ဒီရက်ပိုင်း USDT က Hot Topic ဖြစ်နေအုံးမှာဆိုတော့ Cryptocurrency အကြောင်း လူတွေ attention ရလာမှာဖြစ်တဲ့အတွက် မြန်မာလို ဖတ်လို့ရအောင် ယုံကြည်ရတဲ့ Link တွေကိုစုစည်းပြီး Update လုပ်ပေးသွားပါမယ်။

USDT အကြောင်း

Link > https://www.facebook.com/permalink.php?story_fbid=6510620342346671&id=599112570164174

USDT ဆိုတာ ဘာလဲ?

USDT ဆိုတာက crypto currency တစ်မျိုးပါပဲ BTC တို့လို့ ETH တို့လို့ အခြား Crypto Currency တွေနဲ့ မတူတာကတော့ USDT ဟာ Stable Coin (စျေးငြိမ်) ဖြစ်ပါတယ် ။ USDT ဟာ ပြင်ပ အမေရိကန် ဒေါ်လာ 1$ နဲ့ ညီမျှအောင် လုပ်ထားတဲ့အတွက် လက်ရှိ ပြင်ပ USD ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ဝယ်ထားလိုက်မယ်ဆိုရင် BTC လို အခြားသော Crypto လို စျေးနှုန်းအပြောင်းအလဲ အတက်အကျ မရှိသောကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါတယ် ။(ဒေါ်လာစျေးအတိုင်းတော့ စျေး အတက်အကျရှိ)

ဒီ USDT ကို ပြည်တွင်းသုံး Digital Currency အဖြစ်သတ်မှတ်လိုက်ရင် ဘာအကျိုးရှိမလဲ ?

Crypto ဆိုတာကတော့အလွယ်ပြောရရင် Decentralized(ဗဟိုထိန်းချုပ်မှုမရှိ) ဖြစ်တဲ့ currency ပေါ့ ။ဒါကိုငွေကြေးအဖြစ်သုံးတဲ့ အကျိုးကတော့ ဗဟိုထိန်းချုပ်မှုမရှိတဲ့အတွက် ငွေလွှဲငွေပြောင်း လုပ်ရာမှာ အခုလက်ရှိ ဘဏ် acc တွေလို ကိုဘယ်သူ ၊ မဘယ်ဝါ ဆိုတဲ့ personal အချက်အလက်တွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။ဒီလိူ လူနာမည်နဲ့ အချက်အလက်တွေအစား encryption လုပ်ထားတဲ့ Digital ကိန်းဂဏန်း တွေကိုသာ အသုံးပြုပြီး ငွေပေး ငွေယူလုပ်ကြတာမို့လို့ ကိုယ်လွှဲတာပါ ၊ ကိုယ်ယူတာပါဆိုတာကို ကိုယ်ကမပြောရင် ဘယ်သူမှမသိနိုင်တော့ပါဘူး ။ဒါပေမဲ့ ကိုယ်တွေငွေပေး ငွေယူလုပ်လိုက်တဲ့ transition တွေကိုတော့ လူအများကြည့်ရှု့နိုင်တဲ့ Network တွေပေါ်မှာ တင်ထားလို့ ပွင့်လင်းမှုလဲရှိနေပြန်ပါတယ် ။ကိုဘယ်သူမှ ဦးဘယ်သူကို ဘယ်လောက်ဆိုတာမျိုး တော့မြင်ရမှာမဟုတ်ပဲ 0ajshgd46djdkskl မှ 12NsUKp28kslah သို့ ဆိုတာကိုပဲ လူတွေက မြင်ရမှာပါ ။ဒီတော့ လုံခြုံပြီး ပွင့်လင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။ဒီတော့ အစိုးရတစ်ရပ်က ထိန်းချုပ်ထားတဲ့ ငွေကြေးလွှဲပြောင်းမှုတွေလို လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတစ်ခုက ဖြစ်စေ ဘဏ်တစ်ခုကဖြစ်စေ ကြည့်လို့ လိုက်လို့မရတော့ပါဘူး ။ဒါပေမဲ့ ကိုယ်တွေငွေလွှဲလိုက်တဲ့ transitions သည် စောစောကလို ဘယ်သူမှဖော်ဖို့မဖြစ်နိုင်တဲ့ ဝှက်စာတွေနဲ့ လူအများမြင်သာထင်သာကြည့်နိုင်ပြန်ပါတယ် ။ဒီအားသာချက်တွေကြောင့် ငွေလွှဲလို့ ၊လှူလို့ အကောင့်ပိတ်ခံရတာတွေ ၊အဖမ်းခံရတာတွေ ၊ freeze ခံရတာတွေ ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်သလို ကိုယ်လှူတာကိုလည်း ကိုယ်ပြောမှသာ သိကြပြီး လုံခြုံတဲ့ အားသာချက်ကို ရရှိနိုင်ပါတယ် ။

