MarTech သမားတွေ အဓိက သုံးရမယ့် Technology တစ်ခုကတော့  CDP (Customer Data Platform) ပါ။ ဒီနောက်ပိုင်း အရမ်းကောင်းတဲ့ processer တွေ ပေါ်လာသလို ဘယ်သူက ဘယ်သူထက် ဘယ်နှစ်ဆ ပိုမြန်မြန်တွက်ချက်နိုင်တယ်ဆိုတာတွေ ထည့်ကြေညာ ရလာတွေ မြင်ရမှာပါ။ ဟိုနေ့ကပဲ Snapdragon X Elite chip က Apple M3 Chip ထက် 28% ပိုမြန်ပါတယ်ဆိုတာ ပြောသွားပြီ။ အဲတော့ ကွန်ပျူတာတွေ စွမ်းရည်တွေ တိုးတက်လာတာနဲ့ အမျှ တွက်ချက်နိုင်တဲ့ စွမ်းရည်တွေလဲ တိုးလာကြပြီပေါ့။ M3 ကြီးဝယ်ပြီးတော့ calculator တော့ မသုံးနဲ့ပေါ့။ 

ထားပါ အဓိက ပြောချင်တာ CDP ပေါ့။ ကျနော်တို့ နဲ့ ရင်းနှီးနေတာက CRM ဆိုတာပဲရှိသေးတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာ CDP တွေသုံးကုန်ပြီ Marketing Activities တွေကို သေချာ ဂရုစိုက်နေကြပြီ။ 

Customer Data Platform (CDP) ရဲ့ အဓိက လုပ်ဆောင်ချက်က ဘာလဲပေါ့

(1) Data Collect လုပ်နိုင်တယ်

Customer တွေရဲ့ Browsing Behaviour တွေ၊ Demographic Information တွေ Purchase History တွေ စတာတွေကို စုစည်းလို့ရတဲ့ နေရာပေါ့။ အဲ Data တွေ ဘယ်ကရလဲဆိုတော့ Website တိို့၊ Email Platform တို့၊ CRM တို့ စသဖြင့်က နေ ရတယ်ပေါ့။ အဲဒါတွေကို CDP ထဲမှာ collect လုပ်ထားတဲ့သဘောပေါ့။

(2) Data Integration

Customer တွေက သိတဲ့အတိုင်းပဲ Facebook မှာ တစ်မျိုး၊ Instagram တစ်မျိုး လုပ်ကြတယ်လေ။ အဲတော့ မတူညီတဲ့ Platform က Data တွေကို ချိတ်ဆက်ပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်နိုင်တဲ့သဘောပဲ။ အဲတော့ Customer တွေရဲ့ up-to-date information တွေကို အချိတ်ဆက်မိမိဖြစ်နေမယ်ပေါ့။ ဉပမာ ပြောရရင် – လူကသာ Beach က ပြန်ရောက်နေတာကြာပြီ ခုထိ Beach မှာ ရိုက်တဲ့ပုံတွေက တင်လို့ မပြီးသေးတာမျိုးပေါ့။ ဒါဆိုရင် #TB နဲ့တင်တာလား တကယ်ရောက်နေတာလားပေါ့။

(3) Segmentation

CDP တွေက ရလာတဲ့  Data တွေကို ခွဲခြမ်းစိတ်ဖျာလိုက်တယ် ပြီးမှ အုပ်စု(၁)၊ အုပ်စု(၂) စသဖြင့် ခွဲလိုက်တဲ့ သဘောပါပဲ။ ဒါမှလဲ ခွဲလိုက်တဲ့ အုပ်စု လိုက်ပေါ်မူတည်ပြီး Marketer တွေကလဲ Personalize Marketing Activies တွေ Plan တွေ ခွဲလို့ရမှာကို။ ပြောရရင်ဗျာ  ဖိနပ် စီးတဲ့ သူပဲ ဒါပေမဲ့ အလှစီးတာလား၊ အကြမ်းပတမ်းစီးတာလား ၊ အမျိုးသမီးတွေဆိုရင် ဖိနပ် Crazy တွေရှိတယ် တစ်နေ့ တစ်ရံ မထပ်အောင်စီးတဲ့သူမျိုး အဲတော့ အဲလို အမျိုးအစားပေါ်လိုက်ပြီ ဘာကြေငြာ ဘာ Content ပြလို့ရမလဲ ပေါ့။

