထိ သူတို့ Goal လို့ ယူဆရတဲ့ Netflix မှာ Top 1-10 ဖြစ်ခဲ့သလို April 10-16 Week မှာဆို Top 1 ကိုမှ Watch Hour ပေါင်း 43,580,000 နာရီ ထိတောင် ရခဲ့တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခုက ဒီလို Case Study ကလဲ ကျနော့်အတွက် အချိန်ပေးရပါတယ် သူတို့ဘယ်လို အဆင့်ဆင့်လုပ်ခဲ့လဲဆိုတာ စာတွေ ရှာဖတ်ရတယ်။ Proof တွေ လိုက်ရှာရတယ်။ နောက်ပြီး တကယ့် Movie တွေမှာသုံးတဲ့ Marketing Campaigns တွေ သုံးလား လိုက်ကြည့်ပြီး အတက်နိုင်ဆုံး ဗဟုသုတရအောင် ရေးပေးထားတဲ့အတွက် အမှားတစ်စုံတစ်ရာတွေ့ရင်လဲ အားမနာတမ်း ထောက်ပြ ပြောသွားလို့ရပါတယ်။ တစ်ခုခု idea or ဗဟုသုတရသွားရင်လဲ အခမဲ့ မျှဝေပေးထားတဲ့အတွက် share or comment ဖြစ်ဖြစ် လုပ်သွားပေးဖို့ တောင်းဆိုချင်ပါတယ်။ 


Comments

Leave a Reply

Your email address will not be published. Required fields are marked *