အားနည်းချက် / သတိထားရမည့်အချက်

Crypto ဟာ အပေါ်ကပြောခဲ့သလို လူပုဂ္ဂိုလ် အချက်အလက်တွေကို ဘယ်သူမှမသိနိုင်အောင် ကာကွယ်ထားတာမို့လို့ မသမာသူအချို့ရဲ့ လိမ်လည်မှုတွေ အများကြီး လာနိုင်သလို အလိမ်ခံရပြီဆိုရင်လည်း ဘယ်လိုမှ နောက်ကြောင်းလိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး ။ဒီလိုမဖြစ်အောင် သတိထားရမှာကတော့ ကိုယ့် ရဲ crypto ငွေတွေ ထည့်ထားတဲ့ wallet (Kpay CBpay လို အရာမျိုး ) ရဲ့ လုံခြုံရေးအချက်အလက်တွေကို ဘယ်သူ့ကိမှ မပေးဖို့နဲ့ ကိုယ်ငွေလွှဲမည့်အခါမျိုးမှာ ကိုယ်လွှဲရမဲ့ wallet address သေခြာမှန်မမှန် စစ်ဖို့ နဲ့ internet ပေါ် က လူပေါင်းစုံ ကို မယုံဖို့ပါပဲ ။

USDT ကို မြန်မာငွေနဲ့ ဘယ်လိုလဲမလဲ?

လက်ရှိမှာ crypto ငွေကြေးကို မြန်မာငွေနဲ့ ဝယ်လို့ရတဲ့ Exchange က Binance (.) com မှာပဲ ဖြစ်ပါတယ် ။ဒီ Exchange မှာ acc register လုပ်ပြီး တာနဲ့ တန်းဝယ်လို့မရပဲ KYC ဆိုတဲ့ ကိုယ့်ရဲ့ အချက်အလက်တွေကိုတင်ရပါတယ် {passport / driver license} ။ဒီလိုတင်ရပေမဲ့ ဒီအချက်အလက်တွေက လုံခြုံပါတယ် ။ ပြီးရင်တော့ P2P ဆိုတဲ့ peer to peer (လူလူချင်း အရောင်းအဝယ် ) မှာ သွားပြီး မြန်မာငွေကြေးနဲ့ လက်ခံရောင်းချနေတဲ့ merchandiserတွေစီကနေ ဝယ်လို့ရပါပြီ ။သူတို့စီကနေ ဝယ်တဲ့အခါမှာ ပြည်တွင်းသုံး digital money တွေနဲ့ ဝယ်ယူလို့ရတာကြောင့် ငွေလွှဲချိန်မှာ remarkထဲမှာ crypto နဲ့ပတ်သတ်တဲ့အချက်အလက်တွေ ထည့်မရေးမိရင် အဆင်ပြေလုံခြုံပါတယ် ။ဒီလိုဝယ်ဖို့အခက်အခဲရှိတဲ့သူတွေအနေနဲ့ကတော့ အပြင်မှာ ရောင်းချတဲ့ ယုံကြည်ရတဲ့ လူတွေစီကနေ ဝယ်နိုင်ပါတယ် ။ ကိုယ့်ဘက်ကနေ Mobile pay နဲ့သော်လည်းကောင်း ငွေသားနဲ့သော်လည်းကောင်း ပိုက်ဆံပေးပြီး Crypto wallet (Kpay app လို မျိုးအလားတူ app}ကနေ crypto တွေ လက်ခံယုံပါပဲ ။ ကိုယ် crypto တွေ ပြန်လွှဲချင်လဲ ဒီwallet တွေကနေ ပြန်လွှဲရတာပါ ။လက်ရှိမှာ လူသုံးများတဲ့ wallet တွေက Trust wallet Coinbase wallet အစရှိသဖြင့်အများကြီး ရှိပါတယ် ။#tptJust for Knowledge Sharing

USDT နဲ့ပတ်သတ်လို့ သတိထားစေချင်တဲ့အကြောင်း
Link > https://www.facebook.com/permalink.php?story_fbid=1708323796225475&id=100011436132439

USDT နဲ့ ပက်သက်လို့ သတိထားစေချင်တာ ကျွန်တော် NUG ကို Public မှာ ဝေဖန်လေ့ သိပ်မရှိပါဘူး ။ NUG မှ မရှိရင် ပြည်တွင်း ပြည်ပ ထောက်ခံမှု / စုစည်းမှု ခုလို အားကောင်းဖို့ ခက်သွားမယ် … လောလောဆယ် … NUG ကို ယှဉ်နိုင်တယ်လို့ တရားဝင် ပြောပြီး အားပြိုင်တဲ့ နိုင်ငံရေး အင်အားစုကောင်း မရှိသေးဘူး … လို့ ယူဆတာမို့ ကိုယ့် အချင်းချင်း ကြားမှာပဲ NUG ကို အတင်းတုတ် … အဲလေ … ပြောစရာ ရှိတာ ပြောလေ့ရှိတတ်ပါတယ် ။ ခုလည်း Public Post ဆိုတော့ NUG ကို မဝေဖန်ချင်ပေမယ့် သတိလေးတော့ ပေးချင်တာ ရှိပါတယ် ။

