Two Step Verification အကြောင်းမပြောခင် စိတ်ကူးယဉ် ကြည့်ရအောင်။ မြန်မာနိုင်ငံကြီး အရမ်းဖွံ့ဖြိုးလာနေပြီ။ Mobile ဖုန်းကနေ ငွေပေးချေစနစ်တွေ၊ Credit Card တွေ၊ ပိုက်ဆံအိတ် သယ်စရာ ကို မလိုပဲ သွားလာနိုင်နေတဲ့ ခေတ်ရောက်နေပြီပေါ့။ အဲမှာ ကိုယ့် ဘဏ်မှာ လျှောက်ထားတဲ့ ကဒ်တွေ ကလဲ ကိုယ့်ရဲ့ အလကားရတဲ့ Gmail နဲ့ ချိတ်ထားတယ်ပေါ့။ လူတစ်ယောက်က မတော်တဆ ဒါမှ မဟုတ် ကိုယ့် Password က မှန်းရလွယ်တဲ့ “ရည်းစားနာမည်” “ကိုယ့်ဖုန်းနံပါတ်” “ကိုယ့်အိမ်နံပါတ်” ပဲ ထားထားတာကို သိပြီး ကိုယ့်အကောင့်ကို တစ်နေရာကနေ လှမ်းယူဖို့ကြိုးစားနေတယ်ပေါ့။ အဲမှာ မှန်းချက်နဲ့ ကွက်တိဖြစ်ပြီး အကောင့် Login ရသွားတယ်။ ဒါက တစ်ပိုင်း။

နောက်တစ်ပိုင်းက အဲလိုပဲ မှန်းချက်နဲ့ ကွက်တိဖြစ်ပြီး Login ရမလိုဖြစ်တဲ့ ချိန်မှာ စာတမ်းကြီးတပ်လာတယ်။ “Enter the 6 Digit Code” ဆိုပြီးတော့ပေါ့။ အဲဒါ two step verification လို့ ခေါ်သလို Two Factor Authentication လို့လဲ ခေါ်တဲ့ဟာပေါ့ဗျာ။
အဲတော့ ခိုးယူဖို့ ကြိုးစားတဲ့သူ ခေါင်းကုတ်သွားတယ်ပေါ့။ ဒီတစ်ဆင့်ကို ခန့်မှန်းရလဲ ခက်ပြီလေ။ 6 Digital Code က အချိန်တိုင်း ပြောင်းလဲနေတာဆိုတော့ သူဘယ်လိုမှ မခန့်မှန်းနိုင်ဘူးပေါ့။
Two Step Verification or Two Step Authentication?
လွယ်လွယ်ပြောရရင် Multi Factor လို့ခေါ်ပါတယ်။ အဆင့်တစ်ဆင့်ထဲကို စစ်ဆေးတာ မဟုတ်ပဲ တစ်ဆင့်ထက်ပိုပြီး စစ်ဆေးတာပေါ့။ နာမည် တူနေတယ် ဆိုရင် အဖေနာမည်နဲ့တိုက်စစ်တာ (သို့) အိမ်လိပ်စာ နဲ့တိုက်စစ်တာမျိုးပေါ့။ ခုလဲ ကိုယ့် Password ရသွားသည့်တိုင် ကိုယ့်ဖုန်းထဲ SMS ပို့ပေးတဲ့ Code (သို့) Autheniticator လို့ခေါ်တဲ့ Application ကနေ ပြောင်းလဲနေတဲ့ Code ကို မရမရခြင်း ကိုယ့် Gmail , Facebook အကောင့်မှန်သမ ျှ မရနိုင်ပါဘူး။

ကိုယ့်ရဲ့ ဘယ်နေရာတွေမှာ Two Step Verification ရှိသင့်လဲ ?
- Email (ဒါက အရေးကြီးဆုံးပါ ဒီကနေ အကုန်လုံးကို rest password ပြန်ချလို့ရနိုင်သလို၊ ဒီကောင်က ဘယ်နေရာမှာ Register လုပ်လုပ် ထည့်ပေးနေရတဲ့ အကောင့်တစ်ခုပါ)
- Online Banking (ဘဏ်တွေမှာတော့ OTP – One Time Password ဆိုတဲ့ Device လေးတွေ ထုတ်ပေးတာတွေ့ရပါတယ် မရှိရင် Settings တွေထဲမှာ တစ်ခါတည်းထည့်ထားသင့်ပါတယ်)
- Social Network (FacebookFacebook ဆိုတာ Meta က ထုတ်လုပ်ထားတဲ့ Social Networking Site တစ်ခုပါ။ ပထမတော့ ကောလိပ်ကျောင်းသားတွေ အတွက် ဖန်တီးထားတာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ Mark Zuckerberg က Harvard University မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ More, Instagram, ဒါတွေက ပြောစရာလိုမယ်မထင်ပါ)
- Online Shopping ( Amazon, Alibaba, Paypal )
- Online Cloud Storage (iCloud, Dropbox, Google Drive)
Comments