(4) Real-Time Processing

သေချာတာပေါ့ အပေါ်က အချက်တွေကို အချိန်နဲ့ တပြေးညီ collect လုပ်မယ်၊ ခွဲခြမ်းနိုင်ရမယ်။ ဒါမှလဲ Real Time Marketing Activies တွေ လုပ်နိုင်မှာ။ လူစိတ်ဆိုတာ သိတယ်မလား ခုပဲ ဝယ်မယ်၊ ခုပဲ မဝယ်ဘူးဖြစ်နေတက်တာလေ၊ ဝယ်အုံးမယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ ရောင်းလိုက်ရဖို့ အရေးကြီးတာမလား? အပေါ်က ပြောခဲ့သလို chip တွေလဲ ကောင်းလာတော့ Platform တွေကလဲ တွက်ချက်မှုတွေ ကောင်းလာပြီလေ။

ဒီနေ့ modern ခေတ်က CRM နဲ့ ရပ်မနေပဲ CDP တွေသုံးလာကြပြီ သူတို့ Benefit ကလဲ မသေးဘူးလေ

(1) Personalization

အပေါ်က ဉပမာတွေထဲမှာလဲ ပါပြီးသားပါ။ Customer ဆိုတာ personalization အရမ်းကြိုက်တာ၊ မိန်းကလေးတွေဆိုသိတယ် အလှကုန်ပစ္စည်းဝယ်ရင် ဘေးက counter က မမတွေက “ဒါလေးက ညီမလေးလို အသားရေ နဲ့ဆို ကွက်တိပဲ သူ့မှာ ပါဝင်တဲ့ ဗလာဗလာတွေက လင်းလက် အုဖက် ဖြစ်မှာ” လို့ ပြောလိုက်တာနဲ့ ဝယ်သူကလဲ “ဟုတ်လား ဒါလေးယူမယ်နော် အမ” ဖြစ်သွားရော ၊ ဒါ Personalization ပေါ့။ ခုခေတ်ကတော့ Digital Marketing နဲ့ လုပ်နေကြတာပေါ့

(2) Business Decision

ဒီခေတ်က Data ရှိတဲ့သူ က ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မယ့်ခေတ်လေ။ ဒါကြောင့်လဲ Marketing နဲ့ Technology က သွားပြန်တွဲနေတာ။ အဲတော့ CDP ရဲ့ Data အချက်အလက်ပေါ်မူတည်ပြီး ကိုယ်က နွားနို့ ထုတ်တဲ့ company ဆိုရင် “သြော် ငါ audience က ဒီလို အခြေအနေရှိပါလား ဒါဆို စတော်ဘယ်ရီ နို့ လေး ထုတ်လိုက်ရင်တော့ ကြိုက်နိုင်တယ်” ဆိုတာမျိုးတွေ ကနေ ဟိုး ရင်းနှီးမြုံနှံ့ရမလား ရပ်ရမလား ကိစ္စတွေအထိပါ ဆုံးဖြတ်နိုင်တယ်

ဒီထက် Benefit တွေ တော့ အများကြီးရှိပါတယ် စာရှည်မှာစိုးလို့ အချုပ် ပြောရရင်တော့ ကျနော်တို့လဲ CDP  တွေသုံးသင့်သလို Data တွေစုသင့်နေပါပြီ။ Boost လေး $50 ဖိုး လုပ်လိုက် အငွေ့ပြန်သွားလိုက် ခေတ်က ကုန်နေပါပြီ။ အဲတော့ စီးပွားရေးသမားတွေ လဲ ရေရှည် ကိုတွေးပါ ခုသုံး ခုရောင်းရတာလေးတွေနဲ့ ပျော်မနေသင့်ပါဘူး။ အလုံးအရင်းနဲ့ ဝင်လာရင် ကိုယ့်ဆီ ဘာမှ မရှိထားရင် ဘာ customer retention မှ တက်မှာ မဟုတ်ဘူးဆိုတာ ပြောရင် ဒီ Post လေးကိုရပ်လိုက်ပါရစေ။

Wai Yan Thwin

MarTech Blogger

About the Author

This is waiyanthwin’s blog and you can read about Digital-Technology-Business-Personal Topics. I’m working at the Digital/Information Technology/Business industry and I love to share some my experience & knowledge via this blog.

View Articles