ခု USDT ဆိုတဲ့ Stable Coin – Cryptocurrency ကို ပြည်တွင်းသုံးဖို့ ခွင့်ပြုပေးလိုက်တယ်ဆိုတာဟာ … အစိုးရ တစ်ရပ်အနေနဲ့ ကိုယ့်ဘာသာ Cryptocurrency တစ်ခု ထွင်နိုင်လောက်အောင် နည်းပညာ ပိုင်းအရ မလုပ်နိုင်သေးတဲ့ အတွက် လောလောဆယ် အဆင်ပြေမှာကို ရွေးလိုက်ရတဲ့ သဘော ဆိုတာ အပြည့်အဝ နားလည်ပါတယ် ။ ( ကိုးကား ။ https://www.facebook.com/108428034722304/posts/251268347104938/ ) NUG ကို တင်ပြထားတယ်ဆိုတဲ့ Myanmar Dollar ဆိုတဲ့ Cryptocurrency Project ကိုလည်း ကျွန်တော့် အနေနဲ့တော့ မယုံပါဘူး ။ ( ယုံချင်သူတွေ ယုံပါ ။ ဝင် ပြောမနေချင်ပါဘူး ) ဒီတော့ ခုလို နိုင်ငံတကာ ဈေးကွက်မှာ နာမည်ကြီး / အသုံးများနေတဲ့ USDT ကိုပဲ ရွေးချယ် အသိအမှတ်ပြုပေးလိုက်တာကို နားလည်ပါတယ် ။ ဒါပေမယ့် … အရင်က Cryptocurrency ကို မလေ့လာဖူးသေးပဲNUG က အသိအမှတ် ပြုပေးလိုက်မှ USDT ဆိုတာကို စလေ့လာ ဖြစ်တယ် … ဆိုတဲ့ လူတွေကို တစ်ခုတော့ သတိပေးချင်တယ် ။ ( သာမန် သိသင့်တာ တွေကိုက ကို …. ရေးထားတဲ့ Post မှာပဲ သွားလေ့လာလိုက်စေချင်ပါတယ် ။ Cryptocurrency အကြောင်း ဘာမှ မသိရင် သူ့စာဖတ်ပြီးမှ ကျွန်တော့် စာ ပြန်လာဖတ်ရင် ပိုကောင်းပါတယ် ။ ၂၀၁၇ ဒီဇင်ဘာလောက် က ကျွန်တော်ရေးတင်ပေးဖူးတဲ့ Bitcoin အကြောင်းလည်း ဖတ်ထားရင် လည်း အခြေခံ တစ်ခု ရှိသွားနိုင်ပါတယ် 👉https://www.facebook.com/100000576790914/posts/1956455057717035/ ) ခုကတော့ … အဲ့ Post ၂ ခုလုံးမှာ မပါတဲ့ ကိစ္စကိုပဲ ဦးစားပေး ဆက်ပြောသွားပါမယ် ။

USDT ဆိုတာ Cryptocurrency ထဲမှာမှ Stable Coin ပါ ။ Stable Coin ဆိုတာ အလွယ် ပြောရရင် ဈေးငြိမ်အောင် ( နိုင်ငံတစ်ခုခုက ငွေကြေးတန်ဖိုးနဲ့ အမြဲ တူနေအောင် ) တကူးတက လုပ်ထားတဲ့ Coin တစ်မျိုးပါ ။ ဥပမာ … Bitcoin ဆို Stable Coin မဟုတ်ဘူး ။ Bitcoin ၁ ခု ရဲ့ တန်ဖိုး ဟာ ဇူလိုင်မှာ $၃ သောင်း ဝန်းကျင်ကနေ အောက်တိုဘာ လဆန်းလောက်မှာ $၆ သောင်း ဝန်းကျင် လောက်ထိ တက်သွားပေမယ့် … ခု ဒီစာရေးနေချိန်မှာ $၄၈,၀၀၀ ဝန်းကျင် ပြန်ဖြစ်နေတယ် ။ ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားပေါ် အဓိက မူတည်နေတာမို့ ခုလို ဈေးအပြောင်းအလဲ ကြီးလွန်း/များလွန်းတယ် ။ ( ဒီတော့ ဒီလို Cryptocurrency မျိုးကို အစိုးရ အတွက်က ပြည်တွင်း ငွေပေးချေမှုအတွက် သုံးကြဖို့ တိုက်တွန်း ဖို့ ဆိုတာ … အဆင်မပြေပါဘူး ။ ) Stable Coin တစ်မျိုး ဖြစ်တဲ့ USDT ကတော့ အဲ့လို ဈေးအတက်အကျ မဖြစ်ရအောင် USDT 1 Coin = အမေရိကန် ၁ ဒေါ်လာ နဲ့ ညီအောင် လုပ်ထားတာမျိုးပါ ။ ဘယ်လို ညီအောင် လုပ်ထားလဲဆိုရင် ( သီအိုရီအရ ဆို ) USDT ရဲ နောက်ခံ Company ဖြစ်တဲ့ Tether ဆိုတဲ့ Company ဟာ နည်းပညာ အရ USDT 1 Coin ထုတ်လိုက်တိုင်း အမေရိကန် ၁ ဒေါ်လာကို တစ်နေရာရာမှာ Reserve အနေနဲ့ ထားပေးထားရမယ် ။ ( အရင်တုန်းက ကမ္ဘာ့ဘဏ်မှာ နိုင်ငံအသီးသီးက သူတို့ ငွေကြေးအတွက် အာမခံချက် အနေနဲ့ ရွှေပေါင် ထားကြတယ် … ဆိုတဲ့ သဘောမျိုး နဲ့ ဆင်ပါတယ် ) အဲ့လို ထားပေးထားမှသာ ဒီ USDT 1 Coin ဟာ US 1 Dollar နဲ့ တန်ဖိုး အမြဲ တူနေသင့်တာပေါ့ ။ မဟုတ်ရင် … အဲ့ Tether Company ကပဲ နည်းပညာ အရ အဲ့ USDT Coins တွေ အမြောက်အများ စွတ်ထုတ်လိုက်ရင် အကုန် တိုင်ပတ် ကုန်မှာပေါ့ ။ ဒါကို Company ကရော / ဈေးကွက်ကရောသိတဲ့အတွက် … သူတို့ဟာ ဈေးကွက်ထဲ လည်ပတ်နေတဲ့ Tether 1 Coin တိုင်းအတွက် အမေရိကန် ငွေ ၁ ဒေါ်လာနဲ့ အဲ့လို အရံငွေ ထားပေးထားပါတယ်လို့ ကြေငြာခဲ့တယ် ။ အဲ့ နည်းနဲ့ ဈေးကွက်မှာ အင်အား ကောင်း / လူသိများတဲ့ / အသုံးများတဲ့ Stable Coin တစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့တာပဲ ။

ဒီ အထိတော့ နားရှင်းမယ် ထင်တယ် ။ သတိပေးချင်တာ က ခုမှ လာမှာ ။ ( ရှုပ်လည်း ရှုပ်နိုင်တယ် ။ ဈေးကစားမယ့် / ဝန်ဆောင်မှုပေးမယ့် လူ မဟုတ်တဲ့ အတွက် ကျွန်တော် ဘယ်သူနဲ့မှလည်း ငြင်းမနေ ချင်ဘူး ။ Agree to Disagree အနေနဲ့သာ ဖတ်သွား / ဒီ ကနေ စပြီး တခြား Reference တွေ ကိုယ့်ဘာသာ ဆက်လေ့လာပါ ။ > https://www.theverge.com/…/tether-backing… ) ၁။ Tether Company အနေနဲ့သာ အဲ့လို 1 USDT = 1 US Dollar ဖြစ်နေအောင် Reserve ထားပေးထားတယ် ပြောတာ ။ အဲ့လိုမျိုး Reserve ၁၀၀% ပြည့်အောင် တကယ် ထားပေးမထားဘူးလို့ ပြင်ပ လေ့လာသူတစ်ချို့က ထောက်ပြထားတာတွေရှိတယ် ။ Tether ကတော့ ငွေသားအနေနဲ့ မဟုတ်ပေမယ့် ငွေသားနဲ့ ညီမျှတဲ့ တခြား ပိုင်ဆိုင်မှု ပုံစံတွေနဲ့ Reserve ထားပေးထားပါတယ် … လို့ ပြန်ဖြေရှင်း ကြေငြာထားတယ် ။ ( စစချင်းမှာ သူတို့ Website မှာ ကြေညာထားခဲ့တဲ့ ကြော်ငြာစာသားကို *ထောက်ပြဝေဖန်မှုတွေပေါ်မူတည်ပြီး ပြောင်းပြောင်းသွားခဲ့ရတာ ဖြစ်တယ် ။ ) ၂။ New York တရားရုံးက Tether နဲ့ သူ့ရဲ့ Crypto Exchange တစ်ခုဖြစ်တဲ့ Bitfinex ကို $ ၁၈ သန်းခွဲ ဒဏ်ရိုက်ဖူးတယ် ။ အဲ့ စီရင်ချက်ကြောင့် ၃ လ တစ်ခါလောက် Tether က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အစစ်ဆေးခံပါ့မယ် ဆိုတာမျိုးလည်း သဘောတူထားလိုက်ရတယ် ။ ၃။ အဲ့ ၃ လ တစ်ခါ စစ်ဖို့ Report ပေးရတဲ့ အခါမှာ တွေ့ရတာက … Tether က Reserve 100 % ထားပေးထားတယ်ဆိုတာ မှာ Commercial Papers တွေ အနေနဲ့ က ၅၀% လောက် ဖြစ်နေတယ် ။( Commercial Paper ဆိုတာ အလွယ် ပြောရရင် ခု NUG က ရောင်းတဲ့ Bond လိုပဲ ။ Company ကြီးတွေကြားမှာ ငွေလိုရင် အချင်းချင်း ထုတ်ရောင်းထားကြတာမျိုးတွေ ။ )

ဒီတော့ ရိုးရိုးလေး ပြန်ချုံ့ရရင် USDT ဆက် အောင်မြင်နေမနေဆိုတာ Tether Company ရဲ့ လုပ်ပုံ ကိုင်ပုံ / ဖြေရှင်း ပုံတွေ / သူ ဝယ်ထားပါတယ်ဆိုတဲ့ Commercial Papers တွေကို ထုတ်ပေးထားတဲ့ မူရင်း Companies တွေရဲ့ အခြေအနေတွေ ပေါ် မူတည်နေတယ် ။ ( ဒီ အချက်တွေကို ဈေးကွက်က လူတွေက ဘယ်လောက် သေချာ နားလည် စောင့်ကြည့် သုံးသပ် လုပ်ကိုင်နေကြတယ် ဆိုတဲ့ပေါ် မူတည်နေတယ် ) USDT Coin ဟာ … Bitcoin လို Decentralized မဟုတ်ပဲ Ethereum လို Centralized ဖြစ်နေတာမို့ Company ရဲ့ ယုံကြည်ရမှု ကို မဖြစ်မနေ ထည့် စဉ်းစား ရမယ့် သဘောပါပဲ ။ ( Stable Coin ချင်း ဥပမာပေးရရင် USDC တို့ Gemini – GUSD တို့ လို Coin မျိုးက Reserve တကယ် ထားထားတယ် … Audit – စာရင်းစ်တင်ပြတာလည်း ပိုစနစ်ကျတယ် … လို့ ယုံကြည်ကြတာတွေ လည်း ရှိတယ် ။ New York Department of Financial Services ရဲ့ Regulation အောက်မှာ လည်ပတ်နေတဲ့ Company တွေပေါ့ ။ ဒါပေမယ့် … ဈေးကွက်မှာ အသုံးများတဲ့ ပမာဏကျတော့ USDT နဲ့ ကွာလွန်းတယ် ။ ဒါကြောင့် NUG ကလောလောဆယ် USDT ကိုပဲ ရွေးထားတာ ထင်ပါတယ် ။ )

ဘာ လုပ်ရမလဲ ? တစ်ခုခု သေချာ ပြောပါလား ? ဆိုရင် ဆောရီးပါ လို့ပဲ တောင်းပန်ပါရစေ ။ ငွေကြေး ဆိုင်ရာ အကြံပေးသူ မဟုတ်တဲ့ အတွက် ဒီဝန်ကို ကျွန်တော် မထမ်းချင်ပါဘူး ။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကိုယ့် မြန်မာငွေ ပိုင်ဆိုင်မှုတွေ ဈေးမတည်ငြိမ်တာ ကို ကာကွယ်ဖို့ USDT လို Stable Coin မျိုး ပြောင်းထားရင် ကောင်းမလား ? ဆိုပြီး လေ့လာဖြစ်ခဲ့တာ တစ်ချို့ကို တခြားသူတွေလည်း သတိထားရအောင် ပြန်ပြောပြချင်ရုံပါပဲ ။ ကိုယ့် လေ့လာအားနဲ့ ကိုယ် ရှေ့ဆက် ကိုယ့် တွေးခေါ်အားနဲ့ ကိုယ် ဆုံးဖြတ်ရမှာပါပဲ ။ အထောက်အကူ တစ်ခုရအောင် ကျွန်တော်သာ ဆိုရင် ဘယ်လို လုပ်မလဲ ဆိုတာတော့ ပြောပါမယ် ။

၁။ ငွေပို ရှိရင် လုပ်ငန်း-ပစ္စည်း တစ်ခုခုထဲ လုပ်ကိုင်/ရောင်းချတဲ့ စီးပွားရေး တစ်ခုခုထဲ ထည့် လှည့်နေမှာပါပဲ ။ ဒါမှ မဟုတ်ရင် နီးစပ်တဲ့ / လူသုံးများတဲ့ နိုင်ငံခြားငွေ တစ်ခုခု ပြောင်းထားဖြစ်မှာပဲ ။ ၂။ လစဉ် သုံးနိုင်မယ့် ပမာဏ လောက်ကိုတော့ USDT ပြောင်းထားပြီး ဒါကို လက်ခံပေးမယ့် ပြည်တွင်း လုပ်ငန်းတွေဆီက လိုအပ်တဲ့ ပစ္စည်း ဝယ်တာ မျိုး လုပ်ပါမယ် ။ ဒါဟာ Tether ကို ယုံလို့ ဆိုတာထက် NUG ရဲ့ ရည်ရွယ်ချက်ကို အားပေးချင်လို့ပါ ။ ၃။ ကျွန်တော့်ဆီက ပစ္စည်း / ဝန်ဆောင်မှု တစ်ခုခု ကို ဝယ်ချင် သူတွေ ရှိရင်လည်း USDT နဲ့ ငွေချေချင်တယ် ဆိုရင် ( အဆင်ပြေအောင် စီစဉ်ပြီး ) လက်ခံပေးပါ့မယ် ။ ဒါလည်း အပေါ်မှာ ပြောခဲ့သလိုပဲ … Tether ကို ယုံလို့ ဆိုတာထက် NUG ရဲ့ ရည်ရွယ်ချက်ကို အားပေးချင်လို့ပါ ။ ( ကျွန်တော့် Personal အရဆို Tether ထက် USDC တို့ Gemini – GUSD တို့ကို ပို ယုံတယ် ။ Reserve / Audit ပို စနစ်ကျတယ်လို့ ယူဆလို့ပါ ။ )

စကစ ပြုသမျှ နု နေရတဲ့ ငွေကြေးစနစ် / ဘဏ်စနစ်ကနေ အတိုင်းအတာ တစ်ခုထိ ရုန်းထွက်ပြချင်တာဟာ NUG ရဲ့ အဓိက ရည်ရွယ်ချက် လို့ မြင်ပါတယ် ။ ဒါကြောင့် ၂ နဲ့ ၃ ကို ကျွန်တော် Risk ယူနိုင်တဲ့ အတိုင်းအတာ ပမာဏ တစ်ခု အထိ ဝင် ပူးပေါင်းပေးသွားမယ်လို့ ပြောတာပါ ။

သတိထားရမှာက လောလောဆယ် ကျွန်တော် ဘယ် Cryptocurrencies မှ ဝယ် မစုထားပါ ။ < ဈေးကစားတာမျိုး မဟုတ်တဲ့ ရေရှည် လုပ်ငန်းစဉ် ယုံကြည်မှုမျိုး ဦးစားပေးပြီးဝယ်မယ် … လို့ မကြာခဏ စဉ်းစားဖြစ်ပေမယ့် ကူသင့်သူတွေထဲက ကိုယ်လက်လှမ်းမီသူတွေကို ကူနိုင်သလောက် ကူရတာရယ် … နည်းလမ်း ၁ ရယ်နဲ့တင် တိုင်ပတ်နေလို့ပါ ။ > ဒီတော့ ( ဘယ် Cryptocurrency တွေ ဘယ်လောက် ဈေး တက်တက်-ကျကျ ကျွန်တော်က အနေသာကြီး ဖြစ်တဲ့အတွက် ) လောဘကင်းကင်း – အကျိုးအမြတ် မျှော်ကိုးမှု ကင်းကင်းနဲ့ ဝေဖန်နိုင်ပေမယ့် … လက်တွေ့ပိုင်းမှာတော့ အားနည်းနေပါလိမ့်မယ် ။ ဒါကြောင့် ကိုယ်တိုင် ဝယ်-ရောင်း-သုံး ရင်း လေ့လာ နေသူတွေရဲ့ စကားတွေကို ပါ အလေးထား လေ့လာသင့်ပါတယ် ။ ( ကိုယ် သွား လေ့လာမယ့် သူတွေဟာ လေ့လာမှုပိုင်း အားကောင်းသူတွေ ဖြစ်သင့်သလို သူတို့ ကိုယ်ကျိုးအတွက် ဦးစားပေးပြီး လူအများကို အသုံးချလိုသူတွေ မဟုတ်ဖို့တော့ လိုပါတယ် ။ Cryptocurrency လောက က သားကောင် ရှာနေသူ သိပ်များလို့ အတော် သတိထားပြီးမှ အကောင့်ဖွင့် – ငွေသွင်း – ရောင်း/ဝယ် သင့်ပါတယ် ။ Post တင်ကာစ က သွား လေ့လာသင့်တဲ့ လူတစ်ချို့ကို ညွှန်ပေးထားခဲ့ပေမယ့် သူတို့ လုံခြုံရေးအတွက် လိုရမယ်ရ ပြန် ဖြုတ်ထားလိုက်ပါတယ် ။ ) စာလည်း ရှည်နေပြီဆိုတော့ လောလောဆယ် ဒါပါပဲဗျာ ။ စေတနာဖြင့် #ကိုဇင်ဇေ#KnowlegeWarriors ဖြည့်စွက် ။ Cryptocurrency ဝယ်ချင်သူတွေအတွက် Binance Account ဖွင့်ဖို့ လင့် ချပေးသူတွေ အနေနဲ့ … Referral Link ပေးတာဆိုရင် Referral Link ဖြစ်ကြောင်း … ဒီလင့်ကနေ ဝင်ပြီး အကောင့်ဖွင့် – အရောင်းအဝယ် လုပ်ရင် Link ချပေးသူ မိမိ အနေနဲ့ % တစ်ခု အကျိုးခံစားခွင့် ရမှာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထည့်ကြေညာပေးထားစေချင်ပါတယ် ။ ယဉ်ကျေးမှု ကောင်း တစ်ရပ် တည်ဆောက်ပြီးသား ဖြစ်တာပေါ့ဗျာ ။ #MyanmarCryptocurrency#MyanmarUSDT

ကြေညာချက်ထွက်လာပြီး​နောက်ပိုင်း ဖြစ်​ပေါ်လာနိုင်တဲ့အ​ခြေအ​နေများ
Link : https://www.facebook.com/cryptocurrenydailymyanmar/posts/146203834424821

ကြေညာချက်ထွက်လာပြီး​နောက်ပိုင်း ဖြစ်​ပေါ်လာနိုင်တဲ့အ​ခြေအ​နေများ1️⃣ USDT ဟာ $ ပဲဖြစ်တဲ့အတွက် သမရိုးကျ $ ​​စျေးကွက်​က​နေ ​သွေဖယ်ပြီး​တော့ နိုင်ငံတွင်းမှာရှိတဲ့ စီပွား​ရေးအတွက် နိုင်ငံခြား​ငွေအ​ကောင့် ​တွေက လွဲရင် crypto $ ​စျေးကွက်တစ်ခုဟာ အရင်ကထက်ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ် 2️⃣ အရင်ကထက် USDT ​ပြောင်းကိုင်မဲ့လူများလာမှာမလို့ မြန်မာ​ငွေအထွက်များပြီး USDT နဲ့ $ ​စျေးကွက်မှာ မြန်မာကျပ်​ငွေတန်ဖိုး အချိန်တစ်ခုထိ ကျဆင်းပါလိမ့်မယ်3️⃣ ကိုယ့်မှာပိုင်တဲ့ $ က world wide သုံးလို့ရတဲ့ $ နဲ့တန်းတူဖြစ်သွားမှာဖြစ်တဲ့ အပြင် walletထဲက ကိုယ့်​ငွေအ​မောင့် ကို ကိုယ်ကိုယ်တိုင်ကလွဲရင် ဘယ်သူတစ်ဦးတစ်​ယောက်မှ ထိန်းချုပ်လို့မရတဲ့အတွက် ပိုပြီးလွတ်လပ်ပါမယ် ပိုပြီးလှုပ်ရှားလို့ရတဲ့အတွက် ပို riskများ၊ပိုတာဝန်ကြီးပါမယ် 4️⃣ နားလည်မှု အားနည်းတဲ့ အ​ခြေအ​နေကို အခွင့်​ကောင်းယူပြီး scam လုပ်မဲ့ လူ​တွေ ​ပေါ်လာနိုင်တာမလို့ ​သေချာတဲ့ ​နေရာ​တွေမှာပဲ ​ငွေး​ကြေးလဲလှယ်မှုကို လုပ်​စေချင်ပါတယ်5️⃣ crypto နဲ့ပက်သက်ပြီး လူ​​တွေကြားထဲ ပိုသိပိုကျယ်ပြန့်လာတာ ​ကောင်းတဲ့ အ​ရွေ့တစ်ခုလို့ ဆိုရ​ပေမဲ့ တစ်ဖက်က​နေ ဒီလို​ငွေ​ကြေးဖလှယ်တဲ့​နေရာ​တွေကို ​counter ပြန်လိုက်တာ​မျိုး​တွေ ကြုံ​လာမှာမလို့ ​ အခု internet ​တွေ ၂ဆ ​စျေးတက်သလို မြန်မာပြည်ရဲ့ ​ငွေ​ကြေးစီးဆင်းမှုမှာ အရင်ကထက် ပိုပြီး တင်းကျပ်လာတာမျိုး ဖြစ်လာမဲ့အတွက် ပိုပြီး သတိထားရပါမယ်6️⃣ facebook ban သလို CEX App တစ်ခုကို Ban လိုက်တာ ပိတ်ခံရတာ ​တွေ ဖြစ်လာနိုင်တဲ့အတွက် ​user ​တွေ အတွက် အခက်အခဲ ​တွေဖြစ်လာမှာမလို့ ဖြစ်နိုင်ရင် ရသ​လောက် DEX ​တွေကို ​ရွေ့ထား​စေချင်တယ် ဒါမှ DEX လမ်း​ကြောင်း​တွေက တဆင့် ကိုယ့်ရဲ့ ဒီဘက် ​​ငွေ​ကြေး လမ်း​ကြောင်း ပြန်လှုပ်ရှားလို့ရမှာဖြစ်ပါတယ် (​ရှေ့မှာ တရုတ်က ဥပမာရှိထားပြီးသားပါ၊ နဂိုထဲက အ​ဖေလုပ်သလိုသားက လိုက်လုပ်​နေတာမလို့ အခု crypto မှာလဲ တရုတ်ရဲ့ ​ပေါ်လစီ​ပေါ် ကူးချပြီး ဒီမှာ ​​လဲ တရုတ်လို ရှင်းတာမျိုး​တွေ ဖြစ်လာနိုင်တယ်)7️⃣ ဒီUSDT ကို လက်​တွေ့ဘဝမှာ ဘယိ​လောက်ထိ အသုံးဝင်လာမလဲ ​ပေါ်မူတည်ပြီး နိုင်ငံရဲ့ စီးပွား​ရေး အ​ခြေအ​နေ တစ်ချို့ ထိကို ရိုက်ခတ်မှု​တွေ ရှိလာနိုင်ပါတယ်8️⃣ ပိုတွင်ကျယ်လာ​​လေ​လေ Cash လက်ကြီးသမား​တွေရဲ့ USDT ​စျေးကစားမှု​တွေပို ဖြစ်လာနိုင်​​လေ​လေဒီအရာ​ပေါ်မှာ အရင်ဆုံး ​​သေချာလေ့လာပြီးမှ ထိ​တွေ့​စေချင်ပါတယ်ဘာဖြစ်လို့လဲဆို​တော့ Cryptocurency ဟာ မီးနဲ့တူလို့ပါကိုယ်ကိုင်တွယ် အသုံးချတတ်ရင် အသုံးချတတ်သလိုအကျိုးရှိမှာဖြစ်ပြီး​တော့မသုံးတတ်ရင်​တော့ ကိုယ်ပါ ပြန်ပြီးအပူ​လောင်တတ်ပါတယ်ဒီ​လောက်ဆို သ​​ဘော​ပေါက်မယ် ထင်ပါတယ်၊ ပိုပြီး လွတ်လပ်သွားတဲ့ အတွက် ပိုပြီး သတိရှိကြပါ ဒါပါပဲ

ဒီ အပေါ်က link တွေကတော့ အခြေခံဖတ်ထားသင့်တဲ့ Link တွေမို့ တစ်စုတစ်စည်းဖတ်လို့ရအောင် စုပေးလိုက်တာပါ။ နောက်ထပ် တွေ့ရင်လဲ ဒီ Post မှာပဲ ထပ် ပြီး Update လုပ်သွားမှာဖြစ်လို့ ဒီ Link ကိုပဲ မှတ်ထားပေးပါ။ (https://waiyanthwin.com/usdt-link-myanmar/)
တစ်ခု သတိထားရမှာက
Wallet အကောင့်တွေ ဖွင့်ရင် Refer လုပ်ကြပါတယ်။ Facebook ပေါ်မှာ အများစုက Refer လုပ်ထားတာကို ဖော်ပြလေ့မရှိသလို၊ တစ်ချို့ကတော့ ဖော်ပြလေ့ရှိပါတယ်။ တစ်ချို့ Refer တွေက မူရင်း အကောင့်ပိုင်ရှင်ပဲ benefit ရှိပြီး သူ့ပေးတဲ့ link ကနေ သွားရင် အကောင့်အသစ်ဖွင့်တဲ့သူက benefit မရှိတာမျိုးဖြစ်နိုင်ပါတယ်။ အဲတော့ Register လုပ်ဖို့ Link တွေတွေ့လို့ /ref= ဘာညာ တွေ့ရင်မူရင်း wallet အကောင့်ပိုင်ရှင်ရော မိမိရော benefit အကျိူးတူ ရနိုင်မယ့်ဟာမျိုးကိုပဲ လုပ်စေချင်ပါတယ်။
ခုဉပမာ အနေနဲ့ ဒီ လင့် (https://accounts.binance.com/en/register?ref=T6ARVXC1) ကနေသွားပြီး Binance Account ဖွင့်မယ်ဆိုရင် Trade လုပ်တာတို့ ဘာတို့ကို ကျနော်ရော ဒီကနေ register လုပ်ထားတဲ့ အကောင့်ပိုင်ရှင်ရောက 10% ဆီရမှာပါ။

မှတ်ချက်။ ကျနော်က လင့်က မသွားလဲရပါတယ်။ ဒီတိုင်း နှစ်ဉီးနှစ်ဖက် benefit ရှိတဲ့ Refer အကြောင်းကိုပြောပြရုံတင်ပါ

နောက်ဆုံး အကြံပေးချင်တာက မိမိ မကျွမ်းကျင် နားမလည်သေးတာကို အခွင့်ကောင်းယူမယ့်သူတွေ အများကြီးရှိနေနိုင်ပါတယ်။ ဒါကြောင့် သတိထားပြီး သေချာလေ့လာပြီးမှ USDT ဝယ်ယူတာတွေ အခြား Crypto ဝယ်ယူတာတွေလုပ်စေချင်ပါတယ်။

ဆရာ Ei Maung Website မှ Screenshot

နောက်ဆုံး အချိန်ပေးပြီး အေးအေးဆေးဆေးဖတ်စေချင်တာကတော့ ဆရာအိမောင်ရေးထားတဲ့ ဒီ အောက်က စာအုပ်လေးကိုလဲ ဖတ်စေချင်ပါတယ်။ PDF လဲ အခမဲ့ ပေးထားတာမို့ ဒီကနေ (https://eimaung.com/bitcoin/) Download သွားဆွဲလို့ရပါတယ်။ ကျနော်ကတော့ စာအုပ်အားပေးထားတယ်။ ဒါဆို ဒီ နည်းပညာတစ်ခုလုံးဘယ်လို အလုပ်လုပ်လဲ ဆိုတာ ပိုသဘောပေါက်သွားမှာပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။


Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles